A Distortion of Reality: Drugs, Conflict and the UNODC’s 2018 Myanmar Opium Survey - မြေပြင်အမှန်တရားကို လိုရာဆွဲပုံဖော်ခြင်း - မူးယစ်ဆေးဝါး၊ ပဋိပက္ခနှင့် UNODC ၏ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ဘိန်းစစ်တမ်

Topic: 

Description: 

''After decades of fighting between the central government and various ethnic armed organisations in Myanmar, the links between drugs and conflict have spiraled into a complex chain reaction. The roots of the conflict are political, but today very few of the conflict parties in drugs-producing areas can claim to have clean hands when it comes to the narcotics trade. Myanmar has been under military-dominated government since 1962, and it remains one of the most militarized countries in the world. The recently-released “Myanmar Opium Survey 2018” by the United Nations Office on Drugs and Crime (UNODC) makes the following conclusion: “[In] parts of Shan and Kachin experiencing a protracted state of conflict, high concentrations of poppy cultivation have continued – a clear correlation between conflict and opium production.”1 There is nothing controversial in this statement, and the description reflects the situation in the field. The UNODC, however, then goes on to make specific accusations against several of the conflict actors. In the process, the UN agency makes a number of errors and appears to omit important information, thereby distorting realities of the situation on the ground...'' "ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၏ လတ်တလောထုတ်ပြန်ခဲ့သည့် “၂၀၁၈ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ဘိန်းစစ်တမ်း”၌ ပဋိပက္ခတွင်း ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအချို့ကို တိတိပပစွပ်စွဲပြောဆိုထားသည့် အချက်များပါဝင်လျက်ရှိသည်။ ဤ သုံးသပ်ချက်အတွင်း မြန်မာနိုင်ငံ၏ ရှုပ်ထွေးလွန်းလှသည့် လက်တွေ့အခြေအနေများကို ထင်ဟပ်မှုမရှိဘဲ လိုရာဆွဲ၍ မည်ကဲ့သို့ပုံဖော်ရေးသားထားကြောင်း ရှင်းလင်းဖော်ပြထားပါ သည်။ မန်မာနိုင်ငံအတွင်း ဆယ်စုနှစ်ပေါင်းများစွာ ဗဟိုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများ၏အဆုံး၌ မူးယစ်ဆေးဝါးနှင့် ပဋိပက္ခအကြား ဆက်စပ်မှုသည် အလွန်ရှုပ်ထွေးသည့် ကွင်းဆက်ဖြစ်စဉ်တစ်ခုအဖြစ် ကျယ်ပြန့်လာခဲ့သည်။ ပဋိပက္ခ၏ ဇစ်မြစ်သည် နိုင်ငံရေးဖြစ်သော်လည်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် နယ်မြေဒေသများရှိ မူးယစ်ဆေး ဝါးကုန်ကူးမှုနှင့် ပတ်သက်လာပါက မိမိတို့၏လက်များ စွန်းထင်းခြင်းမရှိဘဲ သန့်စင်လျက်ရှိသည်ဟု ပြောဆိုနိုင်သည့် ပဋိပက္ခဇာတ်ကောင်များ လွန်စွာနည်းပါးသည်။ မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်က တည်းက စစ်တပ်ကြီးစိုးထားသည့် အစိုးရအဆက်ဆက်အောက်၌ ကျရောက်ခဲ့ပြီး ယခုအချိန်ထိလည်း ကမ္ဘာ့မျက်နှာစာထက် စစ်ပုံသွင်းမှု အကျယ်ပြန့်ဆုံးနိုင်ငံတစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်သည်။ လတ်တလောထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ “၂၀၁၈ ခုနှစ် မြန်မာ နိုင်ငံဆိုင်ရာ ဘိန်းစစ်တမ်း”၌ အောက်ပါအတိုင်း သုံးသပ်တင်ပြထားသည်။ “ကာလရှည် လက်နက် ကိုင်ပဋိပက္ခဒဏ်သင့်ခဲ့သည့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့၏ အချို့သောနယ်မြေဒေသများ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဆက်လက်ထူထပ်နေခြင်းက ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ပဋိပက္ခအကြား အပြန်အလှန် ဆက်နွယ်ပတ်သက်မှုရှိကြောင်း ရှင်းရှင်းလင်းလင်းပြဆိုလျက်ရှိသည်။”၁ ဤအဆိုနှင့် ပတ်သက်၍ ဝိဝါဒကွဲပြားစရာ အကြောင်းမရှိသလို သုံးသပ်ဖော်ပြချက်သည်လည်း မြေပြင်အခြေအနေ ကို ထင်ဟပ်လျက်ရှိသည်။...''

Creator/author: 

Source/publisher: 

Transnational Institute (TNI)

Date of Publication: 

2019-03-05

Date of entry: 

2019-03-11

Grouping: 

  • Individual Documents

Category: 

Geographic coverage: 

    • Myanmar

Countries: 

Myanmar

Language: 

English, Burmese (မြန်မာဘာသာ)

Resource Type: 

text

Text quality: 

    • Good