VL.png The World-Wide Web Virtual Library
[WWW VL database || WWW VL search]
donations.gif asia-wwwvl.gif

Online Burma/Myanmar Library

Full-Text Search | Database Search | What's New | Alphabetical List of Subjects | Main Library | Reading Room | Burma Press Summary

Home > Reading Room > News - Private sector publications produced under censorship restrictions > Weekly magazines > "Weekly Eleven" > "Weekly Eleven" (Burmese) 2011/ မြန်မာဘာသာ

Order links by: Reverse Date Title

"Weekly Eleven" (Burmese) 2011/ မြန်မာဘာသာ

Individual Documents

Title: "Weekly Eleven" (Burmese)- Vol. 7 - No. 13- December- 28, 2011/ "Weekly Eleven မြန်မာဘာသာ၊အတွဲ ၇- အမှတ် ၁၃- ဒီဇင်ဘာ ၂၈ - ၂၀၁၁
Date of publication: 28 December 2011
Description/subject: လာမည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့နှင့် မြန်မာ နှစ်ဆန်း တစ်ရက်နေ့များတွင် နိုင်ငံတော် သမ္မ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများ ထပ်မံ လွှတ်ပေးသွားရန် အစီအစဉ် ရှိကြောင်း သိရ... စာနယ်ဇင်း လွတ်လပ်ခွင့် မရှိပါက ဒီမိုကရေစီ မရှိနိုင်ဟု ဆိုနိုင်ကြောင်း ပြည်သူ့ လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှု ကော်မတီ ဥက္ကဋ္ဌပြောကြား... မီဒီယား ဥပဒေပြဋ္ဌာန်းနိုင်ရန် အတွက် မီဒီယာများ၏ ဝေဖန်အကြံပြုချက် များရယူပြီး လွှတ်တော် သို့ တင်ပြသွားမည်ဟု ဆို... ထားဝယ်စီမံကိန်းတွင် ပါဝင်မည့် ကျောက်မီးသွေး သုံး ဓါတ်အားပေးစက်ရုံမှ ကာဗွန်ထုတ်လွှတ်မှု တနှစ်လျှင် တန်သန်း ၃၀ ရှိနိုင်ပြီး ထိုင်း တစ်နိုင်ငံလုံး ထုတ်လွှတ်မှု၏ ထက်ဝက်ခန့်ရှိလာမည်... ယခင် ရန်ကုန်ဘူတာကြီး စီမံကိန်းလုပ်ရန်လျာထားသည့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ မြေကွက် အချို့ ဈေးနှုန်း များ ၁၀ ဆ နီးပါး မြင့်တက်... မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်ထားသော အပ်ငွေ၊ ချေးငွေ ဘဏ်တိုးနှုန်း ကို ၂ ရာခိုင်နှုန်းစီ လျှော့ချ... အခြေခံ လူတန်းစားများနှင့် လူလတ်တန်းစားများအား ဦးတည်၍ ငွေကျပ် တစ်သိန်းမှ ငါးသိန်းအထိ အပ်နှံငွေများကို အကာအကွယ်ပေးမည့် အပ်ငွေ အာမခံ စနစ် ပုဂ္ဂလိကဘဏ် ငါးဘဏ် စတင်ထားရှိ...
Language: Burmese/ မြန်မာဘာသာ
Source/publisher: Eleven Media Group
Format/size: pdf (3.66MB)
Date of entry/update: 19 January 2012


Title: "Weekly Eleven" (Burmese), Vol.7- No.12 - December- 21, 2011/ "Weekly Eleven မြန်မာဘာသာ၊အတွဲ ၇- အမှတ် ၁၂- ဒီဇင်ဘာ ၂၁ - ၂၀၁၁
Date of publication: 21 December 2011
Description/subject: မြန်မာကျပ်ငွေ တန်ဖိုး မြင့်တက်မှုကြောင့် စီးပွားရေး ပတ်ဝန်းကျင် တစ်ခုလုံး ထိခိုက်စေသည့် အတွက် ဗဟိုဘဏ်မှ ကိုက်တွယ် ဖြေရှင်းပေးရန် ဟားဗတ် ပညာရှင် အဖွဲ့ တိုက်တွန်း ... ထားဝယ် စီမံကိန်းတွင် မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံနှင့် ရေနံ ဓါတု အခြေပြု လုပ်ငန်းများပါဝင်မည်ဖြစ်၍ ဒေသခံများ၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် အပေါ် သက်ရောက်နိုင်ခြေရှိနေ... ပုဂံ ရှေးဟောင်း ဒေသအတွင်းသို့ ပြည်ပခရီးသွား ၀င်ရောက်မှု သုံးနှစ်ကာလအတွင်း စံချိန်မြင့်တက်၊ ယဉ်ကျေး မှုနှင့် မကိုက်ညီသည့် ညစာစားပွဲ များနှင့် ပါတီပွဲများ ပြုလုပ်ခြင်း စစ်ဆေးသွားမည်... ရန်ကုန်မြို့တော်ကို ပြုပြင်မည့် နှစ် ၃၀ စီမံကိန်းရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် တိုးပွားမည့် လူဦးရေ အတွက် လိုအပ်လာပါက မြို့တော် နယ်နိမိတ်အား ချဲ့ထွင် နိုင်ရေး စဉ်းစားသင့်ကြောင်း ဆွေးနွေး... လိမ်လည်မှု၊ အလွဲ သုံးစားမှု၊ ခိုးမှုနှင့် လူပျောက်တိုင်တန်းသည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွား... ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများအတွင် ပင်လယ်ရေ များရောထားကြောင်း စစ်ဆေးတွေ့ရှိ၊ ရန်ကုန်ဆိပ်ကမ်းသို့ မဆိုက်ကပ်မီ ပင်လယ်ဝတွင် ရပ်နားထားစဉ် သင်္ဘော မှ မိမိ တင်လာသည့် ဆီကို ပြန်ခိုးကာ ရေပြန်ရောခြင်းဖြစ်...
Language: Burmese/ မြန်မာဘာသာ
Source/publisher: Eleven Media Group
Format/size: pdf (4.21MB)
Date of entry/update: 19 January 2012


Title: "Weekly Eleven" (Burmese),Vol. 7- No.11- December- 14, 2011/ "Weekly Eleven မြန်မာဘာသာ၊အတွဲ ၇- အမှတ် ၁၁- ဒီဇင်ဘာ ၁၄ - ၂၀၁၁
Date of publication: 14 December 2011
Description/subject: ဥပဒေများ ပီပြင်မှ လွှတ်တော် လုပ်ငန်းတာဝန်များ ပီပြင် စွာဆောင်ရွက်နိုင် မည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းပြောကြား... ရန်ကုန်မြို့တွင်းလမ်းများ၊ ခုံးကျော်များကို B.O.T စနစ်ဖြင့် လမ်းအ သုံးပြု ခ ကောက်ခံမည်ဆိုသော ထွက်ပေါ်နေသည့် သတင်းများ အပေါ် လူအများ သဘော မတူ... ကားတင်သွင်း သူများအတွက် အကောက်ခွန်ဌာနအားဖြတ်သန်းရခြင်းမှာ အခက်ခဲဆုံးအပိုင်းဟာ တင်သွင်းသူများ ပြောကြား... အချိုမှုန့်၊ အချိုရည်မျိုးစုံ အပါအ၀င် တရားဝင်တင်သွင်းမှု ကန့်သတ်ထားသော ကုန်ပစ္စည်း ငါးမျိုးအား တရားဝင်သွင်းခွင့်ပြု... ကမ္ဘာ တစ်ဝန်း သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်သော WWF၊ IUCN အပါအ၀င် အဖွဲ့အစည်း အချို့ မြန်မာနိုင်ငံ သို့ ၀င်လာရန်ရှိနေ...
Language: Burmese/ မြန်မာဘာသာ
Source/publisher: Eleven Media Group
Format/size: pdf (3.87MB)
Date of entry/update: 19 January 2012


Title: "Weekly Eleven" (Burmese), Vol. 7- No. 10- December- 07, 2011/ "Weekly Eleven မြန်မာဘာသာ၊အတွဲ ၇- အမှတ် ၁၀- ဒီဇင်ဘာ ၇ - ၂၀၁၁
Date of publication: 07 December 2011
Description/subject: အာရှ ပစိဖိတ်ဒေသအား အဓိက အာရုံစိုက်တော့မည်... အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံ သည် အာရှ- ပစိဖိတ်ဒေသ၌ အင်အားကြီး တစ်ခု အဖြစ် ဖြစ်ထွန်းရန် အခွင့်အရေး ရှိနေကြောင်း ပြောကြား... နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ လည်း မြန်မာနိုင်ငံ၏ အပြောင်းအလဲများသည် မည်သည့် အခါမှ နောက်ပြန်လှည့်မည် မဟုတ်ကြောင်း ကတိပြု ... ၎င်းခရီးစဉ်သည် နှစ်နိုင်ငံ လုံး အထူး သဖြင့် မြန်မာပြည်သူများအတွက် အကျိုးရှိသော ခရီးစဉ် အဖြစ် အများစု ရှုမြင်... လက်ရှိတရားစီရင်ရေး စနစ်ဖြင့် ဒီမိုကရေစီဖေါ်ဆောင်ရန်ခက်ခဲနိုင်... ဇောတိက သဘာဝ ဓါတ်ငွေ့စီမံကိန်းမှ သဘာဝဓါတ်ငွေ့ပိုက်လိုင်းအား ထားဝယ်မှာ ထိုင်းနိုင်ငံ ကန်ချန ဘူရီခရိုင်သို့ သွယ်တန်းကာ တစ်နေ့လျှင် ဓါတ်ငွေ့ ကုဗပေ သန်းပေါင်း ၂၄၅ သန်းခန်း ထိုင်းနိုင်ငံ သို့ ရောင်းချမည် ကုဗပေ ၆၀ သန်းခန့်ကို ပြည်တွင်း သုံးအတွက် ပို့လွှတ်သွားမည်ဟု သိရ... လာမည့် ငါးနှစ် အတွင်း ရန်ကုန် တစ်ဝိုက်တွင် မြှုပ်နှံမည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများအရ လူဦးရေ ၃ ဒသမ ၈ သန်းအား အလုပ်ပေးနိုင်မည့် အနေအထားရှိ... စက်မှု ဇုန်များ တည်ထောင် မြှုပ်နှံရန် ကိုရီးယား၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ နိုင်ငံများမှ MIC သို့ လာရော တင်ပြထား... နိုင်ငံသားများ မြှုပ်နှံမှု နှစ်နှစ်ကျော် ကာလအတွင်း ကျပ် ဘီလျံ ၁၃၀၀ ထပ်တိုးလာ... တည်ဆောက်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် စွမ်းအင် လုပ်ငန်းများတွင် အလုံးအရင်းဖြင့် မြှုပ်နှံထားသော်လည်း အိုးအိမ်နှင့် စိုက်ပျိုးရေး ကဏ္ဍတွင် ငါးနှစ် ဆက်တိုက် လုံးဝမြှုပ်နှံမှု မပြုခဲ့ကြ...
Language: Burmese/ မြန်မာဘာသာ
Source/publisher: Eleven Media Group
Format/size: pdf (3.27MB)
Date of entry/update: 19 January 2012


Title: "Weekly Eleven" (Burmese),Vol. 7- No. 9- November 30, 2011/ "Weekly Eleven မြန်မာဘာသာ၊အတွဲ ၇- အမှတ် ၉- နိုဝင်ဘာ ၃၀ - ၂၀၁၁
Date of publication: 30 November 2011
Description/subject: အများပြည်သူက ရွှေ့ပြောင်းဖယ်ရှား ပေးလိုခြင်း မရှိသည့်နေရာများတါင် မြေငှားရမ်း၍ ရင်းနှီးမြှုပ်နှံခွင့် မရှိစေရဟု ပြည်ထောင်စု အစိုးရ အဖွဲ့ ထုတ်ပြန်... ကြားဖြတ်ရွေးကောက်ပွဲကို နောက်လာမည့် သုံးလအတွင် ပြုလုပ်နိုင်ဖွယ် မရှိသေးကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ပြောကြား... ကျန်းမာရေး ၀န်ဆောင်မှု အရည်အသွေး တိုး မြှင့်ပေးရန် ယခုထက် လိုအပ်နေ အခြားနိုင်ငံများနှင့် ပူးပေါင်း၍ ပုဂ္ဂလိက ဆေးရုံ ထူထောင် နိုင်ပါက ဆေးပညာလောကတွင် တိုးတက်မှု ဖြစ်နိုင်ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌပြောကြား... ကွန်ဒို ဥပဒေ ပေါ်ထွက်လာပါက တိုက်ခန်းအပေါင်ထား၍ ဘဏ်မှ ငွေချေးယူခြင်း အား ခွင့်ပြုမည်... တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်သည့် မင်းမဲ့စရိုက်ဆန်ဆန် လူသိထင်ရှားမှုခင်း ဖြစ်စဉ်များ ရန်ကုန်မြို့တွင် ဖြစ်ပွားလာ... အများပြည်သူ အာရုံစိုက်နေသည့် အမှု ဖြစ်စဉ်များ အပေါ် မီဒီယာများ မှ တဆင့် အသိပေးထုတ်ပြန်သင့်... အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ နိုင်ငံရေး ပါတီ တည်ထောင်လိုကြောင်း လျှောက်ထားခြင်းအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် လက်ခံ...
Language: Burmese/ မြန်မာဘာသာ
Source/publisher: Eleven Media Group
Format/size: pdf (3.65MB)
Date of entry/update: 19 January 2012


Title: "Weekly Eleven" (Burmese)Vol 7- No 8, November 16, 2011/ "Weekly Eleven မြန်မာဘာသာ- အတွဲ ၇- အမှတ် ၈၊ နိုဝင်ဘာ ၁၆ - ၂၀၁၁
Date of publication: 16 November 2011
Description/subject: ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာ မြန်မာနိုင်ငံ ရယူမည့် ကိစ္စရပ်ကို အာဆီယံ ခေါင်းဆောင်များ သဘောတူ... အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် အညီ မှတ်ပုံတင်၍ နောင်လာမည့် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်မည်... နှစ် ၅၀ ကျော်အတွင်း ပထမဆုံး အကြိမ် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးတစ်ဦး၏ မြန်မာခရီးစဉ်အဖြစ် ဟီလာရီကလင်တန် လာရောက်မည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ပြောဆို အပြီးတွင် ဟီလာရီကို စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အိုဘားမားပြောကြား... ကား အသစ်တွေ အတွက် လမ်း အသစ်တွေ အဆင်သင့်မဖြစ်သေး... ပုဂ္ဂလက ဘဏ် အချို့ ရွှေပေါင်ထား၍ ငွေချေးပေးခြင်း၊ မိမိအပ်ငွေကို အပေါင်ထား၍ ငွေပြန်ချေးယူခြင်း နှင့် တိုက်ခန်းဝယ်ယူမှုများအတွက် အငှား ၀ယ်ယူစနစ်ကို အချိန် တစ်နှစ်ပေး၍ လက်ခံ...
Language: Burmese/ မြန်မာဘာသာ
Source/publisher: Eleven Media Group
Format/size: pdf (3.93MB)
Date of entry/update: 19 January 2012


Title: "Weekly Eleven" (Burmese)Vol 7- No7, November 16, 2011/ "Weekly Eleven မြန်မာဘာသာ- အတွဲ ၇ - အမှတ် ၇၊ နိုဝင်ဘာ ၁၆ - ၂၀၁၁
Date of publication: 16 November 2011
Description/subject: ပြုပြင်ပြောင်းလဲမှုများပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်လာနိုင်ပါက မြန်မာနိုင်ငံအား မိတ်ဖက်နိုင်ငံ အဖြစ် လက်တွဲရန် အသင့် ဖြစ်နေပြီဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ပြောကြား... (၁၉) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲ အင်ဒိုနီးရှား နိုင်ငံ ဘာလီမြို့တွင် နိုဝင်ဘာ လ ၁၇ ရက်မှ စ၍ ကျင်းပမည်၊ ၂၀၁၄ တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံမှာ ဆောင်ရွက်နိုင်ရေး ဆွေးနွေးကြမည်.... ငွေလဲနှုန်း တစ်မျိုးတည်း ပေါင်းစည်းရေး အတွက် ပို့ကုန်ရငွေ (Earning) စနစ် ပယ်ဖျက်ရန် ပြင်ဆင်နေ... ပြည်တွင်းရှိ ပုဂ္ဂ လိကဘဏ်များ ဘဏ် အပ်ငွေအား အကန့် အသတ်မထားပဲ လက်ခံနိုင်ပြီ... လာမည့် ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေး နှစ်တွင် ရန်ကုန်မြို့၌ ရေပေးဝေရန်နှင့် ရေသန့်ရှင်းမှု ဆိုင်ရာ လုပ်ငန်း (မိလ္လာ စနစ်) များအတွက် ငွေကျပ် သိန်းပေင်း ၅၀၀၀၀ သုံးစွဲမည် ဟု ထုတ်ပြန်... ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင် ပင်လယ်ကူး သင်္ဘောသားများ ထံမှ အခွန်ငွေ အမေရိကန်ဒေါ်လာ ၂၄ သန်းကျော်ရရှိ... ပြည်ပမှ စားအုန်းဆီ တင်သွင်းလိုသူတိုင်းအား တင်သွင်းခွင့်ပြုနေပြီး CP 8 ၊ အိုင်အိုဒင်း ၅၈ ကိုသာ တင်သွင်းခွင့်ပြု... စတုတ္ထအကြိမ် မြန်မာနိုင်ငံ လယ်ယာသန်းခေါင်စာရင်း အတွက် အိမ်ထောင်စုပေါင်း ငါးသိန်းကျော်အား မေးခွန်းလွှာပေါင်း ၁ ဒသမ ၅၇ မီလျံကောက်ယူ... စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေး အရည် အသွေးနှင့် ပတ်သက်၍ မှတ်ပုံတင်ရန်လျှောက်ထားသော နမူနာများ သာမက ဈေးကွက် အတွင်းမှပါ ရယူစစ်ဆေးနေ... တရားမဝင် ငါးဖမ်းသင်္ဘောများ ကိုစောင့်ကြည့်နိုင်သည့် VMS စနစ်အား ငါးဖမ်းသင်္ဘော ၁၅ဝဝ ကျော်၌ စမ်းသပ်အသုံးပြုမည်...
Language: Burmese/ မြန်မာဘာသာ
Source/publisher: Eleven Media Group
Format/size: pdf (4.30MB)
Date of entry/update: 19 January 2012


Title: "Weekly Eleven" (Burmese)Vol 7- No 6, November 9, 2011/ "Weekly Eleven မြန်မာဘာသာ- အတွဲ ၇ - အမှတ် ၆၊ နိုဝင်ဘာ ၉ - ၂၀၁၁
Date of publication: 09 November 2011
Description/subject: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဒဲရက် ပစ်ချဲလ် တို့ နေပြည်တော်၌ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး နှင့် မြန်မာ- အမေရိကန် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များ ဆွေးနွေးခဲ့... မြန်မာနိုင်ငံတွင် ကျယ်ပြန့်ပြီး အဓိပ္ပါယ် ပြည့်ဝသည့် အသွင် ကူးပြောင်းရေးကို ဆက်လက် ဆောင်ရွက် သွားမည် ဟု မျှော်လင့်ကြောင်း နှင့် အမေရိကန်က အရေးပါသော အခန်ကဏ္ဍမှ ပါဝင်နိုင်ရန်မျှော်လင့် ဟု အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ပြောကြား... ခရီးသည်တင်ကားများ ခေါက်ရေ ပြည့်မီရေး အတွက် အပြိုင် အဆိုင် အလုအယက်မောင်းနှင်လာမှုကြောင့် ဖြစ်ပွားရသည့် ယာတိုက်မှုမှာ ယခင်ထက်ပိုမိုများပြားလာ... ၂၀၁၃ ခုနှစ်တွင် နိုင်ငံ တကာ အကြွေးဝယ်ကဒ် လုပ်ငန်းများဖြစ်သော ဗီဇာကတ်နှင့် မာစတာကတ်များ မြန်မာနိုင်ငံတွင် အသုံးပြုနိုင်မည် မြန်မာဘဏ်များ မှ ထုတ်သော အကြွေးဝယ်ကတ်များကိုလည်း နိုင်ငံတကာတွင် အသုံးပြုနိုင်ရန် ပြင်ဆင်နေဟု သိရ... မြန်မာနိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်မှု၏ ကုန်ကျစရိတ်မှ ၈၅ ရာခိုင်နှုန်းခန့်ကို လူထုမှ ကုန်ကျခံနေပြီး အစိုးရမှ ၁၀ ရာခိုင်နှုန်းကျော် ကျခံထားကြောင်း သိရ... ရန်ကုန်မြို့ တွင်း ခြောက်မြို့နယ် ရှိ လူသွားစင်္ကြံများပေါ်တွင် လူသွားလာမှုကို အနှောင့် အယှက် ဖြစ်စေသော မည်သည့် ကြော်ငြာ ဆိုင်းဘုတ်ကိုမျှ စိုက်ထူခွင့် မပြုတော့... နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ... ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူး အကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံ... တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဒဲရက်မစ်ချဲလ်တို့ နေပြည်တော်တွင် တွေ့ဆုံ...
Language: Burmese/ မြန်မာဘာသာ
Source/publisher: Eleven Media Group
Format/size: pdf (3.69MB)
Date of entry/update: 19 January 2012


Title: "Weekly Eleven" (Burmese)Vol 7- No 5, November 2, 2011/ "Weekly Eleven မြန်မာဘာသာ- အတွဲ ၇ - အမှတ် ၅၊ နိုဝင်ဘာ ၂ - ၂၀၁၁
Date of publication: 02 November 2011
Description/subject: ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင် မြင့်ဦးနှင့် တရုတ်ဝန်ကြီးချုပ်တို့ မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက် ရေး ကိစ္စများဆွေးနွေး မြစ်ဆုံ စီမံကိန်းနှင့် ပါတ်သက်သော ကွဲလွဲချက်များက နှစ်နိုင်ငံ ဆက်ဆံရေး ကို မထိခိုက်စေနိုင်ကြောင်း တရုတ်မီဒီယာများဖေါ်ပြ... မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီတွင် ဂျပန်၊ ကိုရီးယား၊ တရုတ်လုပ်ငန်းရှင်များ လာရောက်ဆွေးနွေးနေ ရင်နှီး မြှုပ်နှံမှုများနှင့် အတူ အလုပ် အကိုင် အခွင့်အလမ်းများ ရှိလာမည်ဖြစ်၍ အများပြည်သူဘက်မှ ကျွမ်းကျင်လုပ်သာ အဖြစ် ပြင်ဆင်ထားရန်သာ လိုအပ်ဟု MIC ဥက္ကဋ္ဌ ပြောကြား... ရန်ကုန်မြို့ ပုဇွန်တောင် ချောင်းအတွင်း ငါးအစုအပြုံ လိုက်သေ ဆုံး၊ မျောပါ မှု ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာ ရေ အရည်အသွေးနှင့် သေဆုံးသည့် ငါး နမူနာ ကောက်ယူ စစ်ဆေးနေ... လယ်ယာမြေ အငြင်း ပွားမှု၊ တရား ဥပဒေကြောင်း အရ သိမ်းဆည်း ခံနေရမှုများ အတွက် အလွှတ်တော် တွင် တင်သွင်းခဲ့ သည့် လယ်ယာမြေ ဥပဒေကြမ်း ပါ အခွင့်အရေးများကို ရရှိခံစားနိုင်ရန် တောင်သူများ မျှော်လင့်နေ... လူ့အသက်အတွက် အထူးအရေး ပါ၍ ဆေးဝါး အသစ် ထုတ်လုပ်မည့် စက်ရုံများအား မြှုပ်နှံခွင့် မပြု၊ Under License ဆေးဝါးများကို ထုတ်လုပ်ပေးမည့် စက်ရုံများသာ ရင်းနှီးမြှုပ်နှံခွင့် ပြုမည်... မော်လမြိုင် ဆိပ်ကမ်းမှ မလေးရှားနိုင်ငံ ပီနန်နှင့် ကွာလာလမ်ပူ ဆိပ်ကမ်းများသို့ ကမ်းရိုးတမ်းသွား သင်္ဘော များ ပြေးဆွဲနိုင်ရန် စီစဉ်... အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr.Marty Natalegawa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံ သို့ လာရောက်ခဲ့... ပုဂ္ဂလိကဘဏ်များ နိုင်ငံခြားဘဏ်လုပ်ငန်းကို ၂ဝ၁၂ နှစ်ဆန်းပိုင်းတွင် စတင်ဝန်ဆောင်မှုပေးနိုင်ရန်ပြင်ဆင်နေ...
Source/publisher: Eleven Media Group
Format/size: pdf (3.63MB)
Date of entry/update: 19 January 2012


Title: "Weekly Eleven" (Burmese)Vol 7- No 4, October 26, 2011/ "Weekly Eleven မြန်မာဘာသာ- အတွဲ ၇ - အမှတ် ၄၊ အောက်တိုဘာ ၂၆ - ၂၀၁၁
Date of publication: 26 October 2011
Description/subject: လူတိုင်းလုပ်သာ ကိုင်သာ သည့် အခွန်နှုန်းထားများ အဖြစ် ပြင်ဆင်သတ်မှတ်ရန် ညှိနှိုင်းနေ၊ ပြင်ဆင်ထားသည့် အခွန်နှုန်းထားများ မကြာမီ ထုတ်ပြန် ထွက်ရှိလာမည်ဟု သိရ... မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ရွှေချောင်း တံတား ကျိုးပျက်ကာ ပခုက္ကူဒေသတစ်ဝိုက် ရေနစ်မြုပ်မှုဖြစ်ပွား... ရန်ကုန်မြစ်ကို ဖြတ်၍ ရန်ကုန် - ဒလ ဆက်သွယ်သည့် ကောင်းကင်တံတားတစ်ခု (သို့မဟုတ်) ရေအောက်ဥမင် လိုဏ်ခေါင်း တစ်ခု တည်ဆောက်ရန် ကိုရီးယား ကုမ္ပဏီတစ်ခု လာရောက်ဆွေးနွေး... ထားဝယ် အထူး စီးပွားရေး ဇုန်ပေါ်ပေါက်လာခြင်းဖြင့် ပထ၀ီနိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများ တိုးတက်သွားနိုင်သော်လည်း Petrol Chemical စက်ရုံများပါဝင်လာမည် ဖြစ်သော ကြောင့် လူမှုရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ် များအတွက် ဒေသဖွံ့ ဖြိုး ရေး အစီအစဉ်များ စနစ်တကျ ပြုလုပ်နိုင်ရန် လိုအပ်... ကားအရောင်း စင်တာ ဖွင့်လှစ်ခွင့်ရသူများ တင်သွင်းလာသည့် ကားတန်ဖိုး (CIF ဈေး) ၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်းသာ အကျိုးဆောင် ခအဖြစ်ယူရန် သတ်မှတ် ... ရန်ကုန်တိုင်းဒေသကြီးအတွင်း ကလေး သူငယ်များ ပျောက်ဆုံးခြင်း၊ ကလေး အလောင်းများ တွေ့ရှိနေရခြင်း ဆိုသည့် သတင်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် သက်ဆိုင်သူများက အကြောင်းရင်များအား ထုတ်ဖေါ်ပြောကြား... ၁၉၆၈ ခုနှစ်က ကမ္ဘာကဖော်ဆောင်ခဲ့သည့် အမျိုးသားစာရင်းစနစ် SNA 1968 ကို ကျင့်သုံးပြီး ယနေ့ထိ တိုင်းပြည်ဂျီဒီပီ ကို ခန့်မှန်းတွက်ချက်လျက်ရှိ အာဆီယံနိုင်ငံများထဲ တွင် မြန်မာ တစ်နိုင်ငံ တည်းသာ အဆိုပါSNA 1968 ကို ကျင့်သုံးနေခြင်းဖြစ်ပြီး ကျန်အာဆီယံနိုင်ငံ များတွင်SNA 1993/2008 ကို ကျင့်သုံးဆောင်ရွက်နေ... တိုင်းရင်းသားရေးရာ ဝန်ကြီးများအား တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးများ ခံစားခွင့်များအတိုင်း တစ်ပြေးညီ ရရှိသင့်ကြောင်း အမျိုးသားလွှတ်တော်၌ မတ်တပ်ရပ် မဲခွဲဆုံးဖြတ်ရာတွင် နှစ်မဲအသာဖြင့် အနိုင်ရ... ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူများမှ ရွေးချယ်ပေးသည့်အချိန်တွင် လွှတ်တော်မှ လက်ခံသွားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ထည့်သွင်းပြော ကြား... ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း၊ စက်မှုနယ်မြေများနှင့် ထိုင်းနိုင်ငံနှင့်ဆက်သွယ်သည့်လမ်းကြောင်းအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုဘဝထိခိုက်မှု လေ့လာဆန်းစစ်ခြင်းကို တတိယအဖွဲ့အစည်းများဖြစ်သည့် ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ်နှင့်ကုမ္ပဏီနှစ်ခု တို့ ဆောင်ရွက်သွားမည်... ပုဂ္ဂလိကဘဏ်များ အပ်ငွေလက်ခံရရှိမှုပမာဏမြင့်တက် အများပြည်သူအပ်နှံငွေ ကျပ် ၂ ဒသမ ၆ ထရီလျံကျော်လက်ခံရရှိကာ ချေးငွေပမာဏ ကျပ် ၁ ဒသမ ၈ ထရီလျံကျော် ရှိကြောင်းသိရ...
Language: Burmese/ မြန်မာဘာသာ
Source/publisher: Eleven Media Group
Format/size: pdf (3.93MB)
Date of entry/update: 19 January 2012


Title: "Weekly Eleven" (Burmese)Vol 7- No 3, October 19, 2011/ "Weekly Eleven မြန်မာဘာသာ- အတွဲ ၇ - အမှတ် ၃၊ အောက်တိုဘာ ၁၉ - ၂၀၁၁
Date of publication: 19 October 2011
Description/subject: ပစ္စည်းဝယ်ယူမှု ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများ အား အများပြည်သူ အထင် အမြင် လွဲမှားမှု မရှိစေရေး ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ပြောကြား... သမိုင်း အစဉ်အလာကြီးမားပြီး သက်တမ်း နှစ်ပေါင်း ၁၂၁ နှစ်ရှိပြီ ဖြစ်သော ၀န်ကြီးများ ရုံး (အတွင်းဝန်ရုံး) အား စီးပွားရေး လုပ်ငန်းများ အတွက် ပုဂ္ဂလိက သို့ ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်ဟု သိရ... ပွင့်လင်းရာ သီကာလ ရန်ကုန်မြို့ ၏ လမ်းခင်းခြင်းလုပ်ငန်းများ စတင်... နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု တစ်နှစ် အတွင်း ၅၀ ရာခိုင်နှုန်း မြင့်တက် ပြီး ကျပ် ဘီလျံ ၁၅၅၁ အထိရှိလာ တရုတ်လုပ်ငန်းရှင်များ ၀င်ရောက်မှုများသည့် မန္တလေး တိုင်းဒေသကြီးတွင် အများဆုံး ဖြစ်နေ... ၂၀၁၃ ခုနှစ်တွင် ထပ်မံ ထွက်ရှိလာမည့် ကမ်းလွန် ဓါတ်ငွေ့ မြေစီမံကိန်း သစ်များမှ သဘာဝဓါတ်ငွေ့များကို ပြည်ပသို့ရောင်းချခြင်း ထက် ပြည်တွင်း သုံးစွဲရန် အတွက်သာ တိုးမြှင့်ရယူသွားမည်... ပြည်တွင်း ဓါတ်ငွေ့ ပိုက်လိုင်း ဟောင်းများအစားထိုးလဲလှယ်ခြင်း အတွက် ဒေါ်လာ ၁၂၆ သန်းနှင့် ကျပ်ငွေ ၁၇ ဘီလျံ သုံးစွဲကာ နှစ်နှစ် အတွင်း အပြီးသတ်ပြုလုပ်သွားမည်... ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အာဏာ မတည်မီ မြန်မာ အစိုးရနှင့် အခြားနိုင်ငံအစိုးရတို့ ချုပ်ဆိုခဲ့သော စာချုပ်များအရ ပေါ်ထွက်လာသော တရား မျှတသည့် တာဝန်များ၊ ပဋိညာဉ်များကို အခြားနိုင်ငံ က လေးစားပါ က မြန်မာကလည်း လေးစား မည်ဟု ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတွင် ပြဌါန်းထား...
Language: Burmese/ မြန်မာဘာသာ
Source/publisher: Eleven Media Group
Format/size: pdf (4.0MB)
Date of entry/update: 21 January 2012


Title: "Weekly Eleven" (Burmese)Vol 7- No 2, October 12, 2011/ "Weekly Eleven မြန်မာဘာသာ- အတွဲ ၇ - အမှတ် ၂၊ အောက်တိုဘာ ၁၂ - ၂၀၁၁
Date of publication: 12 October 2011
Description/subject: ကားသစ်တင်သွင်းခွင့် ပြုရေးနှင့် ကားအရောင်းပြခန်း ဖွင့်လှစ်ခွင့်ပြုရေး အစီအစဉ် ပြောင်းပြန်မဖြစ်စေရန် အစီအစဉ်အတိုင်း တစ်ဦးချင်း တင်သွင်း ခွင့် ပြုပြီးမှ ကားအရောင်းပြခန်း ဖွင့်လှစ်သင့်ကြောင်း တင်သွင်းမည့် သူများပြောကြား... သီလ၀ါ စက်မှုဇုန်နှင့်ပါတ်သက်သော ဥပဒေထုတ်ပြန်ပြီး ဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် ဖိတ်ခေါ်တော့မည်... မြန်မာ နိုင်ငံ၏ ငွေကြေးမူဝါဒကို ဗဟိုဘဏ်မှ လွတ်လပ်စွာ ကိုင်တွယ် ရန် ပြင်ဆင်နေ... ကားအကောင်းတွေ လာတော့မယ် လမ်းအကောင်းတွေ ဘယ်မှာလဲ... တရုတ်နိုင်ငံမှ နည်းမျိုးစုံဖြင့် ၀င်ရောက်လာသော ကုန်ပစ္စည်းများကြောင့် ပြည်တွင်း စက်မှုလက်မှု လုပ်ငန်းများ ရပ်နားရသည်အထိရှိနေ... ကွန်ရက်စနစ်ဖြင့် ဈေးကွက်ဖြန့်ချိခြင်း စနစ် အသုံးပြုခဲ့သည့် အမည်ပျက်စာရင်းဝင် သိမ်းငှက် ကမ္ဘာကုမ္ပဏီအား တရားရုံး အမိန့်အရ စာရင်းရှင်းလင်း ဖျက်သိမ်း...နိုင်ငံပိုင်မီဒီယာများကို ပြည်သူတို့ ပိုမိုအားထား စိတ်ဝင်စား လာစေရန် မည်သို့ ပြုပြင်ပြောင်းလဲဆောင်ရွက်မည်နှင့် ပြည်တွင်း မီဒီယာလောက အား ပြည်သူ့အကျိုးပြု စတုတ္ထမဏ္ဍိုင်အဖြစ် မားမားမတ်မတ် ဖြစ်ထွန်းလာစေရန် မည်သို့ကြိုးပမ်းဆောင် ရွက်လျက် ရှိကြောင်းမေးမြန်း မှုကို ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပြန်လည်ဖြေကြား... ကျင်းပနေဆဲ ပထမ အကြိမ် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး များ ခေတ္တရပ်နားအစည်းအဝေး များ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဆက်လက်ကျင်းပမည်...
Language: Burmese/ မြန်မာဘာသာ
Source/publisher: Eleven Media Group
Format/size: pdf (3.75MB)
Date of entry/update: 21 January 2012


Title: "Weekly Eleven" (Burmese)Vol 7- No 1, October 5, 2011/ "Weekly Eleven မြန်မာဘာသာ- အတွဲ ၇ - အမှတ် ၁၊ အောက်တိုဘာ ၅ - ၂၀၁၁
Date of publication: 05 October 2011
Description/subject: နိုင်ငံတော်၏ သမ္မတကြီး၏ မြစ်ဆုံ စီမံကိန်းနှင့် ပါတ်သက်သော ဆုံးဖြတ်ချက်အား အပြည့်အ၀ ထောက်ခံပါသည်... အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တတိယအကြိမ် တွေ့ဆုံ လွတ်ငြိမ်းချမ်းသာ ခွင့် အပါအ၀င် အကြောင်းအရာ လေးရပ်ကို ဆွေးနွေးခဲ့... ကားဟောင်းများ အပ်နှံရာတွင် ယာဉ် တန်းစီစောင့်ဆိုင်းရခြင်းမှာ အခက်အခဲဆုံးဖြစ်... ပြည်ထောင်စု လွှတ်တော်က သတင်းမီဒီယာ ဆိုင်ရာ ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက် အတည်ပြု ပြဌါန်းပြီးမှ သာ ပုဂ္ဂလိက သတင်းစာများ ရှိလာမှာ ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ပြောကြား... ပြည်ပရင်းနှီး မြှုပ်နှံမှု များအား အချိန်မီ ဖိတ်ခေါ်နိုင်ရန် ရင်းနှီး မြှုပ်နှံ မှု ဥပဒေကို ပြင်ဆင်နေပြီး လိုအပ်သည့် အမိန့် ကြော်ငြာစာများ ထုတ်ပြန်ရန် ဆောင်ရွက် နေပြီိဖြစ်ကြောင်း သတင်းထုတ်ပြန်... နိုင်ငံခြားငွေ လဲလှယ် နှုန်း ပေါင်းစည်းခြင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးပါက ဈေးကွက်နှင့် လိုက်လျောညီထွေ ဖြစ်စေမည့် တရားဝင် နိုင်ငံခြားငွေ လဲလှယ် နှုန်းကို သတ်မှတ် ဆောင်ရွက်မည်... အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ဘဏ်များ အားလုံး အပ်ငွေအာမခံ စတင်ထားရှိမည် ငွေကျပ်တစ်သိန်းမှ ငါးသိန်းအထိ အပ်ငွေများကို အကာအကွယ်ပေးသွားမည်ဟုသိရ... ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်၏ သြဂုတ်လကုန်အထိ ငါးလအတွင်း ကိုရီးယားတစ်နိုင်ငံတည်းသာလာရောက်မြှုပ်နှံ... အမြတ်ခွန်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေပြဋ္ဌာန်း... စက်မှုပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေးအတွက် အခွန်ငွေပြန်အမ်းပေးသော စနစ်ကျင့်သုံးပေးရန် စက်မှုကုန်ထုတ်လုပ်ငန်း ရှင်များပြောကြား...ထုတ်လုပ်မှု ရပ်ဆိုင်း ထားသော မြန်မာနိုင်ငံဆေးဝါး လုပ်ငန်း စက်ရုံ (MPF) များကပြည်ပနိုင်ငံများနှင့် ပူးပေါင်း ကာ ဆေးပစ္စည်း များနှင့်ဆေးဝါးများပြန်လည်ထုတ်လုပ်မည်... ကွန်တိန်နာဖြင့် ပို့ကုန်တင်ပို့မှုများပြားသည့် ရာသီရောက်ရှိတော့မည်ဖြစ် ယခုနှစ်တွင်နိုင်ငံတကာသွားကုန်တင်သင်္ဘောများ ဝင်ရောက်ထွက်ခွာမှု ထက်ဝက်ခန့်လျော့ကျ... ဆင်းရဲနွမ်းပါးသူများအတွက် မြို့နယ်အခြေပြု လူမှုကျန်းမာရေး အာမခံစနစ်ဆောင်ရွက်နိုင် ရန်လေ့လာမှု များ ပြုလုပ်လျက်ရှိကြောင်း သိရ...
Language: Burmese/ မြန်မာဘာသာ
Source/publisher: Eleven Media Group
Format/size: pdf (3.20MB)
Date of entry/update: 21 January 2012


Title: "Weekly Eleven" (Burmese)Vol 6- No 52, September 28, 2011/ "Weekly Eleven မြန်မာဘာသာ- အတွဲ ၆ - အမှတ် ၅၂၊ စက်တင်ဘာ ၂၈ - ၂၀၁၁
Date of publication: 28 September 2011
Description/subject: နိုင်ငံတော် သမ္မတသည် ပြစ်ဒဏ် လွတ်ငြိမ်းခွင့် (Pardon) ပေးပိုင်ခွင့်ရှိသော် လည်း လွတ်ငြိမ်းချမ်းသာခွင့် (Amnesty) ပေးနိုင်ရန်မူ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက် လိုကြောင်းသိရ... ကားဝယ်စီးချင်လား ဈေးထပ်ကျဦးမယ်... ၂၀၁၀ - ၂၀၁၁ ခုနှစ်တွင် ပဲတင်ပို့မှု အနည်းငယ် လျော့ကျပြီး အမေရိကန် ဒေါ်လာ သန်း ၉၃၉ သန်း ၀န်းကျင် ရရှိ... ရခိုင် ကမ်းလွန် ရွေစီမံကိန်းမှ သဘာဝဓါတ်ငွေ့များကို နိုင်ငံတော်၏ သဘာဝ ဓါတ်ငွေ့ သုံးစွဲ နေသည့် စက်မှု ကဏ္ဍများသို့ ဦးစားပေးပို့လွှတ်မည်... မြန်မာနိုင်ငံထုတ်ကုန်ကဏ္ဍ၏ ၈၀ ရာခိုင်နှုန်းကျော်ခန့်သည် တရုတ်၊ အိန္ဒိယ၊ ထိုင်းစသည့် သုံးနိုင်ငံသို့ သာ အားကိုးနေရသောကြောင့် ဈေးကွက် ပိုမိုချဲ့ထွင်နိုင်ရန် လိုအပ်နေသေး... နိုင်ငံရေးနှင့် ဆက်နွှယ်သည့် ဘာသာရပ်များ လေ့လာရန်း လူငယ်များ ပိုမိုစိတ်ဝင်စား... အမျိုးသားပြန်လည် စည်း လုံးရေးနှင့်ပတ် သက်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် နည်းလမ်းသုံးခုနှင့် အကောင် အထည်ဖော်ဆောင်ရွက်နေ... မြန်မာနိုင်ငံမြောက်ပိုင်းဒေသသည် တစ်နိုင်ငံလုံးတွင် ဇီဝအစုံလင်ဆုံးဒေသဖြစ်နေပြီး တစ်နှစ်အတွင်း မျိုးစိတ်သစ်ပေါင်း ၃၅ မျိုးဝန်းကျင်တွေ့ရှိ...
Language: Burmese/ မြန်မာဘာသာ
Source/publisher: Eleven Media Group
Format/size: pdf (3.29MB)
Date of entry/update: 21 January 2012


Title: "Weekly Eleven" (Burmese)Vol 6- No 51, September 21, 2011/ "Weekly Eleven မြန်မာဘာသာ- အတွဲ ၆ - အမှတ် ၅၁၊ စက်တင်ဘာ ၂၁ - ၂၀၁၁
Date of publication: 21 September 2011
Description/subject: မြန်မာနိုင်ငံတွင် အပြောင်း အလဲ ဖြစ်နိုင်သော အခြေ အနေ ရောက်ရှိနေ ပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား... အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ နေ့ အခမ်းအနား မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ် ကျင်းပ အတိတ်က သင်ခန်းစာများကို ရယူပြီး ယနေ့ မျက်မှောက် ကာလတွင် ဆောင်ရွက်သင့် သည့် ကိစ္စများကို မိမိတို့ အားလုံးက ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ၊ ညီညီ ညွတ်ညွတ် ဖြင့် ဆောင်ရွက်သွားရမည်ဟု ပြည်သူ့ လွှတ်တောင် ဥက္ကဋ္ဌပြောကြား... မြန်မာနိုင်ငံ အတွင်းသို့ စီးဝင်လာသော နိုင်ငံ ဖြတ်ကျော်နှင့် နယ်စပ်ဖြတ်ကျော် အရင်းအနှီးများကို ပြည်တွင်း စီးပွားရေး လုပ်ငန်းအချို့ လုပ်ငန်းချဲ့ထွင်ရန်နှင့် တိုင်းရင်းသား အမည်ခံ လုပ်ငန်းများ လည်ပတ်ရန် သုံးစွဲနေကြောင်း သိရ... နိုင်ငံခြားကုမ္ပဏီများ၏ ကားအရောင်းပြခန်းများကို သုံး၊ လေးလ အတွင်း ဖွင့်လှစ်မည်ဖြစ် ပြီး မော်တော်ယာဉ် များကို ဒေါ်လာဖြင့် ရောင်းချ မည်... တရုတ်နိုင်ငံတွင် အဓမ္မ ထိမ်းမြားရန် ရောင်းစား ခံရပြီး ပြန်လည်ထွက်ပြေးလာသည့် ကိုယ်ဝန်ဆောင် အမျိုး သမီး ထံမှ ရရှိသည့် ဖုန်းနံပါတ်များမှ တစ်ဆင့် တရုတ်နိုင်ငံတွင် ကျန်ရစ်ခဲ့ သည့် ကိုးနှစ် အရွယ် သမီးငယ်အား ပြန်လည်ကယ်တင်နိုင်ခဲ့... ဧရာဝတီမြစ်အပါအ၀င် မြစ်ကြီး၊ မြစ်ငယ် အချို့ ၌ မြစ်ကမ်း ပြိုမှုများ မြင့်တက်လာပြီး လူနေအိမ်ခြေ နှင့် စိုက်ခင်းများ ဆုံးရှုံးမှုပိုလာ... ဧရာဝတီမြစ် ဝှမ်းရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အလုပ်ရုံဆွေးနွေး ပွဲ နေပြည်တော် တွင် ကျင်းပ...၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဘင်းစတက် ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံတွင် ကျင်းပ သွားမည်... ပြည်ပသို့ ဆန်တင်ပို့ရာ၌ ၂၅ မှတ်ဆန်ကို အထူးပြု ကုမ္ပဏီများ သာမက ဆန်ပို့ကုန် လုပ်ငန်းရှင်များ ပါ တင်ပို့ခွင့် ရရှိ... ပြည်ပသို့တင်ပို့ရာ၌ သန့်စင်ပြီး တန်ဖိုးမြင့် ထုတ်ကုန် သတ္တုများအဖြစ် တင်ပို့ရောင်းချနိုင်ရေးလုပ်ဆောင် ရင်းနှီးမြှုပ်နှံ မှုနှင့် ထုတ်လုပ်မှု အပေါ် မူတည်၍ လုပ်ကွက် ဧရိယာ သတ် မှတ်ပေး...
Language: Burmese/ မြန်မာဘာသာ
Source/publisher: Eleven Media Group
Format/size: pdf (2.70MB)
Date of entry/update: 21 January 2012


Title: "Weekly Eleven" (Burmese)Vol 6- No 50, September 14, 2011/ "Weekly Eleven မြန်မာဘာသာ- အတွဲ ၆ - အမှတ် ၅၀၊ စက်တင်ဘာ ၁၄ - ၂၀၁၁
Date of publication: 14 September 2011
Description/subject: ယာဉ် မှတ်ပုံတင်သက်တမ်း အနှစ် ၂၀ ကျော်မှ အနှစ် ၄၀ ကျော် အထိရှိနေသော ကားဟောင်းများကို ပယ်ဖျက်ကာ ကားဟောင်း အစား ကားသစ်များ အစားထိုး တင်သွင်းခွင့် ပြုမည် ဟု ကြေညာချက် ထုတ်ပြန်၊ သုံးလအတွင်း ကားဈေး ထက်ဝက်ခန့် ကျဆင့်နိုင်ဟု သုံးသပ်မှုများရှိနေ... ပြည်ပမှ ကားတင်သွင်းခွင့်များ ပေးတော့မည် နိုင်ငံခြား ကားကုမ္ပဏီများကိုလည်း ကားအရောင်းပြခန်း လာရောက် ဖွင့်လှစ် ခွင့် ပြုမည်... ကချင်ပြည်နယ်၌ ကျောက်စိမ်း၊ ရွှေသတ္တု ရှာဖွေ တူးဖော်ရေး လုပ်ကွက်သစ်များ ချထားပေးခြင်းကို ရပ်ဆိုင်း... လွှတ်တော် ကျင်းပနေစဉ် ကာလအတွင်း ဖွဲ့စည်း ပုံ အခြေခံ ဥပဒေဆိုင်ရာ ပြင်ဆင်ခြင်းကို စိတ်ဝင်စားသူ ပိုမိုလာ... ရန်ကုန်မြို့ တွင်း ယာဉ်ကျော ပိတ်ဆို့မှု ဖြစ်ပေါ်နေခြင်း၏ အဓိက ပြဿနာရပ်မှာ ယာဉ်ရပ်နားရန် နေရာ မရှိခြင်း လမ်း ပျက်စီးနေခြင်း၊ လမ်းဘေးတွင် ယဉ်များရပ်တန့်ထားခြင်းနှင့် စည်းကမ်းမဲ့ စွာမောင်းနှင်ခြင်းကြောင့် ဖြစ်... ကျောက်ထုမြို့နှင့် ပခုက္ကူ မြို့ လမ်းပိုင်းရှိ ရေပြာချောင်း တံတားချဉ်းကပ်လမ်း ရေတိုက်စာ ပျက်စီးမှုကြောင့် ချင်းပြည်နယ် တောင် ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲမှာ တွေ့ကြုံ ... ပုဂ္ဂလိက ပိုင်မြေကွက်များကို နိုင်ငံခြားသားလုပ်ငန်းရှင် သို့ တရားဝင်ငှားရမ်း လုပ်ကိုင်ခွင့် ပြုသွားရန် အစီအစဉ်ရှိ... အာဆီယံပါလီမန်အမတ်များညီလာခံသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်... မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်... မြန်မာနိုင်ငံတွင် အဆင့်(၃)ဆင့် ပါသော အရင်းအနှီးဈေးကွက် ထူထောင်ရေးလမ်းပြမြေပုံ ရေးဆွဲထား လမ်းပြမြေပုံအဆင့်(၃)ပါအတိုင်းStock Exchange များ ထူထောင်ရန်ဆက်လက်ဆောင်ရွက်သွားမည်ဟုသိရ...
Language: Burmese/ မြန်မာဘာသာ
Source/publisher: Eleven Media Group
Format/size: pdf (3.51MB)
Date of entry/update: 21 January 2012


Title: "Weekly Eleven" (Burmese)Vol 6- No 49, September 7, 2011/ "Weekly Eleven မြန်မာဘာသာ- အတွဲ ၆ - အမှတ် ၄၉၊ စက်တင်ဘာ ၇ - ၂၀၁၁
Date of publication: 07 September 2011
Description/subject: နိုင်ငံရေးပါတီများ မှတ်ပုံတင်းခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပေါ်ပေါက်လာတော့မည်... လိုင်စင်မဲ့ကားပြဿနာ ဖြေရှင်းရန်လိုအပ်၊ ဖမ်းဆီး အရေးယူခြင်း တခုတည်းဖြင့် ဖြေရှင်းရန် ခက်ခဲ... ယခုနှစ် မိုးရာ သီလမ်းပျက်စီးမှု များ ပိုမိုများပြားပြီး လမ်းကွေ့များနှင့် ယာဉ် အသွားအလာများသော လမ်းမကြီးများတွင် ချိုင့်ခွက် ကြီးများဖြစ်ပေါ်နေ... မြန်မာနိုင်ငံ ၏ လက်ရှိသတ်မှတ်ထားသော ဘဏ်တိုးနှုန်းများကို ၂ ရာခိုင်နှုန်း လျှော့ချ... ပုဂ္ဂလိက လုပ်ငန်းများ ပါဝင်တည်ဆောက် နေသော နိုင်ငံတော် စီမံကိန်း အချို့အတွက် ဘတ်ဂျက်များ ပြန်လည်ခဲဝေပေး... အစိုးရအဖွဲ့ ၏ လုပ်ငန်းဦးစားပေးမူအရ အရေးကြီး လုပ်ငန်းများ တည်ဆောက်ခွင့်ရသူများကို ဦးစားပေးချထား... လွှတ်တော်တွင် တင်သွင်းသည့် မေးခွန်းများနှင့် အဆိုများ လွှတ်တော်အစည်းအဝေး မစတင်မီ အနည်းဆုံး ၁ဝ ရက်နှင့် ၁၅ ရက် ကြိုတင်ပေးပို့ရ... ၂ဝ၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုအတွက် ကုန်စည်စီးဆင်းမှုအား အခွင့်အရေးပေး ရတော့မည်ဖြစ်သောကြောင့် လိုင်စင်စိစစ်မှု စနစ်များအား ဖြေလျော့ပေးတော့မည်ဟု သိရ...
Language: Burmese/ မြန်မာဘာသာ
Source/publisher: Eleven Media Group
Format/size: pdf (3.21MB)
Date of entry/update: 21 January 2012


Title: "Weekly Eleven" (Burmese)Vol 6- No 48, August 31, 2011/ "Weekly Eleven မြန်မာဘာသာ- အတွဲ ၆ - အမှတ် ၄၈၊ သြဂုတ် ၃၁ - ၂၀၁၁
Date of publication: 31 August 2011
Description/subject: ယုံကြည်ချက်၊ ခံယူချက်ကြောင့် အကျဉ်းကျ ခံနေရသူများ၊ ပြည် ပရောက် နိုင်ငံသားများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နိုင်ငံ့ရေးရာများတွင် ပူးပေါင်းပါဝင်ခွင့်ရရန် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆက်လက် ထုတ်ပြန်စေရေး အတွက် နိုင်ငံ တော် သမ္မတအား ပြည်သူ့ လွှတ်တော် က မေတ္တာရပ်ခံ... အိမ်ခြံမြေ အခွန်စနစ် တစ်နှစ် သက်တမ်း တိုးခွင့်ပြုခဲ့သော်လည်း နိုင်ငံရေး၊ စီးပွားရေး နှင့် မူဝါဒအသစ်များကို စောင့်ကြည့်နေသည့် အတွက်ကြောင့် လတ်တလော အိမ်ခြံမြေ ဈေးကွက်မှာ သိသာစွာ လှုပ်ရှား မှု မရှိ... နိုင်ငံရေး အခြေအနေနှင့် ပို့ကုန်ခွန်လျှော့ချပေးမှု၊ တရားဝင် ငွေလဲနှုန်း ပြောင်းလဲရန် ပြင်ဆင်မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကုန်ထ်ုလုပ်ငန်းနှင့် ကုန်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားလာ... ပင်ရင်းမှ နှုတ်ယူပေးသွင်းရသည့် အခွန် (Withholding Tax) ကောက်ခံမှုကို ၃ ရာခိုင်နှုန်း မှ ၂ ရာခိုင်နှုန်း သို့ လျှော့ချမည်... မလေးရှား၏ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ တရားဝင်၊ တရားမ၀င် လုပ်သား မှတ်ပုံတင်ပြီးသူ ဦးရေ တစ်သန်းကျော်ထဲတွင် မြန်မာဦးရေမှာ စတုတ္ထအများဆုံးဖြစ်... အရပ်ဖက် အစိုးရ အုပ်ချုပ်နေပြီဖြစ်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ မြို့ပေါ် လုံခြုံရေး ဆိုင်ရာများကို ရဲတပ်ဖွဲ့မှ အပြည့်အ၀ လုံခြုံရေး ရယူရန် စတင်ပြင်ဆင်... ၁၉၂၆ ခုနှစ် တရားရုံးများကို မထေမဲ့မြင်ပြုမှု အက်ဥပဒေရုပ်သိမ်းရေးအဆိုကို လွှတ်တော်၏ ဆန္ဒ အား ပြောင်စနစ်ဖြင့်ရယူ... အင်းစိန်အကျဉ်းထောင်၏အပြင်ဘက် အကျဉ်းဦးစီးဌာနဝင်းအတွင်းရှိ ရုံးအဆောက်အအုံတွင် အထူးတရား ရုံးဖွင့်လှစ်စစ်ဆေးခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ပြည်ထောင်စု တရားသူကြီးချုပ် ရှင်းလင်း... မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေး ကဏ္ဍအသီးသီးတွင်ဒေါ်အောင်ဆန်းစုကြည်၏ Inclusiveness ရှိမှုကို အသိအ မှတ်ပြုကြောင်းပြောကြား...သစ်တောသယံဇာတမဖြုန်းတီးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အပြည့်အဝ ကာကွယ်ပေးနိုင်ရေး အတွက် သစ်တောဥပဒေအား ပြင်ဆင်ပြဋ္ဌာန်းရန်အဆိုကို လွှတ်တော်က သဘောတူ... လုံးခင်း-ဖားကန့်ရတနာနယ်မြေ၌ ပုဂ္ဂလိက၊ သမဝါယ မ၊ နိုင်ငံသား ကုမ္ပဏီ ၄၁၅ ခုက လုပ်ကွက်ပေါင်း ၇၅၃၅ ကွက်ဖြင့် ကျောက်စိမ်းတူးဖော်ရေးဆောင်ရွက်နေပြီး လုပ်ကွက် အရေအတွက် ကို လျှော့ချမည်... ဖေ့ စ်ဘွတ်ခ်သို့ တစ်လအတွင်း ဝင်ရောက် ကြည့်ရှုမှု အကြိမ်ရေ တစ်ထရီ လျံပြည့်... ကမ္ဘာပေါ်တွင် နိုင်ငံလက်မဲ့လူဦးရေ ၁၂ သန်းခန့်ရှိနေကြောင်း ကုလသမဂ္ဂထုတ်ပြန်...
Language: Burmese/ မြန်မာဘာသာ
Source/publisher: Eleven Media Group
Format/size: pdf (3.05MB)
Date of entry/update: 21 January 2012