၂၀၁၇ခုနှစ်တွင် ရိုဟင်ဂျာပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သော ရာဇဝတ်မှုများ၏ ဆဌမနှစ်ပတ်လည်နေ့ ထုတ်ပြန်ကြေညာချက်

Description: 

"၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၁၇ ခုနှစ် တွင် အကြမ်းဖက်စစ်တပ်မှ ရိုဟင်ဂျာပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သော ရာဇ ဝတ်မှုများ၏ ဆဌမနှစ်ပတ်လည်နေ့ကို ဝမ်းနည်းမှုများစွာဖြင့် အထိမ်းအမှတ်ပြုပါသည်။ ၂။ ၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်မှ အင်အားသုံး သတ်ဖြတ်ခဲ့မှုကြောင့် ထောင်နှင့် ချီသော ရိုဟင်ဂျာပြည်သူများ သေဆုံးခဲ့ရသည်။ ရိုဟင်ဂျာအမျိုးသမီးများ၊ မိန်းကလေးငယ်များ အပေါ် အစုအလိုက်အပြုံလိုက် မုဒိမ်းကျင့်ခံရမှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု များစွာကို ကြောက်ရွံ့၊ ထိတ်လန့်၊ ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် စနစ်တကျ ကျူးလွန်ခဲ့သည်။ ထိုကဲ့သို့ အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်သည် လူမျိုး သုဉ်းသတ်ဖြတ်မှုမြောက်ကြောင်း ယမန်နှစ်က အမေရိကန်ပြည်ထောင်စုအစိုးရက သတ်မှတ်ခဲ့ သည်။ ၃။ ထို့အပြင် ရိုဟင်ဂျာပြည်သူတို့နေထိုင်ရာ ရခိုင်ပြည်နယ်အတွင်းက ကျေးရွာပေါင်း မြောက် မြားစွာကိုလည်း အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ရိုဟင်ဂျာတို့၏ မူလနေရပ်မှ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ အတင်းအကျပ်ရွေ့ပြောင်းစေခဲ့ပြီး သိန်းနဲ့ချီသော ရိုဟင်ဂျာပြည်သူ တို့ အိုးအိမ်နှင့် နိုင်ငံကို စွန့်ခွာခဲ့ရပြီး ယခု(၆)နှစ်တာကာလအထိ ရိုဟင်ဂျာပြည်သူ တစ်သန်း ကျော်မှာ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်အဖြစ် ကျပ်တည်းဆင်း ရဲစွာ နေထိုင်ခဲ့ရသည်။ ရိုဟင်ဂျာပြည်သူအများအပြားသည် မြန်မာနိုင်ငံသို့ နေရပ်ပြန်နိုင်ရေးနှင့် ပြန်လည်အခြေချနိုင်ရေးအတွက် မရေရာသည့် အနာဂတ်ကို ရင်ဆိုင်နေကြရပြီး ရရာနည်းလမ်း ဖြင့် ပင်လယ်ဖြတ်ကျော်၍ ရွှေ့ပြောင်းရန် ကြိုးစားကြရာ လူကုန်ကူးသူများ၏ အန္တရာယ်နှင့် ရင်ဆိုင်ကြရပြန်ပါသည်။ ထိုအချက်ကပင် အခြေအနေ မည်မျှဆိုးရွားနေသည်ကို မီးမောင်းထိုးပြ လျက်ရှိပါသည်။ ၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရိုဟင်ဂျာပြည်သူများသည် မြန်မာနိုင်ငံ၏ အစိတ် အပိုင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံသားများအဖြစ် အသိအမှတ်ပြုသည်။ ရိုဟင်ဂျာပြည်သူများနှင့် အခြား သော လူနည်းစုဘာသာဝင်များ၊ လူနည်းစုမျိုးနွယ်အုပ်စုများကို ခေတ်အဆက်ဆက် နှစ်ပေါင်း များစွာ ဖယ်ကျဉ် ခွဲခြားဆက်ဆံစေခဲ့သော မူဝါဒအမှားများ၊ အလေ့အကျင့်များနှင့် ပြုမှုပြောဆိုမှု များ တည်ရှိခဲ့ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အမျိုးသားညီညွတ်ရေးအစိုးရမှ အလွန် ရှက်ရွံ့စွာဖြင့် အသိအမှတ်ပြုလိုပါသည်။ ထိုသို့သော လွဲမှားသည့် ပြောဆိုမှုများ၊ လုပ်ဆောင်ချက် များကြောင့် အကြမ်းဖက်စစ်တပ်သည် ခေတ်အဆက်ဆက် အကြမ်းဖက်တိုက်ခိုက်ခြင်း၊ စစ်ရာဇ ဝတ်မှုများ ကျူးလွန်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သော ရာဇဝတ်မှု အမြောက်အများ အတွက် ပြစ်ဒဏ်စီရင်မှုမှ ကင်းလွတ်နေကာ ပိုမိုရဲတင်းလာပြီးနောက် မြန်မာနိုင်ငံတဝှမ်းရှိ တိုင်း ရင်းသားမျိုးနွယ်အုပ်စုအသီးသီးနှင့် နိုင်ငံသူ၊ နိုင်ငံသားများအား အကြမ်းဖက်မှုများ တနေ့တခြား ပိုမိုဆိုးရွားစွာ ပြုမူလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ၅။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူဝါဒသဘောထားနှင့်အညီ ရိုဟင်ဂျာပြည်သူများနှင့် နေရပ်စွန့်ခွာနေရသော ပြည်သူများ မိမိ သဘောဆန္ဒအလျောက်၊ လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနှင့် ရေရှည်တည်တံ့သော နည်းလမ်းများဖြင့် နေရပ်ပြန်နိုင်ရေးအတွက် အထောက်အကူပြုနိုင်မည့် အခြေအနေများကို ဖန်တီးဆောင်ရွက် လျက်ရှိပါသည်။ ၆။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူနည်းစု အသိုက်အဝန်းများ၊ ၎င်းတို့ကို ကိုယ်စား ပြုသူများနှင့် ဆွေးနွေးညှိနှိုင်းတိုင်ပင်လျက် လူမှုအပြောင်းအလဲကို ဖော်ဆောင်ရန်နှင့် ခွဲခြား ဆက်ဆံသော ဥပဒေများကို အပြည့်အဝ ပြင်ဆင်နိုင်ရန်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ သည်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အတွင်းရှိ ဒုတိယဝန်ကြီးတစ်ဦးမှာ ရိုဟင်ဂျာတစ်ဦးဖြစ် ပြီး အစိုးရ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် ရိုဟင်ဂျာပြည်သူများ၏ သဘောထားအမြင်များ ထင်ဟပ်ပါဝင်နိုင်စေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ ၇။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရသည် သမိုင်းတလျှောက် ဖြစ်ပွားခဲ့သော ရာဇဝတ် မှုများနှင့် လက်ရှိအချိန်တွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်စစ်တပ်၏ ဆိုးရွားသည့် ရာဇဝတ် မှုများအပေါ် တရားမျှတမှု ဖော်ဆောင်ရန်အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ သည်။ အမှန်တရားဖော်ထုတ်ရေးနှင့် တာဝန်ခံမှုဖော်ဆောင်ရေးသည် မဖြစ်မနေလိုအပ်ပါသည်။ ထို့အတူ ရိုဟင်ဂျာလူမျိုးများနှင့် အခြားသော လူနည်းစုများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ၏ အတိုင်းအဆနှင့် ပမာဏကို အရှိအတိုင်း အသိအမှတ်ပြုခြင်းနှင့် ငြင်းချက်ထုတ်သည့် အလေ့ အထကို အဆုံးသတ်ခြင်းသည်လည်း လိုအပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတို့အပါအဝင် နိုင်ငံအဆင့်နှင့် နိုင်ငံတကာ တရားမျှတမှုရှာဖွေရေး ယန္တရားများဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် သန္နိဌာန် ချ မှတ်ထားပါသည်။ ၈။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ကျရှုံးပြီး ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် လူနည်းစုများအား ကာကွယ်ရေးတို့အပေါ် အခြေခံတည်ဆောက်ထားသော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းနှင့်အညီ ပေါ်ထွက်လာမည့် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ တော်သစ် ပေါ်ပေါက်လာရေးအတွက် လူမျိုးအသီးသီး၊ ဘာသာအသီးသီးမှ နိုင်ငံသူ၊ နိုင်ငံသား ပြည်သူတစ်ရပ်လုံး အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းအပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2023-08-25

Date of entry: 

2023-08-25

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

829.24 KB

Resource Type: 

text

Text quality: 

    • Good