(၂၇၁၃) ပြည့်နှစ် တအာင်းနှစ်သစ်ကူးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

Description: 

"၁။ ယနေ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့သည် တအာင်းတိုင်းရင်းသားတို့ အလေးအမြတ် တန်ဖိုးထားကြသည့် တအာင်းနှစ်သစ်ကူးနေ့ထူးနေ့မြတ် ဖြစ်ပါသည်။ တအာင်းတိုင်းရင်းသားများ နှင့်တကွ ပြည်သူလူထုတစ်ရပ်လုံးသည် မင်္ဂလာရှိသော ဤနှစ်သစ်မှစတင်ကာ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ဖြင့် ပြည့်စုံပါစေကြောင်း ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါသည်။ ၂။ မြန်မာနိုင်ငံ ဒေသအသီးသီးတွင် မျိုးနွယ်စုများစွာ ပျံ့နှံ့နေထိုင်လျက်ရှိကြသည့် တအာင်း လူမျိုးများသည် ဘာသာစကား၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုစသည့်သမိုင်းအမွေအနှစ်များကို လက်ဆင့်ကမ်းသယ်ဆောင်စောင့်ရှောက်လာခဲ့ကြပြီး စည်းလုံးညီညွတ်သည့် လူမျိုးများဖြစ်သည့် အပြင် ကိုလိုနီနယ်ချဲ့များ၏ သိမ်းပိုက်ခြင်းခံထားရသည့် ကာလတွင်လည်း အခြားတိုင်းရင်းသားများ နှင့်အတူ ပူးပေါင်းတော်လှန်တိုက်ခိုက်ခဲ့ကြသည့် သမိုင်းအစဉ်အလာကြီးမားသော လူမျိုးများ ဖြစ်ကြ ပါသည်။ ထို့အပြင် တအာင်းလူမျိုးတို့၏ နောက်ဆုံးစော်ဘွားဖြစ်သည့် စဝ်ခွန်ပန်းစိန်သည် ပင်လုံ စာချုပ် ချုပ်ဆိုရာတွင် ပါဝင်ခဲ့သူ ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်းကိုလည်း ဂုဏ်ယူ လေးစားစွာ ဖော်ပြလိုပါသည်။ ၃။ ယခုကဲ့သို့ ကိုဗစ်ရောဂါကပ်ဆိုးကျရောက်နေစဉ် အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းကာ ပြည်သူများအား ဥပဒေမဲ့ဖမ်းဆီး၊ ရိုက်နှက်၊ သတ်ဖြတ်နေမှုများကြောင့် တနိုင်ငံလုံး မှောင်အတိကျနေသည့် ကာလတွင်လည်း တအာင်းလူမျိုးများသည် နိုင်ငံတဝှမ်းရှိ ပြည်သူတစ်ရပ်လုံးနှင့်အတူ ညီညွတ်မှုကိုအခြေပြုကာ မြန်မာနိုင်ငံ၏ကံကြမ္မာကို ဖန်တီးရန်အတွက် အဓိကနေရာမှ ပါဝင်လျက်ရှိနေကြသည်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် အထူးလေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ၄။ မြန်မာ့နွေဦးတော်လှန်ရေးသည် အကြမ်းဖက်စစ်ကောင်စီကျဆုံးရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတို့အတွက် မြန်မာတစ်နိုင်ငံလုံး၏ စည်းလုံးညီညွတ်မှုစွမ်းအားကို မီးမောင်းထိုးပြလိုက်သော တော်လှန်ရေးတစ်ရပ်ဖြစ်ပါသည်။ တော်လှန်ရေးခရီးရှည်ကြီး ဤမျှဝေးဝေး ခရီးပေါက်လာခြင်းမှာ တိုင်းရင်းသားအားလုံး၏ ပေါင်းစည်းညီညွတ်မှုကြောင့်သာ ဖြစ်ကြောင်း အလေးအနက်ဖော်ပြလိုပါသည်။ ၅။ မြန်မာပြည်သူတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီ ကျဆုံးရေး နှင့်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးတို့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေဖြင့် အင်တိုက်အားတိုက် ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း ကတိသစ္စာပြုလျက် ယနေ့ ကျရောက်သည့် နေ့ထူးနေ့မြတ်ဖြစ်သော (၂၇၁၃) ပြည့်နှစ် တအာင်းနှစ်သစ်ကူးနေ့အား ကြိုဆို ဂုဏ်ပြုလိုက်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2021-12-24

Date of entry: 

2021-12-24

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

274.29 KB

Resource Type: 

text

Text quality: 

    • Good