2014 Myanmar Population and Housing Census - Occupation and Industry report (Burmese မြန်မာဘာသာ)

ဖော်ပြချက်/အကြောင်းအရာ: 

"လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနသည် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်၊ မတ်လတွင် ကောက်ယူခဲ့ပါသည်။ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကြီးတွင် ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများဖြစ်ကြသော သြစတြေးလျ၊ ဖင်လန်၊ ဂျာမဏီ၊ အီတလီ၊ နော်ဝေ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ကူညီပေးခဲ့ကြပါသည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းသည် နှစ်ပေါင်း (၃၀) ကျော်ကြာပြီးနောက် ပထမဆုံးပြန်လည်ကောက်ယူခဲ့သော သန်းခေါင်စာရင်းဖြစ်ပါသည်။ ယခင်သန်းခေါင်စာရင်းများကို ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ်ကောက်ယူခဲ့ပါသည်။ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ပြဌာန်းခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။ သန်းခေါင်စာရင်းမှရရှိသော အချက်အလက်များသည် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ချမှတ်ရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။ သန်းခေါင်စာရင်းအချက်အလက်များသည် နိုင်ငံတော်၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၊ မူဝါဒများချမှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် အထောက်အပံ့ဖြစ်စေပါသည်။..."

ရင်းမြစ်: 

Ministry of Immigration and Population

Date of Publication: 

2016-03-00

Date of entry: 

2016-04-08

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

23.5 MB