The First Meeting of the Ministry of Women, Youth and Children’s Affairs - အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ပထမအကြိမ်အစည်းအဝေးကျင်းပ

Description: 

"The first meeting of the Ministry of Women, Youth and Children’s Affairs under the National Unity Government was held on 18 April 2021. The meeting discussed the current needs and various issues concerning women, youth and children and decided to endorse policies to proceed enforcing them immediately. Discussion Summary • The predicament of women, youth and children of the minorities including the Rohingyas whom the military committed ethnic cleansing missions against, • The commitment to take action against the military for its human rights violation upon the women, youth and children during the coup resistance and transformation of power, • The commitment to stop the abovementioned violation of human rights, • To provide the best possible assistance to women, youth and children affected by the civil war, • The needs for the youth who are protesting, • To initiate rehabilitation programs in education, health including mental support for women, youth and children who have suffered from the SAC’s brutal actions. The meeting decided to strategize on the issues and cases that were discussed from one month to six month. The Ministry of Women, Youth and Children’s Affairs will take consideration of the voice of the people and make amendments according to the people’s concerns and needs....အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ဝန်ကြီးဌာနတစ်ခုဖြစ်သော အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ပထမအကြိမ်အစည်းအဝေးကို ဧပြီလ ၁၈ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်များ၏ လတ်တလောလိုအပ်ချက်များ၊ ၄င်းတို့ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများအား တင်ပြဆွေးနွေးခဲ့ကြပြီး အခြေခံမူဝါဒများချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် လုပ်ငန်းစဥ်များချမှတ်ခဲ့ကြပါသည်။ ဆွေးနွေးတင်ပြချက်များအရ စစ်အာဏာရှင်ဖိနှိပ်မှုအောက်တွင် လူမျိုးတုန်းသတ်ဖြတ်မှုများကို ခံစားခဲ့ရသော ရိုဟင်ဂျာလူနည်းစုအပါအဝင် လူမျိုးစုအသီးသီးရှိ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်များ၏ အခန်းကဏ္ဍ၊ အရေးတော်ပုံကာလနှင့် အသွင်ကူးပြောင်းရေးကာလအတွင်း အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်များအပေါ် စစ်ကောင်စီ၏လူ့အခွင့်အရေးချိုးဖောက်မှုများအား အရေးယူနိုင်ရန်နှင့် ယင်းသို့ချိုးဖောက်မှုများဆက်လက်မဖြစ်ပေါ်စေရန်၊ ပြည်တွင်းစစ်ကြောင့် ရွှေ့ပြောင်းနေထိုင်ရသော အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်များအား ကူညီပံ့ပိုးရန်၊ နွေဦးတော်လှန်ရေးတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေကြသောလူငယ်ထု၏ လိုအပ်ချက်များ၊ စစ်ကောင်စီ၏ အာဏာသိမ်းမှုနှင့်ပြည်တွင်းစစ်အကျိုးဆက်ကြောင့် ထိခိုက်နစ်နာခဲ့ရသော အမျိုးသမီးများ၊ လူငယ်များနှင့်ကလေးသူငယ်များအား ပညာရေး၊ကျန်းမာရေးမှစ၍ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်ပေးနိုင်ရန်တို့ကို အဓိကဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးချက်များကို အမြန်ဆုံးစတင်အကောင်အထည်ဖော်နိုင်ရန် တစ်လမှ ခြောက်လအတွင်း လုပ်ငန်းစဥ်ချမှတ်၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဌာနအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသို့ တက်လှမ်းရာတွင် အရေးပါသော ပြည်သူလူထုအသီးသီး၏ အသံကို အစဥ်တစိုက်နားစွင့်နေပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2021-04-18

Date of entry: 

2021-04-19

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

English, Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf pdf

Size: 

126 KB 313.57 KB

Resource Type: 

text

Text quality: 

    • Good