(၇၇) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

Description: 

"၁။ ယနေ့အခါသမယသည် မြန်မာ့မြေပေါ်မှ နယ်ချဲ့ဖက်ဆစ်များကို တွန်းလှန်တိုက်ထုတ် နိုင်ခဲ့ကြသည့် တိုင်းရင်းသားပြည်သူအပေါင်း၏ အောင်ပွဲဖြစ်သော (၇၇) နှစ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့ ဖြစ်ပါသည်။ တိုင်းပြည်လွတ်လပ်ရေးရရှိနိုင်ရေးအတွက် အသက်သွေးချွေးများ ဖြင့် ပေးဆပ်ခဲ့ကြသော တော်လှန်ရေး ခေါင်းဆောင်များနှင့် သူရဲကောင်းများအား အောက်မေ့ သတိရဂုဏ်ပြုလျက် တိုင်းရင်းသားပြည်သူအားလုံး ရည်မှန်းကြိုးပမ်းနေသည့် ငြိမ်းချမ်း၍ တိုးတက်သော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အမြန်ဆုံး ရယူတည်ဆောက် နိုင်ပါစေကြာင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ၂။ လွတ်လပ်ရေးကို ကူညီရယူပေးနိုင်သည်ဟု ကျူးကျော်ဝင်ရောက်လာသော ဖက်ဆစ် ဂျပန်များအား ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာ့တပ်မတော်၊ နိုင်ငံရေး အင်အားစုများနှင့် ပြည်သူများက တစ်တိုင်းပြည်လုံးအတိုင်းအတာဖြင့် ပါဝင်တော်လှန်တိုက်ထုတ်ခဲ့ကြကာ ထို တော်လှန်ရေးသူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် ၁၉၄၅ ခုနှစ်မှ စတင်၍ တော်လှန်ရေးနေ့ အဖြစ်ကျင်းပခဲ့ကြပြီး ၁၉၅၅ ခုနှစ်တွင်မူ စစ်အာဏာရှင်များက ပြည်သူလူထုပါဝင်မှုသမိုင်းကို မှေးမှိန်စေရန် တပ်မတော်နေ့အဖြစ် ပုံဖျက်သတ်မှတ်ခဲ့ကြသည်။ ၃။ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက် ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည့် ဗမာ့တပ်မတော်သည် စစ်အာဏာရှင်တစ်စု၏ အသုံးချခံ အဖွဲ့ အစည်းတစ်ခုအဖြစ် ရောက်ရှိသွားခဲ့ရပြီး နိုင်ငံတော်၏ အာဏာကို အဓမ္မနည်းဖြင့် အကြိမ်ကြိမ် သိမ်းယူခဲ့ကာ တိုင်းပြည်နှင့် လူမျိုးအပေါ် ဗိုလ်ကျစိုးမိုး ဖိနှိပ်အုပ်ချုပ်ရန် ကြိုးစားခဲ့ခြင်းကြောင့် နိုင်ငံသည်လည်း ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးသော နိုင်ငံအဖြစ် ရောက်ရှိခဲ့ရပါသည်။ ၄။ ယနေ့အချိန်တွင် လူသတ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်လူတစ်စု ဦးဆောင်သည့် အကြမ်းဖက် ဖက်ဆစ်စစ်တပ်သည် ဒီမိုကရေစီနည်းကျ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရထံမှ နိုင်ငံတော်၏ အာဏာကို လက်နက် အားကိုးဖြင့် သိမ်းယူခဲ့ပြီး နိုင်ငံတစ်ဝှမ်း၌ ဥပဒေမဲ့ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများကို ရည်ရွယ် ချက်ရှိရှိ ကျူးလွန်လျက်ရှိခြင်းကြောင့် ကျောင်းသား၊ လူငယ်၊ အလုပ်သမား၊ လယ်သမားများ အပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက နယ်ချဲ့ဖက်ဆစ်များကို ဆန့်ကျင်တော်လှန်သည့် နည်းတူ ပြန်လည်ဆန့်ကျင်တော်လှန်နေရချိန် ဖြစ်ပါသည်။ ၅။ ဆယ်စုနှစ် ၇ ခုကျော်ကြာ ၎င်းတို့အာဏာတည်မြဲရေးနှင့် ကိုယ်ကျိုးစီးပွားအတွက်သာ ရှေးရှုသည့် စစ်အာဏာရှင်လူတစ်စုကြောင့် မြန်မာ့တပ်မတော်သည် ပြည်သူလူထု၏ ယုံကြည် ကိုးစားမှုကို လုံးဝပျက်သုဥ်းသွားပြီဖြစ်သည့်အပြင် စက်ဆုပ်ရွံရှာဖွယ် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုသို့ ရောက်ရှိသွားပြီ ဖြစ်ခြင်းကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ပေးနိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကြီးကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် တော်လှန်ရေး အင်အားစုများဖြင့် တည်ထောင်ဖွဲ့စည်းသွားရန် အထူးလိုအပ်နေပြီဖြစ်ကြောင်း ယနေ့အချိန်တွင် မီးမောင်းထိုးပြ လျက်ရှိပါသည်။ ၆။ နှစ်ပေါင်းများစွာကြာ စစ်တပ်၏ နိုင်ငံနှင့် လူမျိုးအပေါ်၌ လူမဆန်သော အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်မှုများကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး ယနေ့ နွေဦးတော်လှန်ရေးတွင် လည်း ပြည်သူ ၁၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၁၂,၉၇၀ ကျော်ကိုလည်း ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းထားလျက်ရှိပါသည်။ နိုင်ငံတစ်ဝှမ်း ဖိနှိပ်သတ်ဖြတ်မှုများကြောင့် ပြည်နယ်နှင့် တိုင်း အသီးသီးရှိ ပြည်သူများသည် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရပြီး နိုင်ငံတစ်ဝှမ်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများသည် ဖက်ဆစ်စစ်တပ်၏ ပြည်သူ့ဆန္ဒကို လက်နက်အားကိုးဖြင့် ဖျက်ဆီးခဲ့ခြင်း၏ အကျိုးဆက်ပင် ဖြစ်ပါသည်။ ၇။ ယနေ့ဆင်နွှဲလျက်ရှိသည့် နွေဦးတော်လှန်ရေးမှတစ်ဆင့် မိမိတို့မျှော်ရည်မှန်းသည့် အနာဂတ်ပြည်ထောင်စုကို တည်ဆောက်ရန်ဆိုသည်မှာ အတ္တကြီးသော စစ်အာဏာရှင်တို့နှင့် ၎င်းတို့၏ စနစ်ဆိုးအား အမြစ်ပြတ်ခြေမှုန်းပြီးမှသာ ဆက်လက်လျှောက်လမ်းနိုင်မည်ဖြစ်ပါသည်။ ယင်းအကြမ်းဖက်စစ်တပ်အား မြန်မာ့မြေပေါ်မှ အပြီးတိုင် တွန်းလှန်တိုက်ထုတ်ပြီး တိုင်းရင်း သားပြည်သူတို့က အတူတကွ လက်တွဲကြိုးပမ်းကာ မိမိတို့၏ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ်အား ကြိုးပမ်းတည်ဆောက်သွားရမည့် အချိန် အခါကောင်းပင်ဖြစ်ပါသည်။ ၈။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေး/ တော်လှန်ရေး အင်အားစုများ၊ ထောက်ပို့အင်အားစုများနှင့် ပြည်သူလူထုတို့အကြား တူညီသော ဆန္ဒကို အခြေခံ၍ စည်းလုံးညီညွတ်စွာဖြင့် ကျရာကဏ္ဍများတွင် တက်စွမ်းသရွေ့ ကြိုးပမ်း ထမ်းရွက်နေခြင်းကြောင့် ယနေ့တော်လှန်ရေးသည် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပြီး ပြင်းပြသော စိတ်ဆန္ဒ၊ ခိုင်မာသော တွဲလက်များဖြင့် မိမိတို့၏ တော်လှန်ရေးအောင်ပွဲဆီသို့ ဆက်လက်ကြိုးပမ်းသွားကြပါစို့ဟု လေးနက်စွာ တိုက်တွန်းရင်း ဤ (၇၇) နှစ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့ သဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-03-27

Date of entry: 

2022-03-27

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

English

Local URL: 

Format: 

pdf

Size: 

455.44 KB

Resource Type: 

text

Text quality: 

    • Good