မြန်မာနယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းအလုပ်သမားများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ

Sub-title: 

ဘဝဇာတ်ကြောင်းများနှင့် လွှမ်းမိုးထားသည့် လူမှုဖွဲ့စည်းတည်ဆောက်မှုပုံစံများ

Description: 

"၂၀၂၀ခုနှစ်ကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားခဲ့သည့်ခုနှစ်အဖြစ် အမြဲတစေအမှတ်ရနေတော့မည်ဖြစ်သည်။ ထိုကမ္ဘာ့ကပ်ရောဂါကြောင့် ကြီးမားသည့် နောက်ဆက်တွဲအကျိုးသက်ရောက်မှုများစွာ ဖြစ်ပွားခဲ့ပါသည်။ ထိုအထဲမှ မြန်မာနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ကိုဗစ်-၁၉ကြောင့် အလွန်ထိခိုက်ခံစားခဲ့သူများတွင် ယခုအချိန်ထိ ပါဝင်နေဆဲဖြစ်သည်။ ကမ္ဘာ့ကပ်ရောဂါကြောင့် ၎င်းတို့ဘဝများနှင့် သက်ဆိုင်သော စီးပွားရေးဆိုင်ရာ ထုတ်လုပ်မှုဝန်းကျင် နယ်ပယ် (ဥပမာ အလုပ်အကိုင်များ၊ အလုပ်သမားဈေးကွက် စသည်) နှင့် နေ့တစ်ဓူရှင်သန်မှုဝန်းကျင် နယ်ပယ် (ဥပမာ နေ့စဉ်စားဝတ်နေရေး ဖူလုံရေး၊ ကလေးသူငယ်စောင့်ရှောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်ရေး၊ ပင်စင် စသည်) တို့တွင် အပြောင်းအလဲများ ဖြစ်စေခဲ့ပါသည်။ ယခုအစီရင်ခံစာသည် အလုပ်သမားများ၏ လူမှုစီးပွားရေးဆိုင်ရာအကျိုးသက်ရောက်မှုများ အထူးသဖြင့် ၎င်းတို့၏ နေသာထိုင်သာရှိမှုအခြေအနေ အပေါ်လေ့လာထားပါသည်။ ယခုအစီရင်ခံစာတွင် ရွှေ့ပြောင်းအလုပ်သမားများသည် မည်သူများဖြစ်သည်၊ အဘယ်ကြောင့် ရွှေ့ပြောင်းအလုပ်လုပ်ရသည်၊ ၎င်းတို့၏ အခြေအနေများအပေါ် မည်ကဲ့သို့ရှုမြင်ကြသည်အပေါ် သုံးသပ် ဆွေးနွေးထားပါသည်။ ၎င်းတို့တစ်ဦးချင်းစီ၏ ဘဝဇာတ်ကြောင်းများကိုလည်း မီးမှောင်းထိုးပြထားပါသည်။ ထိုကဲ့သို့ တစ်ဦးချင်းစီ၏ ဇာတ်ကြောင်းများကို အထူးတင်ပြခြင်းဖြင့် အစားအစာ၊ ခိုလှုံရာနေရာ၊ အဝတ်အစား၊ ကျန်းမာရေး၊ ပညာရေး စသည့် အခြေခံလိုအပ်ချက်များကို ၎င်းတို့မှ လက်လှမ်းမှီနိုင်မှုအပေါ် အကျိုးသက်ရောက်မှုရှိသည့် နောက်ခံ အကြောင်းရင်းများ နှင့် ထိုမှတဆင့် မည်သည့်အခြေအနေများကြောင့် လက်ရှိအလုပ်အကိုင်နေရာနှင့် အလုပ်အကိုင်အမျိုးအစား ကို ရွေးချယ်ခဲ့သည်ကို သိမြင်လာနိုင်သည်။ လူတစ်ဦးချင်းစီ၏ ဇာတ်ကြောင်းများကို ပို၍ကျယ်ပြန့်သည့်အခြေအနေနှင့် ချိတ်ဆက်နားလည်နိုင်ရန် အခြားအစီရင်ခံစာများ၊ သုတေသနများ၊ ပုံနှိပ်ထုတ်ဝေထားသည့် စာတမ်းများ အသုံးပြုထားပြီး ထို့အပြင် နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းအလုပ်သမားပေါင်း ၁၃၆ ဦး၏ ဖြေဆိုခဲ့သည့် အကြောင်းအရာများကို စုပေါင်းကာ ထပ်ခါတလဲ မြင်တွေ့ရသည့် အခြေအနေများ၊ ပုံသဏ္ဍန်များကို ဖော်ထုတ်ထားပါသည်။ ကျွန်ုပ်တို့အနေဖြင့် ရွှေ့ပြောင်းလုပ်သားများကို အလွန်အရေးပါသည့် အချိန်ကာလတွင် တွေ့ဆုံခွင့်ရခဲ့သည်ဟု ဆိုနိုင်သည်။ ယခုလက်ရှိကာလသည် အတိတ်ကာလမှ အမွေဆက်ခံခဲ့ရသော လူမှုဖွဲ့စည်းတည်ဆောက်မှုပုံစံများ (social structures)အောက်တွင် ပုံဖော်ခံထားရကာ အလွန်အန္တရာယ်များသည့် ကမ္ဘာ့ကပ်ရောဂါကြောင့် လက်ရှိကာလတွင် ထပ်မံပြဋ္ဌာန်းခံနေရပြန်သည်။ ထို့အပြင် ယခုကာလကို ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုများ၊ ရပ်ရွာလူမှုအဖွဲ့အစည်းများအတွက် ပိုကောင်းလာမည့် အနာဂတ်ဖန်တီးရန် ၎င်းတို့၏မျှော်မှန်းချက်များ အပေါ်အခြေခံပြီး သဘောပေါက် နားလည်နိုင်သည်။ စာဖတ်သူများအား ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝဇာတ်လမ်းများကို ဖတ်ရှုပေးရန်နှင့် ထိုဇာတ်လမ်းများကို ရပ်ရွာလူမှုအသိုက်အဝန်းတွင်းပြောဆိုဖလှယ်မှုများ တွင် ထည့်သွင်းဆွေးနွေးနိုင်ရန် တိုက်တွန်းလိုပါသည်။ လက်ရှိကြုံတွေ့နေရသော အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အလိုငှာ အစီရင်ခံစာမှတဆင့် သိမြင်နားလည်မှု ဖြစ်စဉ် တစ်ခုအား ရွှေ့ပြောင်းအလုပ်သမားများ နှင့်အတူ တည်ဆောက်နိုင်ဖို့ဖြစ်ပါသည်။ ထိုမှတဆင့် ပြည်သူအရေးဆောင်ရွက်ရာတွင်လည်းကောင်း၊ မူဝါဒများချမှတ်ရာတွင်လည်းကောင်း အထောက်အကူပြုနိုင်၍ လူမှုတရားမျှတမှုရှိသော ကပ်ရောဂါ အလွန်ကာလအသစ် တစ်ခုတည်ဆောက်နိုင်ရန်မျှော်မှန်းပါသည်။..."

Source/publisher: 

Transnational Institute ( Amsterdam)

Date of Publication: 

2021-09-24

Date of entry: 

2021-10-12

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf pdf

Size: 

11.56 MB (Original version), 2.69 MB (Reduce version) - 78 pages

Resource Type: 

text

Text quality: 

    • Good