အမျိုးသားညီညွတ်ရေးအစိုးရက (၇၅)နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

Description: 

"၁။ ယနေ့တွင်ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်အမျိုးသားနေ့တွင် ကရင်လူမျိုးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ၂။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် မြန်မာပြည်အနှံ့ရှိ ကရင်အမျိုးသားများအားလုံး စုစည်းညီညွတ်စွာဖြင့် ကရင်ပြည်ရရှိရေး၊ အမျိုးသားတန်းတူရေး၊ လူမျိုးရေးပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ အဆိုပါ သမိုင်းဝင် လူထုဆန္ဒထုတ်ဖော်ခဲ့သည့် နေ့ရက်ကို ကရင်အမျိုးသားနေ့အဖြစ် ၁၉၅၃ ခုနှစ်တွင် ကျင်းပခဲ့သော ကော်သူးလေညီလာခံကြီးတွင် အသိအမှတ်ပြုခဲ့ပါသည်။ ဤသို့ဖြင့် ကရင်အမျိုးသားနေ့အား ဂုဏ်ပြုကျင်းပလာခဲ့သည်မှာ စိန်ရတုအထိမ်းအမှတ်သို့ပင် ရောက်ရှိလာပြီဖြစ်ပါသည်။ ၃။ လွန်လေပြီးသော နှစ်ပေါင်း (၇၅)နှစ်အတွင်း ကရင်အမျိုးသားများသည် ပြည်တွင်းစစ်၏ အနိဌာရုံများကို အလူးအလဲခံစားခဲ့ကြရပါသည်။ သို့သော်လည်း ကေအဲန်ယူ-ကရင်အမျိုးသား အစည်း အရုံး၏ ဦးဆောင်မှုဖြင့် ကရင်အမျိုးသားများ၏ နိုင်ငံရေးမျှော်မှန်းချက်အတွက်သာမက ပြည်‌ထောင် စုမြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်းလျက်ရှိနေပါသည်။ ကရင်အမျိုးသားများ၏ ပေးဆပ်မှုနှင့် ကြိုးပမ်းမှုအပေါင်းကို ထပ်တူခံစားပြီး များစွာ လေးစားအသိအမှတ်ပြုပါကြောင်း အမျိုးသားညီညွတ် ရေးအစိုးရအနေဖြင့် ဖော်ပြလိုပါသည်။ ၄။ ယခုနွေဦးတော်လှန်ရေးတွင်လည်း ကရင်အမျိုးသားတို့၏ ဦးဆောင်မှု၊ ကြိုးပမ်းအားထုတ်မှု နှင့် စွန့်လွှတ်အနစ်နာခံမှု အားလုံးကို ပြည်ထောင်စုတဝှမ်းလုံးရှိ တိုင်းရင်းသား ပြည်သူလူထု အပေါင်းမှ မျက်ဝါးထင်ထင် တွေ့မြင်သိရှိပြီးဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကရင်တော် လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ နွေ‌ဦးတော်လှန်ရေးကြီး၏ ပန်းတိုင်ဖြစ်သော စစ်အာဏာရှင် စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဆုံးတိုင် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ၅။ ကရင်အမျိုးသားများအနေဖြင့် ရည်မှန်းချက်ပန်းတိုင် ရောက်ရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆတက်ထမ်းပိုး ပိုမိုစွမ်းဆောင်နိုင်ပါစေကြောင်း အလေး အနက်ဆန္ဒပြုရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2023-02-11

Date of entry: 

2023-02-11

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

411.17 KB

Resource Type: 

text

Text quality: 

    • Good