The National Unity Government of the Republic of the Union of Myanmar accepts the jurisdiction of the International Criminal Court - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ တရားစီရင် ပိုင်ခွင့်ကို လက်ခံသည်။

Description: 

"Republic of the Union of Myanmar National Unity Government www.nugmyanmar.org 20 August 2021 The National Unity Government of the Republic of the Union of Myanmar accepts the jurisdiction of the International Criminal Court. Acting President Duwa Lashi La of the National Unity Government lodged a declaration with the registrar of the ICC, accepting the Court’s jurisdiction with respect to international crimes committed in Myanmar territory since 1 July 2002, which is the earliest date permitted by the Statute of the International Criminal Court (Rome Statute). The declaration was lodged in accordance with article 12(3) of the Statue of the International Criminal Court, which enables a State not party to the Rome Statue to accept the exercise of jurisdiction of the Court. This declaration was transmitted to the Registrar of the Court on 17 July 2021 for further consideration. The National Unity Government is committed to ensuring accountability and ending impunity for all human rights violations. The NUG continues to draw attention to the ongoing atrocity crimes being committed by the military, and it seeks justice for all past crimes. The NUG is steadfastly working towards a future where Myanmar will be known for its international cooperation and adherence to international law. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ www.nugmyanmar.org ၂၀ ဩဂုတ် ၂၀၂၁ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ တရားစီရင် ပိုင်ခွင့်ကို လက်ခံသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလသည် ဇူလိုင်လ ၁ ရက် ၂၀၀၂ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ကျူးလွန်ခဲ့သော နိုင်ငံတကာ ရာဇဝတ်မှုများနှင့် စပ်လျဉ်းသည့် ခုံရုံး၏ တရားစီရင်ပိုင်ခွင့်အား သဘောတူလက်ခံကြောင်း ကြေညာချက်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ မှတ်ပုံတင်အရာရှိထံ တင်သွင်းခဲ့ပါသည်။ ဇူလိုင်လ ၁ ရက် ၂၀၀၂ ခုနှစ်သည် နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ စာချုပ် (ရောမစာချုပ်)တွင် အစောဆုံး အကျုံးဝင်သော ရက်စွဲ ဖြစ်သည်။ အဆိုပါ ကြေညာချက်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးစာချုပ်၏ ပုဒ်မ ၁၂ (၃) နှင့်အညီ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ယင်းသို့တင်သွင်းခြင်းက ရောမစာချုပ်တွင် သဘောတူလက်မှတ် ရေးထိုးမထားသောနိုင်ငံကို ခုံရုံး၏ တရားစီရင်ပိုင်ခွင့်ကျင့်သုံးခြင်းကို သဘောတူ လက်ခံနိုင်စေသည်။ အဆိုပါ ကြေညာချက်ကို ဆက်လက် စဉ်းစားနိုင်ရန် ခုံရုံး၏ မှတ်ပုံတင်အရာရှိထံ ၁၇ ရက် ဇူလိုင်လ ၂၀၂၁ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံးအတွက် တာဝန်ယူမှု သေချာစေရန်နှင့် ပြစ်ဒဏ်မှလွတ်ကင်းခွင့်အဆုံးသတ်စေရန် ကတိသစ္စာပြုထားပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်တပ်က ကျူးလွန်ဆဲဖြစ်သော ရက်စက်ယုတ်မာသည့် ရာဇဝတ်မှုများကို ဆက်လက်၍ သတိပြုမိသည့်အပြင် အတိတ်တွင် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ အားလုံးအတွက်လည်း တရားမျှတမှုကို ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာမှုအတွက် မြန်မာနိုင်ငံကို လူအများသိကြမည့် အနာဂတ်တစ်ခုသို့ ဦးတည်ကာ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။.."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2021-08-20

Date of entry: 

2021-08-20

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

English, Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf pdf

Size: 

38.26 KB 243.31 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: