ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၏ (၂၇) ကြိမ်မြောက် အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ သဝဏ်လွှာပေးပို့ခဲ့ခြင်း

Description: 

"အီဂျစ်နိုင်ငံ၊ Sharm El-Sheikh မြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင်ကွန်ဗင်းရှင်း (UNFCCC) အဖွဲ့ဝင်နိုင်ငံများ၏ (၂၇) ကြိမ်မြောက် အစည်းအဝေး (COP27) သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ သဝဏ်လွှာပေးပို့ခဲ့ပါသည်။ ယာယီသမ္မတ၏ သဝဏ်လွှာအား‌ အောက်ပါအတိုင်း အကျဥ်းချုပ် ဖော်ပြအပ်ပါသည်- - အဖွဲ့ဝင်နိုင်ငံများ၏ (၂၇) ကြိမ်မြောက် ယခုနှစ် အစည်းအဝေးသည် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းကို အတည်ပြုခဲ့သည့် နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားလည်းဖြစ်ကြောင်း၊ ဤနှစ် (၃၀) အတွင်း ကမ္ဘာမြေသည် ရာသီဥတု ပြောင်းလဲမှုနှင့် နောက်ဆက်တွဲ အကျိုးဆက်များကို ရင်ဆိုင်ရလျက်ရှိပြီး စိမ်းလန်းသာယာသည့် အနာဂတ်ကို တည်ဆောက်ရန်မှာ ကမ္ဘာ့နိုင်ငံအားလုံး၏ တာဝန်ဖြစ်ပြီး လက်တွဲလုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ - မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံဖြစ်သည့်အပြင် ရာသီဥတုပြောင်းလဲမှုနှင့် ဂေဟစနစ် ပျက်စီးမှုများကို ကာကွယ်ထိန်းချုပ်နိုင်စွမ်း အကန့်အသတ်သာ ရှိသည့်အတွက် သဘာဝသယံဇာတများ ထိခိုက်ပျက်စီးဆုံးရှုံးမှု အမြင့်မားဆုံး နိုင်ငံများထဲတွင် ပါဝင်နေပါကြောင်း၊ - ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်ကောင်စီ၏ အဓမ္မအာဏာသိမ်းယူခဲ့သည့် အချိန်မှစပြီး တရားဥပဒေစိုးမိုးမှု မရှိသည့်အတွက် သဘာဝသယံဇာတများအား လက်လွတ်စပယ် ထုတ်ယူသုံးစွဲမှုမှာ အလွန်များပြားလာပြီး သဘာဝပတ်ဝန်းကျင်ကို သိသိသာသာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့ရ ကြောင်း၊ - အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် UNFCCC ကွန်ဗင်းရှင်းသို့ တင်ပြခဲ့သော “အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions – NDC)” ကို အကောင်အထည်ဖော်နိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ - ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေး လုပ်ငန်းစဉ်များ၊ သဘာဝသယံဇာတများ စနစ်တကျထုတ်ယူအသုံးပြုရေးနှင့် ဒေသခံများ ပူးပေါင်းပါဝင်သည့် ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းများအား ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းညှိနှိုင်း လုပ်ဆောင်လျက်ရှိပါကြောင်း၊ - မြန်မာပြည်သူများသည် စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်သည့် ဥပဒေမဲ့လုပ်ဆောင်မှုဒဏ်ကို ဆိုးဆိုးဝါးဝါး တွေ့ကြုံခံစားနေကြရသော်လည်း နယ်မြေစိုးမိုးမှုရရှိထားသည့် ဒေသများတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကူညီပံ့ပိုးမှုများနှင့်အတူ ဒေသ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုသာမက ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လုပ်ဆောင်လျက်ရှိပါကြောင်း၊ - ရာသီဥတုပြောင်းလဲမှုကြောင့်သာမက ကိုဗစ် - ၁၉ ကပ်ရောဂါ၏ နှိပ်စက်မှုနှင့် စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်အခြေအနေသည် ပိုမိုဆိုးဝါးလာပြီး ရာသီဥတုဆိုင်ရာပြဿနာများစွာနှင့်အတူ ယခုအခါ စီးပွားရေးဆုတ်ကပ်ဆိုက်ကာ ပြည်သူသန်းပေါင်းများစွာသည် ဆင်းရဲတွင်းထဲသို့ တွန်းချခံနေရသည့်အပြင် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုသည်လည်း မအောင်မြင်ဘဲ ကျဆုံးလျက် ရှိနေပါကြောင်း၊ - ပြည်သူကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရအား နည်းပညာနှင့် ငွေကြေး အထောက်အပံ့အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် အသိအမှတ်ပြု ထောက်ပံ့ပေးခြင်းကသာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံက တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်နိုင်ရန်နှင့် မြန်မာပြည်သူလူထု၏ အခွင့်အရေးအား မြှင့်တင်ပေးနိုင်ရန်အတွက် တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးနိုင်မည် ဖြစ်ပါကြောင်း၊ - မြန်မာနိုင်ငံသည် ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာပြည်သူများအား ဦးဆောင်ကာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် လိုက်လျောညီထွေ ရှိစေရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။ ယာယီသမ္မတမှ ပေးပို့ခဲ့သည့် သဝဏ်လွှာအား မြန်မာ/အင်္ဂလိပ် (၂) ဘာသာဖြင့် ထုတ်ပြန်အပ်ပါသည်။..."

Source/publisher: 

Acting President Duwa Lashi La via National Unity Government of Myanmar

Date of Publication: 

2022-11-13

Date of entry: 

2022-11-14

Grouping: 

  • Individual Documents

Category: 

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

402.83 KB

Resource Type: 

text

Text quality: 

    • Good