(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

Description: 

"၁။ ယနေ့ကျရောက်သည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အချိန်အခါသမယတွင် တိုင်းရင်းသားပြည်သူလူထုအားလုံးနှင့်တကွ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်နေကြသော ရဲဘော်များအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေကြောင်းနှင့် အားလုံးရည်မှန်းကြိုးပမ်း နေကြသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အား အမြန်ဆုံး တည်ဆောက်သွားနိုင်ရေးအတွက် စိတ်ကူးသစ်၊ အကြံဉာဏ်သစ်၊ ခွန်အားသစ်များနှင့်အတူ ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေ ကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ၂၊၊ ကိုလိုနီနယ်ချဲ့လက်အောက်ခံဘဝ ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်( မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့)တွင် တက္ကသိုလ်ကျောင်းသားများက ဦးဆောင်၍ ရန်ကုန်တက္ကသိုလ် အက်ဥပဒေမူကြမ်းကို သပိတ်မှောက်ဆန္ဒပြခဲ့ကြပြီး ပထမဆုံး အကြိမ် အမျိုးသားလှုပ်ရှားမှုအဖြစ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ ယင်းလှုပ်ရှားမှုကြီးသည် တစ်နိုင်ငံလုံးသို့ တစ်ဟုန်ထိုးပျံ့နှံ့သွားခဲ့ကာ အမျိုးသားအထက်တန်းကျောင်းများ၊ အမျိုးသား ကောလိပ်များ ပေါ်ပေါက်လာခဲ့ပြီး နယ်ချဲ့တို့လက်အောက်မှ လွတ်မြောက်လိုသည့် မျိုးချစ်စိတ်များ ရှင်သန်နိုးကြားလာခဲ့ကြပါသည်။ ၃။ တိုင်းပြည်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်မည့် လူငယ်လူရွယ် အမျိုးသားများ အနေဖြင့် မိမိတို့နိုင်ငံ၏ အတိတ်သမိုင်းအား သင်ခန်းစာယူ၍ အနာဂတ်သမိုင်း ပိုမိုကောင်းမွန်အောင် တည်ဆောက်ရန် အထူးလိုအပ်ပါသည်။ မိမိတို့နိုင်ငံ၏ အမျိုးသားနေ့သည် လွတ်လပ်ရေးလမ်းကို စတင်လမ်းဖောက် လျှောက်လှမ်းခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ မီးခဲပြာဖုံးနေသော ကျွန်စိတ် ကို သခင်စိတ်အဖြစ်သို့ အသွင်ပြောင်းနိုင်ခဲ့သည့် နေ့တစ်နေ့လည်းဖြစ်ပါသည်။ ကိုလိုနီနယ်ချဲ့တို့ လက်အောက်မှ လွတ်မြောက်ရေးအတွက် တိုင်းရင်းသားပြည်သူများအားလုံး အသက်၊ သွေး၊ ချွေးတို့ဖြင့် ရင်းနှီးရယူခဲ့ရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ ပေးဆပ်မှုကြီးမားစွာ ရယူခဲ့ရသည့် လွတ်လပ်ရေးသည် အလုံးစုံ လွတ်လပ်သည့်နိုင်ငံအဖြစ်သို့ မရောက်ရှိခဲ့ပေ။ မိမိလူမျိုးအချင်းချင်း စိုးမိုးချယ်လှယ် ဖိနှိပ်ချုပ်ချယ်သော စစ်အာဏာရှင်များ၏လက်အောက်တွင် နှစ်ပေါင်း (၇၀) ကျော် ကြာ ခါးသီးစွာ ရင်ဆိုင်ခံစားခဲ့ကြရပါသည်။ ၄။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြည်သူ့ဆန္ဒမဲဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထား သော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ပြည်သူ့အစိုးရထံမှ လက်နက်အားကိုးဖြင့် ဖိနှိပ်အုပ်ချုပ်နိုင်ရန် တစ်ဖန်ကြိုးပမ်းခဲ့သည်။ ၅။ ထိုကဲ့သို့ ဖိနှိပ်အုပ်ချုပ်နိုင်ရန် ကြိုးပမ်းခဲ့မှုကြောင့် တိုင်းရင်းသားပြည်သူအားလုံးတို့ သည် နှစ်ပေါင်း (၇၀) ကျော်ကြာ အမြစ်တွယ်နေသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ထုတ်ရန် အနှစ်နှစ် အလလက ကိန်းအောင်းနေသော အမျိုးသားစိတ်ဓာတ်သည် ယနေ့နွေဦး တော်လှန်ရေးတွင် ပြန်လည်နိုးကြားလာခဲ့ပါသည်။ ယနေ့နွေဦးတော်လှန်ရေးတွင် တိုင်းရင်းသား ပြည်သူများအားလုံးသည် အမျိုးသားနေ့မှ ပေါက်ဖွားလာခဲ့သော အမျိုးသားစိတ်ဓာတ်ကို အခြေ တည်ကာ မိမိတိုင်းပြည်နှင့် လူမျိုးကို လုံခြုံအေးချမ်းသော နိုင်ငံတစ်ခုတွင် ကောင်းမွန်စွာနေထိုင် နိုင်ရေး၊ ပြည်ထောင်စုတိုင်းရင်းသား၊ လူမျိုးအားလုံး ဥမကွဲ၊ သိုက်မပျက် အတူတကွ နေထိုင်နိုင် ရေး၊ ကမ္ဘာ့အလယ်တွင် တင့်တယ်ဝင့်ထည်စွာ ရပ်တည်သွားနိုင်ရေးတို့အတွက် မွန်မြတ်သော စိတ်ဓာတ်များဖြင့် ကြိုးပမ်းဆောင်ရွက်နေကြသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ရပါသည်။ ၆။ ယခုအချိန်ကာလသည် အာဏာလု အကြမ်းဖက်စစ်တပ်အား စစ်ရေး၊ နိုင်ငံရေးနည်းလမ်း အမျိုးမျိုးအား ကိုယ်စီထမ်းရွက်ကာ ညီညွတ်သော ဆန့်ကျင်တော်လှန်မှုများကြောင့် တော်လှန်ရေး ခရီးတစ်လျှောက် အားကောင်းသော အောင်မြင်မှုများကို ရယူပိုင်ဆိုင်ထားနိုင်သည့် အချိန်ဖြစ်ပါ သည်။ ထို့ပြင် တည်ဆောက်ထားပြီးသော ညီညွတ်ခြင်း၊ အပြန်အလှန်နားလည်ခြင်း၊ လေးစား တန်ဖိုးထားခြင်းများကို အခြေပြုလျက် မိမိတို့နိုင်ငံတွင် အာဏာရူးစစ်မိစ္ဆာများအား အချိန်တိုတို အတွင်း အမြစ်ပြတ်မောင်းထုတ်နိုင်ပြီး နွေဦးတော်လှန်ရေးကြီး၏ အောင်ပွဲကိုလည်း အချိန်တိုတို အတွင်း ရရှိနိုင်လိမ့်မည်ဟု အခိုင်အမာယုံကြည်ပါသည်။ ၇။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အချင်းချင်း အပြန် အလှန်လေးစားမှု၊ နားလည်ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပိုမိုခိုင်မာအောင် တည်ဆောက် သွားပြီး ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် လွတ်လပ်၍ငြိမ်းချမ်းပြီး ဝါဒဖြူစင်သည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေး အင်အားစုများအားလုံးနှင့်အတူ ဆက်လက်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယနေ့ ကျရောက်သည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အချိန်အခါသမယမှသည် နွေဦး တော်လှန်ရေးကြီး၏ အောင်ပွဲနေ့သို့ တွဲလက်ညီညီ အရှိန်မြှင့် ချီတက်ကြစေလိုကြောင်း လေးလေး နက်နက် တိုက်တွန်းလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2023-12-07

Date of entry: 

2023-12-07

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

2.6 MB

Resource Type: 

text

Text quality: 

    • Good