"Weekly Eleven" (Burmese), Vol.7 - No.18, February 1, 2012/ "Weekly Eleven မြန်မာဘာသာ၊အတွဲ ၇-အမှတ် ၁၈- ဖေဖေါ်ဝါရီ ၁ - ၂၀၁၂

Description: 

လာမည့် ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့ စီးပွားရေး ခြောက်ရာခိုင်နှုန်း တိုးတက်က အာရှဒေသ၏ စီးပွားရေး မျက်နှာစာ သစ် တစ်ခု ဖြစ်လာနိုင်သည် ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ သုံးသပ်... လွှတ်တော် တတိယ ပုံမှန် အစည်းအဝေးများ၌ ပြည်ထောင်စု လွှတ်တော်က အဓိက ကျမည်... မြန်မာနိုင်ငံ ၌ ပုဂ္ဂလိကလုပ်ငန်းများသို့ စိုက်ပျိုးရေး ခေါင်းစဉ်ဖြင့် လုပ်ခွင့် ပေးထားသည့် မြေဧက ၁ ဒသမ ၇၅ သန်း ရှိ၊ ၂၀ % ကိုသာ အမှန်စိုက်ပျိုးပြီး ကျန်မြေများကို မြေဈေး ကစားခြင်း၊ သစ်ထုတ်ခြင်း နှင့် လက်ဝယ်ရယူထားခြင်းများ ပြုလုပ်ဟု သိရ... ၂၀၁၂ ခုနှစ် ဇန်နဝါရီလ အတွင်း တိုင်ကြားခဲ့သည့် လိမ်လည်မှုဖြစ်စဉ် အများစု မှာ မော်တော်ယာဉ်၊ မြေကွက်နှင့် ပါတ်သက်သည့် အကြောင်းရင်းများ ဖြစ်ကြောင်း သိရ... ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စိတွင် ကျင်းပသော ကမ္ဘာ့ စီးပွားရေး ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယို မိန့်ခွန်း ပေးပို့ ... သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သန်လျင်၊ သုံးခွနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့၌ အသေးစားချေးငွေ ကိစ္စရပ် များဆောင်ရွက်... ယနေ့အထိ ငြိမ်းချမ်းရေးရယူနိုင်ခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက် သွားမည် ဟု နိုင်ငံတော်သမ္မတပြော ကြား... ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တွင် တပ်မတော် ပါဝင်ရန် လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား... ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ ဒုတိယ အကြိမ်တွေ့ဆုံ... ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံသို့ တတိယ အကြိမ်မြောက် ခရီးစဉ်အဖြစ် လာရောက်နိုင်ရန် စီစဉ်နေ... အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံမှ အရန်ဆန်တန် ချိန်နှစ်သိန်းအား ဝယ်ယူရန် MoU ရေးထိုး... ပြည်ပငွေလွှဲ လုပ်ကိုင်ခွင့် ရသော ပြည်တွင်းဘဏ် အချို့ ဖေဖော်ဝါရီလတွင် လုပ်ငန်းစတင်မည်... ပိတ်ဆို့အရေးယူမှုအား ရုပ်သိမ်းပြီးဖြစ်၍ ပုဂ္ဂလိကကုမ္ပဏီများ၏သဘောဆန္ဒအတိုင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြု လုပ်နိုင်ကြောင်း နော်ဝေနိုင်ငံခြားရေး ဝန်ကြီး ပြောကြား... မြန်မာနိုင်ငံသို့ တစ်နှစ်တာ ခရီးသွားဝင်ရောက်မှုမှ ဝင်ငွေ အမေရိ ကန်ဒေါ်လာ ၃၁၉ သန်းရရှိ... ဗိဿနိုး၊ သရေခေတ္တရာ အပါအဝင် ရှေးဟောင်းမြို့တော် များအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံ ရရေးဆောင်ရွက်နေ...WiMAX အင်တာနက်လိုင်း ကို ကနဦးတပ်ဆင်ခ ကျပ်သုံးသိန်းခွဲ ခန့်ဖြင့ ်တပ်ဆင် အသုံးပြုနိုင်မည်... Global Fund အတွက် အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ကျော် ဘီလ်ဂိတ်လှူဒါန်းမည်... ဝန်ကြီးချုပ်ရုံး၏ လုပ်ဆောင်ချက်ကို ပြည်သူလူထုအား အသိပေးရန်အတွက် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းန် twitter စတင်သုံးစွဲ... မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီးဝဲယာရှိကျေးရွာများမှ ရွှေ့ပြောင်းတောင်ယာမြေများတွင် နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင် မှုကြောင့် ဒေသခံများ၏ အလုပ်အကိုင်အခွင့ ်အလမ်း နည်းပါးလာ...

Source/publisher: 

Eleven Media Group

Date of Publication: 

2012-02-01

Date of entry: 

2012-02-16

Grouping: 

  • Individual Documents

Category: 

Language: 

Burmese/ မြန်မာဘာသာ

Local URL: 

Format: 

pdf

Size: 

3.63 MB