ဒဂုံတက္ကသိုလ်ကျောင်းသားလူငယ် ၇ ဦးအပါအဝင် ပြည်သူများအား သေဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်သည့် ပူးတွဲထုတ်ပြန်ချက်

Description: 

"၁။ အကြမ်းဖက်စစ်အုပ်စုသည် ဒဂုံတက္ကသိုလ်ကျောင်းသားလူငယ် (၇) ဦး ဖြစ်သည့် မောင်ဟိန်းထက် (ရှေးဟောင်း အထူးပြု)၊ မောင်သီဟထက်ဇော် (ပထဝီဝင် အထူးပြု)၊ မောင်သူရမောင်မောင် (မြန်မာစာအထူးပြု)၊ မောင်ခန့်လင်းမောင်မောင် (မြန်မာစာအထူးပြု)၊ မောင်ခန့်ဇင်ဝင်း၊ မောင်သက်ပိုင်ဦး၊ မောင်ဇော်လင်းနိုင်တို့ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် တရားဥပဒေဘောင်မဝင်သော ထောင်တွင်းတရားရုံးတွင် စစ်ဆေးပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် အခြားလူငယ် လေးဦး ဖြစ်သည့် မောင်မင်းထက်သာ၊ မောင်ဝေယံဇင်၊ မောင်သူထူးအောင်၊ ကိုဖြိုး တို့ကိုလည်း သေဒဏ် ချမှတ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ၂။ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေးများကို ချိုးဖောက်ခြင်း၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ကြသည့်၊ နိုင်ငံရေးနည်းလမ်းများဖြင့် ဆန့်ကျင်ကြသည့် ပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများပြုလုပ်ပြီး ပြည်သူများ၏ နိုင်ငံရေး အခွင့်အရေးများကို ချိုးဖောက်ခြင်း၊ တရားဥပဒေဘောင်မဝင်သော တရားရုံးများ မှတဆင့် စီရင်ချက်များ ချမှတ်ခြင်းများ ပြုလုပ်ပြီး ပြည်သူများ၏ တရားဥပဒေဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်ခြင်း၊ အဆိုးရွားဆုံးအနေဖြင့် သေဒဏ်များ ချမှတ်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ပြည်သူများ၏ အသက်ရှင်သန်ခွင့်ကို ချိုးဖောက်ခြင်းများ ကျူးလွန်လျက်ရှိသည်။ ၃။ စစ်အုပ်စုသည် တရားမဝင် အာဏာသိမ်းစစ်အုပ်စုသာဖြစ်သဖြင့် တရားစီရင်ရေးယန္တရားကို လည်ပတ်ရန် အခွင့်အာဏာမရှိပါ။ ထို့အပြင် သေဒဏ်စီရင်ခြင်းသည် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီခြင်း မရှိသော လုပ်ရပ်ဖြစ်သည်။ ၄။ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်အတွက် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံးက တောင်းဆိုနေချိန်တွင် ယခုကဲ့သို ကျောင်းသားလူငယ်များအား သေဒဏ် စီရင်ချက် ချမှတ်ခြင်းသည် အကြမ်းဖက်စစ်အုပ်စုက ကမ္ဘာတစ်ဝှမ်းလုံးအား စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ ၅။ အကြမ်းဖက်စစ်အုပ်စု၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးသုဉ်း သတ်ဖြတ်မှုများအတွက် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တာ၀န်ယူ၊ တာ၀န်ခံရမည် ဖြစ်သည်။ ၆။ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့တွင် စစ်အုပ်စု၏ ကြိုးပေးသတ်ဖြတ်ခံခဲ့ရသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရ တို့အပါအ၀င် အကြမ်းဖက်စစ်အုပ်စု၏ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ထိခိုက်နစ်နာရသော ပြည်သူလူထုအတွက် တရားမျှတမှုရနိုင်ရေးကို ရရှိနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။ ၇။ ထိုသို့ တစ်နိုင်ငံလုံးအနှံ့ နှိပ်စက်သတ်ဖြတ်ခံနေရသော အလုပ်သမား၊ လယ်သမား၊ ပြည်သူလူထုနှင့် အတူ ရပ်တည်၍ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကို ကောက်ယူ သိမ်းဆည်းလျက် တရားမျှတမှု ရရှိနိုင်ရေးကို အစွမ်းကုန် ကြိုးစား လုပ်ဆောင်ပြီး အရေးတော်ပုံ အောင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံန္ဒိဌာန် ပြုပါသည်။..."

Source/publisher: 

Ministry of Education, Ministry of Women, Youths and Children Affairs and Ministry of Human Rights

Date of Publication: 

2022-12-03

Date of entry: 

2022-12-03

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

429.52 KB

Resource Type: 

text

Text quality: 

    • Good