၇၂ နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

Description: 

"၁။ ကရင်တိုင်းသားတို့အနေဖြင့် ကရင်ပြည်၏ လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့အတွက် တိုက်ပွဲဝင်ခဲ့ကြသည်မှာ နှစ်ပေါင်း ၇၀ ကျော်ပင် ကြာခဲ့ပြီဖြစ်ပါသည်။ ယနေ့သည် ကရင်တိုင်းရင်းသားများ ဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြရင်း ကျဆုံး သွားခဲ့ကြသူ စောဘဦးကြီးနှင့်တကွ ကရင်တိုင်းရင်းသားအာဇာနည်များအားလုံးကို အောက်မေ့ဂုဏ်ပြု သောအားဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ၇၂ နှစ်မြောက် ကရင်အာဇာနည်နေ့ ဖြစ်ပါသည်။ ၂။ ကရင်တိုင်းရင်းသားတို့သည် ကိုလိုနီဖက်ဆစ်များကို တော်လှန်ရာတွင်လည်းကောင်း၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်များအား တော်လှန်ရာတွင်လည်းကောင်း အရှုံးပေးသည်၊ လက်လျှော့ သည်ဟူ၍ မရှိဘဲ မားမားမတ်မတ်ဆန့်ကျင်တော်လှန်ခဲ့ကြသူများ ဖြစ်ကြပါသည်။ နှစ်ပေါင်းများစွာ ဖိနှိပ်လာခဲ့သည့် စစ်အာဏာရှင်စနစ်ဆိုးကြီးအား နိုင်ငံတဝှမ်းရှိ ပြည်သူများက တခဲနက် ဆန့်ကျင် တော်လှန်နေကြသည့် ယခုအချိန်မျိုးတွင်လည်း ကရင်တိုင်းရင်းသားတို့သည် ညီနောင်တိုင်းရင်းသား များနှင့်အတူ လက်တွဲ၍ အသက်နှင့်ခန္ဓာအား ပေးလှူကာ ဆက်လက်တိုက်ပွဲ ဝင်နေကြဆဲပင်ဖြစ်ပါ သည်။ ၃။ ထို့အပြင် ပြည်တွင်းပြည်ပရှိ ကရင်တိုင်းရင်းသားများအနေဖြင့် အကြမ်းဖက် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အလွှာအသီးသီးမှ မိတ်ဖက်နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုများ အား နွေးထွေးစွာ ကြိုဆိုပြီး ကူညီစောင့်ရှောက်ပေးမှုများသည် တော်လှန်ရေးအောင်မြင်ရန်အတွက် ကြီးမားသည့် တွန်းအားတစ်ရပ်ဖြစ်ပါကြောင်း ပြည်သူတစ်ရပ်လုံးကိုယ်စား ကျေးဇူးတင်စွာ မှတ်တမ်းတင်အပ်ပါသည်။ စစ်အုပ်စုကအမျိုးမျိုးဖိနှိပ်နေသည့်တိုင် တော်လှန်ရေးကြီး ယနေ့အချိန်ထိ အဓွန့်ရှည်၍ အားကောင်းနေခြင်းမှာ တော်လှန်ရေးအင်အားစုများ၏ ညီညွတ်မှုကြောင့်ပင်ဖြစ်ပါသည်။ ၄။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အနေဖြင့် ဖိနှိပ်သူအာဏာရှင်တို့အား အညံ့မခံဘဲ ဆန့်ကျင်ခဲ့ကြသဖြင့် တော်လှန်ရေးလမ်းခုလတ်တွင် ကျဆုံးခဲ့ကြရသော လူမျိုးစုအသီးသီးမှ အာဇာနည် သူရဲကောင်းအပေါင်းတို့အား ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ အလေးပြုပါကြောင်း ယနေ့ကျရောက်သည့် အောက်မေ့ဖွယ်နေ့တွင် ဝမ်းနည်းစွာ ပြောကြားလိုပါသည်။ အာဇာနည်မျိုး သေရိုးမရှိဟူသည့် စကားအတိုင်းပင် ပြည်သူ့အကျိုးကိုရှေးရှုလျက် ခံယူချက်အတွက် အသက်ပေး သွားခဲ့ကြသူ သူရဲကောင်းများ၏ စိတ်ဝိဉာဉ်များမှာ ပြည်သူတို့၏ စိတ်နှလုံးထဲတွင် အစဉ်အမြဲပင် ရှိနေမည်ဖြစ်ပါသည်။ ၅။ အာဏာရှင်ကိုဆန့်ကျင်ရင်း ကျဆုံးခဲ့ကြသည့် ခေတ်အဆက်ဆက် ရဲဘော်များ၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့် အာဏာရှင်စနစ် အပြီးတိုင်ပပျောက်စေရေးနှင့် တိုင်းရင်းသားအားလုံး တန်းတူယှဉ်တွဲ နေထိုင်နိုင်မည့် တရားမျှတပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက် ရေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဦးလည်မသုန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းကို ယနေ့ကျရောက်သည့် ၇၂ နှစ်မြောက် ကရင်အာဇာနည်နေ့ တွင် အခိုင်အမာ ကတိ သစ္စာပြုအပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-08-12

Date of entry: 

2022-08-12

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

English

Local URL: 

Format: 

pdf

Size: 

277.05 KB

Resource Type: 

text

Text quality: 

    • Good