Data Corruption - Exposing the true scale of logging in Burma (Burmese/ မြန်မာဘာသာ)

Description: 

သုံးသပ်ချက်အကျဉ်းချုပ် - မြန်မာအစိုးရ၏ လတ်တလော ပုံနှိပ်ထုတ်ပြန်လိုက်သော လွန်ခဲ့သော ၁၅နှစ်အတွင်း သစ်လုံးထုတ်လုပ်မှုနှင့် သစ်တင်ပို့မှု စာရင်းဇယားများ၏ ဖော်ပြချက်မှာ မြန်မာနိုင်ငံသစ်လုံးထုတ်လုပ်မှုနှင့် ပတ်သက်၍မှတ်တမ်းတင်ထားသော ကမ္ဘာ့ကုန်သွယ်မှုများထက် သိသိသာသာပင် လျော့နည်းနေကြောင်း၊ မြန်မာနိုင်ငံတွင်း ထိုသစ်လုံးထုတ်လုပ်မှုနှင့် ပတ်သက်၍ ဥပဒေချိုးဖောက်မှုနှင့် ခြစားမှုများလွှမ်းမိုးနေကြောင်းကို သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) ၏ သုသေသနပြုချက်က ထုတ်ဖော်လိုက်သည်။ - ၂၀၀၁-၁၃ခုနှစ်အတွင်း သစ်လုံးတင်ပို့မှုနှင့် ပတ်သက်သော တရားဝင်ထုတ်ပြန်သည့် ပမာဏသည် မြန်မာနိုင်ငံသစ်လုံးထုတ်လုပ်မှုနှင့် ပတ်သက်၍မှတ်တမ်းတင်ထားသော နိုင်ငံတကာကုန်သွယ်မှုများအားလုံး၏ ၂၈ ရာခိုင်နှုန်းသာလျှင်ရှိပြီး ၇၂ ရာခိုင်နှုန်းသော သစ်တင်ပို့မှုများမှာ တရားမဝင်ဖြစ်ကြောင်းကို ဖော်ပြနေသည်။ - ၂၀၀၁-၁၃ခုနှစ်အတွင်း အစိုးရခွင့်ပြုသော တရားဝင်သစ်ထုတ်လုပ်မှု ပမာဏသည် မြန်မာနိုင်ငံထံမှ သစ်လုံးတင်သွင်းမှုနှင့် ပတ်သက်၍ မှတ်တမ်းတင်ထားသော ပမာဏ၏ ၅၃ရာခိုင်နှုန်းသာရှိပြီး နိုင်ငံအတွင်းတွင် သစ်လုံးတင်ပို့ရေးဦးတည်ပြုလုပ်သော တရားမဝင်သစ်ထုတ်လုပ်မှုသည် ၄၇ ရာခိုင်နှုန်းရှိကြောင်းဖော်ပြနေသည်။ - ၂၀၀၁-၁၃ခုနှစ်အတွင်း တရားဝင်ခွင့်ပြုမထားသော၊ မှတ်တမ်းတင်မထားသော သစ်လုံးတင်ပို့မှုပမာဏသည် ၁၆.၅သန်း ကုဗမီတာရှိကာ အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံတန်ဖိုးရှိ၏။ - သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) ၏ တွေ့ရှိချက်များသည် မြန်မာအစိုးရ၏ သစ်ထုတ်လုပ်မှုဆိုင်ရာ အခန်းကဏ္ဍတွင် စီမံခန့်ခွဲမှုများ နက်နက်ရှိုင်းရှိုင်း ပျက်ကွက်နေသည်ကို ဖော်ပြနေ၏။ သစ်တောအရင်းအမြစ်များကို ထိန်းသိမ်းရန်နှင့် ဥရောပသမဂ္ဂ၊ အမေရိကန်၊ သြစတြေးလျားနှင့် အခြားသော နိုင်ငံများပါဝင်သော ဥပဒေရေးရာများနှင့်ပတ်သက်၍ အထိအခိုက်မခံသည့် ပွားများလာသော တန်ဖိုးမြင့်ပေးမည့်ဈေးကွက်များတွင် မြန်မာသစ်လုံးတင်ပို့မှုများ ရောက်ရှိရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေ၏။

Source/publisher: 

Environmental Investigation Agency (EIA)

Date of Publication: 

2014-03-25

Date of entry: 

2014-03-25

Grouping: 

  • Individual Documents

Category: 

Language: 

Burmese/ မြန်မာဘာသာ

Local URL: 

Format: 

pdf

Size: 

628.09 KB