အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက “ဝ” ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၃) နှစ်ပြည့်သို့ ပေးပို့သည့် သဝဏ်လွှာ

Description: 

"၁။ ယနေ့ ၂၀၂၂ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့တွင်ကျရောက်သော “ဝ”ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၃)နှစ်ပြည့်သို့ ဂုဏ်ယူစွာဖြင့် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ ၂။ “ဝ”ပြည်သူများ၏အစဥ်အလာကြီးမားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ကိုယ်ပိုင်ပြဌာန်းခွင့်များကို အာမခံချက် အပြည့်အဝရရှိစေရန်လည်းကောင်း၊ ကိုယ်ပိုင်စာပေ၊ ယဥ်ကျေးမှုနှင့်အထွေထွေလူမှုစီးပွားအခွင့်အလမ်း များ တိုးတက်မြင့်မားစေရန် အတွက်လည်းကောင်း “ဝ” အမျိုးသားခေါင်းဆောင်များနှင့် “ဝ” ပြည်သူများ သည် ၁၉၈၉ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်တို့ကို ထူထောင်ကာ အခက်အခဲများကြားတွင် စည်းလုံးညီညွတ်စွာဖြင့် ငြိမ်းချမ်းရေးကို ကြိုးပမ်းတည်ဆောက်ခဲ့ကြသည်။ ၃။ “ဝ” ပြည်နယ်၏ရရှိပြီးသော ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်မှုနှင့်လူမှုစီးပွားကဏ္ဍပေါင်းစုံ တိုးတက် ဖွံ့ဖြိုုးမှုများ အဓွန့်ရှည်တည်တံ့ခိုင်မာစေရန် “ဝ” အမျိုးသားခေါင်းဆောင်များနှင့်“ဝ” ပြည်သူများ ဆထက် ထမ်းပိုးကြိုးပမ်းဆောင်ရွက်နိုင်ပါစေကြောင်းနှင့်အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို အုတ်မြစ်ချထူထောင်ရာတွင် အမြော်အမြင်ကြီးမားစွာဖြင့် ဦးဆောင်ပါဝင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။..."

Source/publisher: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2022-04-17

Date of entry: 

2022-04-17

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

220.84 KB

Resource Type: 

text

Text quality: 

    • Good