Managing Change: Executive Policymaking in Myanmar (Burmese) - အပြောင်းအလဲကို စီမံခန့်ခွဲခြင်း မြန်မာအစိုးရအဖွဲ့၏ မူဝါဒချမှတ်သည့်

ဖော်ပြချက်/အကြောင်းအရာ: 

"၂ဝ၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းသော ကာလအတွင်း ဝင်ရောက်ခဲ့သည်။ အာဏာရှင်စနစ်၊ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ၊ ဝိရောဓိများ ပြည့်နှက်နေသော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၊ ပြည်သူများ၏ ဆင်းရဲတွင်းနက်မှု ပြဿနာများ အစရှိသည်တို့ကို ဆယ်စုနှစ်များစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။ ထိုသို့ ဖြတ်သန်းပြီးမှ စတင်ခဲ့ရ သဖြင့် ဒီမိုကရေစီ အားကောင်းရေး၊ ရေရှည်အကျိုးဖြစ်ထွန်းနိုင်မည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အရှည်တည်တံ့နိုင်မည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်နေသည်။ အသွင်ကူးပြောင်းမှုကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်ရန် ပို၍ ထိရောက်သော မူဝါဒများ ချမှတ်ရန် လိုအပ်သည်။ ယခုစာတမ်းက မြန်မာအစိုးရအဖွဲ့၏ မူဝါဒချမှတ်ပုံကို မိတ်ဆက်ပေးထားသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အုပ်ချုပ်ရေးယန္တရား အခြေအနေများထက် ပြည်ထောင်စု အစိုးရအဖွဲ့၏ မူဝါဒချမှတ်ပုံကို အာရုံစိုက် ဖော်ပြထားပါသည်။ ပင်မ ရည်ရွယ်ချက်မှာ ပီပြင်သော ဒီမိုကရေစီ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေး တို့ ပေါ်ပေါက်ရန်နှင့် ပြည့်စုံသော အသွင်ကူးပြောင်းမှု ဖြစ်ထွန်းစေရန် မရှိမဖြစ် လိုအပ်သည်ဟု ယူဆထားသော၊ မူဝါဒချမှတ်သူများ နှင့် မူဝါဒချမှတ်သည့် လုပ်ငန်းစဉ်များအား မည်သို့ အားဖြည့်ပေးနိုင်မည် ဆိုသည့် အချက်အပေါ် အားကောင်းသည့် ဆွေးနွေး ပြောဆိုချက်တစ်ခုအဖြစ် ပုံဖော်ရန် ဖြစ်ပါသည်။ မူဝါဒဆိုသည်မှာ အစိုးရ အုပ်ချုပ်ရေးအရာရှိများက အများပြည်သူနှင့် သက်ဆိုင်သည့် ကိစ္စများအား ကိုင်တွယ်ဆောင်ရွက်ရာ၌ လုပ်ဆောင်မှု တစ်ခုခုအတွက် ရွေးချယ်မှုဟု ယေဘုယျအားဖြင့် နားလည်ထားကြသည်။ အစိုးရ အုပ်ချုပ်ရေးပိုင်း၏ မူဝါဒချမှတ် ခြင်း (Executive policy-making) သည် နိုင်ငံတော် အကြီးအကဲနှင့် ထိပ်ပိုင်းအစိုးရ ခေါင်းဆောင်များ၊ အထူးသဖြင့် အုပ်ချုပ်ရေး ကဏ္ဍ၏ ဆုံးဖြတ်ချက်များ၊ ကတိကဝတ်များနှင့် အရေးယူလုပ်ဆောင်ချက်များကို ရည်ညွှန်းပါသည်။ အုပ်ချုပ်ရေးဗဟိုချက် (Core Executive) ဆိုသည်မှာ ခေါင်းဆောင်ပိုင်းအဆင့် မူဝါဒချမှတ်ခြင်းအား နားလည်ရန်အတွက် အသုံးဝင်သည့် သဘောတရား တစ်ခုဖြစ်သည်။ ? အစိုးရ ယန္တရား၏ အစိတ်အပိုင်းများအတွင်း အုပ်ချုပ်ရေးတွင် (အကယ်၍ ပဋိပက္ခများ ဖြစ်လာပါက) နောက်ဆုံး ဆုံးဖြတ်၊ ဖြေရှင်းပိုင်ခွင့် ရှိသူများအဖြစ် ဆောင်ရွက်သော သို့မဟုတ် ဗဟိုအစိုးရ မူဝါဒများကို အဓိကအားဖြင့် စုစည်း ပေါင်းစပ်ပေး ရသည့် အဖွဲ့အစည်းများ နှင့် အာဏာယန္တယား တည်ဆောက်ပုံများ” ကို လေ့လာခြင်းဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ၌ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာအစိုးရသည် ကိုလိုနီအုပ်ချုပ်ရေးထံမှ ဗြိတိန်နိုင်ငံ၏ နိုင်ငံရေးစနစ်ပုံစံ ကို ဆက်ခံခဲ့သည်။ ရွေးကောက်ပွဲများကျင်းပပြီး ဝန်ကြီးချုပ်တစ်ဦး၊ ပါလီမန်ကို ဗဟိုပြုသည့် အစိုးရတစ်ရပ်က အုပ်ချုပ်သည့် ပုံစံ သို့ ပြောင်းလဲခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီး ဆိုရှယ်လစ်ဝါဒကို လက်ခံသည့် တပ်မတော်အစိုးရတစ်ရပ် အာဏာရလာခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်ကြီးနေဝင်း ထိန်းချုပ်သော အစိုးရအဖွဲ့နှင့် မဆလပါတီတို့က ၁၉၈၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် စစ်အာဏာသိမ်းမှု နောက်တစ်ကြိမ် ထပ်မံပေါ်ပေါက်ခဲ့ပြီး ဗိုလ်ချုပ်ကြီး စောမောင် ဦးဆောင် သော တပ်မတော်အစိုးရ၊ ထို့နောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော တပ်မတော်အစိုးရတို့က အုပ်ချုပ်ရေးအာဏာကို တည်ဆောက်ခဲ့သည်။..."

Creator/author: 

Su Mon Thazin Aung and Matthew Arnold

ရင်းမြစ်: 

Asia Foundation

Date of Publication: 

2018-06-15

Date of entry: 

2018-10-02

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

2.83 MB