Reform in Myanmar: One Year On .... မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှု တစ်နှစ်ပြည့်ချိန် (Burmese)

Description: 

အဆုံးသတ်ကောက်ချက်မြန်မာအစိုးရသစ် အာဏာရယူပြီး တစ်နှစ်အကြာတွင် သတိထား မိလောက်အောင် မြန်ဆန်သော အသွင်ကူးပြောင်းမှု စတင်ဖြစ်ပေါ် နေပြီဖြစ်သည်။ သမ္မတကလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့်ရန်၊ စီးပွားရေး ပြန်လည်တည်ဆောက်ရန်၊ တိုင်းရင်းသား ငြိမ်းချမ်းရေး အစီအစဉ်ကို အားပေးမြှင့်တင်ရန်၊ တရားသော ဥပဒေစိုးမိုးမှု တိုးတက် စေရန်နှင့် အတိတ်က ခါးသီးသော ဒဏ်ရာ ဒဏ်ချက်များ အနာကျက်စေရန် အတွက် များစွာ ပိုမို လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း ရှင်းရှင်းလင်းလင်း အသိပေးထားသည်။ ဧပြီ ၁ရက်တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲများသည် သိသိသာသာ လွတ်လပ်၊ မျှတမှုရှိခဲ့ပြီး အတိုက်အခံ NLD ပါတီ အပြတ်အသတ် အနိုင်ရရှိကာ၊ ကျင်းပနေရာ ၄၅ နေရာ အနက် ၄၃ နေရာ အနိုင်ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း သူမ၏ မဲဆန္ဒနယ်တွင် မဲအများစု အသာဖြင့် အနိုင်ရရှိသည်။ အဆိုပါ ရလဒ်များသည် လွှတ်တော်အတွင်းမှ သြဇာအာဏာ ဟန်ချက်ကို ပြောင်းလဲစေမည် မဟုတ်သော်လည်း NLD ပါတီကို အင်အားအကြီးဆုံး အတိုက်အခံ ပါတီ ဖြစ်လာစေပြီး လွှတ်တော်တွင်း၌ လူထုအကြိုက် အယူအဆကို ပြောရေးဆိုခွင့် ရှိသော ပါတီအဖြစ် အင်အားကြီး အခွင့်အာဏာကို ရရှိစေသည်။ မြန်မာနိုင်ငံ၌ အခြေခံကျကျ ပြုပြင်ပြောင်းလဲရန် လိုအပ်နေခြင်းကို နိုင်ငံရေးအာဏာရ အလွှာ အကြား ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှု ရရှိထားသည်။ ထို့အတွက်ကြောင့် နောက်ပြန်ဆုတ်မည့် အန္တရာယ်ကို သိသိသာသာ အားနည်း သွားစေသည်။ သို့သော်ငြားလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အနေဖြင့် မူဝါဒ ရေးဆွဲမှုနှင့် ဆုံးဖြတ်ချက် အကောင်အထည်ဖော်မှုတွင် နည်းပညာဆိုင်ရာ၊ အင်စတီကျူးရှင်းဆိုင်ရာ စွမ်းဆောင်ရည် ချို့တဲ့နေခြင်း၊ လူနေမှု အဆင့် သိသိသာသာ တိုးတက်လိုသည့် မျှော်လင့်ချက်များ ကြီးထွားလာခြင်းကို လိုက်မီအောင် ဖြည့်ဆည်းရခြင်းနှင့် ချွတ်ခြုံကျ စီးပွားရေးကို ပြန်လည် တည်ဆောက်ရခြင်း၊ တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေး ခိုင်မာအောင်တည်ဆောက်ရခြင်း စသည်တို့ အပါအဝင် စိန်ခေါ်မှု မြောက်များစွာနှင့် ရင်ဆိုင်နေရသည်။ ကြားဖြတ်ရွေးကောက်ပွဲမှ NLD ပါတီ၏ အောင်ပွဲသည် ပြုပြင်ပြောင်းလဲမှုကို ထပ်မံ၍ အရှိန်တင် ပေးနိုင်သော်လည်း၊ ပြည်ခိုင်ဖြိုးပါတီ၏ ရှုံးနိမ့်မှုကြောင့် နိုင်ငံရေးအာဏာရ အသိုင်းအဝိုင်းထဲမှ ပုဂ္ဂိုလ်များစွာကို တပ်လှန့်လိုက်သလို ဖြစ်သွားနိုင်ပါသည်။ ဤအချက်ကြောင့် သမ္မတအား ပါတီတွင်း ပြင်းထန်စွာ ဝေဖန်မှု ဖြစ်ပေါ်နိုင်ပြီး၊ ဒီမိုကရေစီ ဆက်လက်ပြုပြင်ပြောင်းလဲခြင်း အပေါ် ခုခံငြင်းဆန်မှု ပိုမို မာကြောလာနိုင်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း သည် မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲမှုကို ထောက်ခံ အားပေးရာတွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်နေသည်။ ဤနေရာတွင် နည်းပညာ အကြံဉာဏ်နှင့် အကူအညီပေးခြင်းအပြင် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှု ကို နိုင်ငံရေးအရ အားပေးထောက်ခံရန် လိုအပ် သည်။ မြန်မာနိုင်ငံ သည် နှစ်ပေါင်း ၅၀ အာဏာရှင်အုပ်ချုပ်မှု စနစ် နှင့် လမ်းခွဲကာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ကြီးကြီးမားမား ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို စတင်လျက်ရှိသည်။ ယင်းကဲ့သို့ အပြောင်းအလဲများကို အစဉ်တစိုက် တောင်းဆိုခဲ့သော အနောက်အုပ်စု အနေဖြင့် ယခုအချိန်တွင် သူတို့တတ်နိုင်သမျှ အရာအားလုံးကို ကူညီပံ့ပိုး ကြရလိမ့်မည်။ အရေးကြီးဆုံး ခြေလှမ်းမှာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူဒဏ်ခတ်မှု sanctions များကို နှောင့်နှေးခြင်းမရှိ ရုတ်သိမ်းပေးရန်ပင် ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန် ပျက်ကွက်ခြင်းသည် နိုင်ငံတွင်းမှ အပြောင်းအလဲ ငြင်းဆန်သူ??

Source/publisher: 

International Crisis Group (ICG) - Asia Briefing N?136

Date of Publication: 

2012-04-11

Date of entry: 

2012-06-01

Grouping: 

  • Individual Documents

Category: 

Language: 

Burmese/ မြန်မာဘာသာ

Local URL: 

Format: 

pdf pdf

Size: 

722.61 KB 605.29 KB