ဖော်ပြချက်/အကြောင်းအရာ:
"၁။ ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်တွင် စတင်တည်ထောင်သော ရက္ခိုင့်တပ်တော် (၁၃) နှစ်ပြည့် အထိမ်းအမှတ်နေ့သို့ ဂုဏ်ယူစွာဖြင့် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
၂။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အလို့ငှာ တပ်တော်တစ်ရပ်ကို တည်ထောင်ပြီး နောက် ရဲရင့်ထက်မြက်မှု၊ စွန့်လွှတ်ပေးဆပ်မှုများစွာဖြင့် တိုက်ပွဲဝင်လျက်ရှိသော ရက္ခိုင့်တပ်တော် ခေါင်းဆောင်များ၊ ရဲဘော်များအားလုံးကို လေးစားဂုဏ်ပြုအပ်ပါသည်။
၃။ ယနေ့အချိန်တွင် ပြည်ထောင်စုသားအားလုံး၏ ဘုံရန်သူဖြစ်လျက်ရှိသော ဖက်ဆစ်ဝါဒီများကို ဆန့်ကျင် တိုက်ဖျက်ရာတွင် ရက္ခိုင့်တပ်တော်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အားလုံးနှင့် လက်တွဲလျက် အတူတကွကြိုးပမ်းလိမ့်မည်ဟု ယုံကြည် ပါကြောင်းနှင့် ရက္ခိုင်အမျိုးသားတို့၏ ကြီးမြတ်သောနိုင်ငံရေး မျှော်မှန်းချက်များလည်း ပြည့်ဝ အောင်မြင် ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။..."
ရင်းမြစ်:
Ministry of Defence - National Unity Government of Myanmar
Date of Publication:
2022-04-10
Date of entry:
2022-04-10
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
164.05 KB
Resource Type:
text
Text quality:
- Good