Description:
"(၁) ယနေ့ကျရောက်သော (၇၂) နှစ်မြောက် ကရင်အာဇာနည်နေ့သို့ လေးစားစွာဖြင့် ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
(၂) ကရင်အမျိုးသားများ၏ အမျိုးသားရေးအရ ခွဲခြားဆက်ဆံမှုမရှိစေရန်နှင့်နိုင်ငံရေးအရ တန်းတူအခွင့်အရေး ရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ကရင့်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးကျဆုံးခဲ့သည့် သြဂုတ်လ (၁၂)ရက်နေ့ကို ကရင်အာဇာနည်နေ့ဟု သတ်မှတ်ကျင်းပခဲ့ကြသည်။
(၃) ခေတ်အဆက်ဆက်တွင် အမျိုးသားတန်းတူရေးအတွက် ကိုယ်ကျိုးစွန့်ကာ အသက်ပေးတာဝန်ထမ်းဆောင် ခဲ့ကြသည့် ကရင့်အာဇာနည်များကို ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိအမှတ်ပြုအပ်ပါသည်။
(၄) ယနေ့မြန်မာနိုင်ငံတော်တွင် စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူများခါးစည်းခံနေရသည့် ဒုက္ခများ ပြေလည် စေရန် ကရင်အမျိုးသားများနှင့်လက်တွဲညီညီဖြေရှင်းသွားမည်ဖြစ်ကြောင်း ကတိပြုရင်း ဤ သဝဏ်လွှာကို တော်လှန်ရေးစိတ်ဓာတ်ဖြင့် ပေးပို့အပ်ပါသည်။..."
Source/publisher:
Ministry of Defence - National Unity Government of Myanmar
Date of Publication:
2022-08-12
Date of entry:
2022-08-12
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
163.18 KB
Resource Type:
text
Text quality:
- Good