National Unity Government: Ministry of Foreign Affairs Notification No.1/2022 - အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ( ၁/ ၂၀၂၂)

ဖော်ပြချက်/အကြောင်းအရာ: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၁ /၂၀၂၂) ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် (၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်) ================ ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက် စစ်ကောင်စီမှ လက်နက်အားကိုးဖြင့် နိုင်ငံတော်၏ အာဏာကို မတရားသိမ်းပိုက်ရယူခဲ့သည့် အချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်တွင် တာဝန် ထမ်းဆောင်လျက် အမှန်တရားနှင့် ပြည်သူ့ဘက်မှ ရပ်တည်ခဲ့ကြသည့် CDM ဝန်ထမ်းများကို ဖိအားပေးနေသည့် အကြမ်းဖက် စစ်ကောင်စီ၏ လက်ပါးစေဝန်ထမ်း (၉၀)ဦးအား ၈-၉-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၁) ဖြင့် အမည်ပျက်စာရင်း (BLACK LIST) (ပထမအသုတ်) တွင် ထည့်သွင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂။ ထို့အပြင် ၂၉-၁၁-၂၀၂၁ ရက်စွဲပါ ကြေညာချက်အမှတ် (၈/၂၀၂၁) ကို ထုတ်ပြန်၍ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် တာဝန်ထမ်းဆောင်နေကြသည့် သံအမတ်ကြီးများနှင့် သံတမန်များအား အကြမ်းဖက်စစ်ကောင်စီကို ကိုယ်စားမပြုဘဲ “ပြည်သူသာ အဓိက၊ ပြည်သူနှင့်အတူ” ဟူသော ဆောင်ပုဒ်နှင့်အညီ အမှန်တရားနှင့် ပြည်သူ့ ဘက်မှ ရပ်တည်ပေးရန် သတိပေးနှိုးဆော်ခဲ့ပါသည်။ ၃။ သို့ရာတွင် အကြမ်းဖက် စစ်ကောင်စီမှ နိုင်ငံတော်၏ အာဏာကို မတရားသိမ်းယူမှု (၁)နှစ် ကျော်လွန်လာခဲ့သည့်တိုင် ယနေ့အချိန်အထိ အာဏာသိမ်းစစ်ကောင်စီ လက်ပါးစေ အဖွဲ့၏ ညွှန်ကြားချက်များကို နာခံဆောင်ရွက်သည့်အပြင် တာဝန်ပေးစေခိုင်းသည်ထက် ကျော်လွန်၍ CDM ဝန်ထမ်းများအား ဖိအားပေးအကြပ်ကိုင်ခြင်း၊ လက်ရှိအမှန်တရားအား ဖုံးကွယ်၍ ပူးပေါင်းကြံစည် လိမ်လည်လှည့်ဖြားပြီး နိုင်ငံတကာအသိုင်းအဝိုင်းသို့ မဟုတ်မမှန် သည့် သတင်းများဖြန့်ဝေခြင်း၊ ကြေညာချက်များ ထုတ်ပြန်ခြင်း စသည်တို့ကို ဆက်လက် လုပ်ဆောင်နေသည့် အောက်ဖော်ပြပါ အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေဝန်ထမ်း (၅၄)ဦးအား ပြည်သူ့အကျိုးငှာ အမည်ပျက်စာရင်း (BLACK LIST) (ဒုတိယအသုတ်)အဖြစ် ရေးသွင်း၍ ပြင်းထန်စွာသတိပေးလိုက်သည်။..."

ရင်းမြစ်: 

Ministry of Foreign Affairs - Myanmar - NUG

Date of Publication: 

2022-03-23

Date of entry: 

2022-03-23

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

749.52 KB

Resource Type: 

text

Text quality: 

    • Good