၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ထုတ်ပြန်ကြေညာချက်

Description: 

"၁။ ယနေ့သည် ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအား အတည်ပြုခဲ့သည့် (၇၅) နှစ်ပြည့်မြောက် ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံရှိ လူသားတိုင်းအတွက် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာအားခံစားနိုင်မည့် အနာဂတ်အတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်၊၊ တရားမဝင် အာဏာသိမ်းစစ်ကောင်စီအပေါ် ခုခံတွန်းလှန်မှုများသည် သိသာထင်ရှား သောရလဒ်များ ပိုင်ဆိုင်နေသည့် ယခုအချိန်တွင် ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့နိုင်ငံတွင် လူ့အခွင့် အရေးအား ကာကွယ်မြှင့်တင်ပေးမည့် အနာဂတ်ကိုလည်း မြင်ယောင်ကြည့်နိုင်ပြီ ဖြစ်ပါသည်၊၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ယခုကဲ့သို့ အရေးကြီးသည့်အချိန်အခါတွင် မျှော်လင့်ထား သည့် ထိုအနာဂတ် အောင်မြင်စေရေးအတွက် ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုများတွင် ပံ့ပိုးကူညီ ပေးရန် တောင်းဆိုပါသည်၊၊ ၂၊၊ ယနေ့ခေတ်ကာလတွင် ပဋိပက္ခကြောင့် အခြေအနေပိုမိုဆိုးရွားနေသည့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအများအပြားတွင် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ပုံစံမျိုးစုံဖြင့် ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ပါသည်၊၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဥပဒေမဲ့အာဏာသိမ်းယူရန် ကြိုးပမ်းသည့်အချိန်မှစ၍ မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များအပါအဝင် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်လုပ်ဆောင်ခဲ့ကြောင်း သက်သေများစွာရှိပါသည်၊၊ ၃။ အာဏာသိမ်းစစ်တပ်၏ ဆိုးရွားသောအကြမ်းဖက်မှုများတွင် အကြောင်းပြချက်မဲ့ဖမ်းဆီး ခြင်း၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ တရားလက်လွန်သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းနှင့် လိင်ဖြစ်တည်မှုအပေါ်အခြေခံသည့် အကြမ်းဖက် ခြင်း၊ ပိုင်ဆိုင်မှုများကိုခိုးယူခြင်း၊ သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူ များနှင့် အများပြည်သူဆိုင်ရာနေရာများကို ပစ်မှတ်ထား၍ လေကြောင်းဖြင့်တိုက်ခိုက်ခြင်းများ ပါဝင်ပါသည်၊၊ ယင်းတို့အနက် အချို့သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ပါသည်၊၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီ ကာကွယ်သူ ၄ ဦးကို သေဒဏ်ပေး ကွပ်မျက်ခြင်းများသည် အာဏာသိမ်းစစ်ကောင်စီ၏ အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုများထဲမှ အချို့ပင်ဖြစ်ပါသည်၊၊ ၄။ အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့သည့်အချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ ၄,၂၅၀ ဦး အားသတ်ဖြတ်ခဲ့ပြီး ၂၅,၅၂၂ ဦးအား ဖမ်းဆီးခဲ့သည်၊၊ ပြည်သူ့အိုးအိမ်နှင့် ပြည်သူပိုင် အဆောက်အအုံ ၈၀,၀၀၀ ခန့်ကိုမီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်၊၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများသာမက စစ်ဘေးရှောင်စခန်းများကိုပါ လေကြောင်း ဖြင့် မကြာခဏပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်၊၊ မကြာသေးမီက ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ မုန်လိုင်ခတ်ကျေးရွာအား လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် ၁၁ ဦးအပါအဝင် ပြည်သူ ၂၈ ဦး သေဆုံးခဲ့ပြီး ၆၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့သည်၊၊ ဥပဒေမဲ့ အာဏာသိမ်းမှုနှင့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများကြောင့် ၂.၅ သန်းကျော်သော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်၊၊ ထို့အပြင် အမျိုးသမီးနှင့် ကလေး သူငယ်များအပါအဝင် ၁၈ သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးတကြီး လိုအပ်လျက်ရှိပါသည်၊၊ ယင်းအကူအညီလိုအပ်နေသူများထံသို့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ အမှန်တကယ်ရောက်ရှိရန်အတွက် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် လက်တွေ့ ကျကျ ပူးပေါင်းဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း ထပ်လောင်းအသိပေးလိုပါသည်၊၊ ၅။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပဋိက္ခများ အဆုံးသတ်နိုင်ရန် စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပြီး မြန်မာနိုင်ငံအား ဒီမိုကရေစီပြန်လည်ရရှိစေရန် ကြိုးပမ်းအားထုတ်ရမည် ဖြစ်ပါသည်၊၊ မြန်မာ ပြည်သူများသည် ၎င်းတို့၏ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ လူ့သိက္ခာနှင့် တရားမျှတမှုတို့ ရရှိနိုင် ရန် ရက်စက်ကြမ်းကြုတ်သော အာဏာသိမ်းစစ်ကောင်စီကို ရဲရင့်စွာ ခုခံတွန်းလှန်နေဆဲ ဖြစ်ပါ သည်၊၊ အာဏာသိမ်းစစ်ကောင်စီနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ခဲ့ကြသူများ အနေဖြင့် လူနည်းစုတိုင်းရင်းသားများနှင့် ရိုဟင်ဂျာလူမျိုးများအပါအဝင် မြန်မာပြည်သူများ အပေါ်၌ ခေတ်အဆက်ဆက်က ကျူးလွန်ခဲ့သည့် ရက်စက်အကြမ်းဖက်မှုများအတွက် တာဝန်ယူ ရမည်ဖြစ်ပါသည်၊၊ ယင်းသည် အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသို့ လျှောက်လှမ်း နေသည့် နိုင်ငံရေးအကူးအပြောင်းအား ပိုမိုချောမွေ့စေမည့် အရေးကြီးသော အဆင့်တစ်ခုလည်း ဖြစ်ပါသည်၊၊ မြန်မာနိုင်ငံတွင်သာမက အာရှအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများတွင် လူသား အားလုံးအတွက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအား ကာကွယ်ပေးနိုင်မည့် ကမ္ဘာကြီး ဖြစ်တည် စေရန်မှာ ကျွန်ုပ်တို့၏ မျှော်မှန်းချက် ဖြစ်ပါသည်၊၊ ၆။ ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် ကမ္ဘာ့အသိုက်အဝန်းအနေဖြင့် တိုးတက်အောင်မြင် မှုအဆင့် အသစ်တစ်ခုရှိနေသော လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေကို နားလည်ရန် တောင်းဆိုလို ပါသည်၊၊ ဒီမိုကရေစီ ထောက်ခံအားပေးသူများသည် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် နွေဦးတော်လှန်ရေး၏ အောင်မြင်မှုအတွက် ဆက်လက်လုပ်ဆောင်သွားရန် စည်းလုံးညီညွတ်လျက် ရှိပါသည်၊၊ ယခုအချိန်သည် နိုင်ငံတကာအသိုက်အဝန်းထံမှ အကူအညီပေးအပ်ရန် အရေးကြီး အချိန်တစ်ခုလည်း ဖြစ်ပါသည်၊၊ အမေရိကန်ပြည်ထောင်စု၊ ယူကေနှင့် ကနေဒါနိုင်ငံတို့၏ ပူးပေါင်း အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများကို ကြိုဆိုပြီး အခြားသော နိုင်ငံများအနေဖြင့် အလားတူ အရေးယူ မှုများ ချမှတ်ပေးရန် တောင်းဆိုပါသည်၊၊ ၇။ ယနေ့ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် စစ်အာဏာသိမ်းမှု အား အဆုံးသတ်နိုင်ရေး ကူညီဆောင်ရွက်ပေးရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့ ပြန်လည်ရရှိရေးအတွက် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ တရားဝင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသား ကိုယ်စားပြုအဖွဲ့အစည်းများအား ပံ့ပိုးကူညီပေးရန် ကျွန်ုပ်တို့အနေဖြင့် ထပ်မံ တိုက်တွန်းအပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2023-12-10

Date of entry: 

2023-12-10

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

3.42 MB

Resource Type: 

text

Text quality: 

    • Good