National Unity Government: Ministry of Home Affairs and Immigration Notification No.2/2022 - အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်(၀၂/ ၂၀၂၂)

Sub-title: 

မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီအား မီးသတ်ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနသည် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသော မီးသတ်ဦးစီးဌာန CDM ဝန်ထမ်းများကို စုစည်း၍ CDM ဝန်ထမ်းများ၏ အရေးကိစ္စများနှင့် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ မြေပြင်အုပ်ချုပ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် (၁၃-၁၀-၂၀၂၁) ရက်နေ့တွင် အမိန့်အမှတ်(၅/၂၀၂၁)ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီ အား ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးနယ်မြေများနှင့် ထိန်းချုပ်နယ်မြေများ၌ စစ်ကောင်စီ၏ လစ်လပ်သွားသော အုပ်ချုပ်ရေးယန္တရားတွင် အစားထိုးဝင်ရောက်၍ မီးဘေး လုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ပြည်နယ်ကောင်စီများ၏ ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုး ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီ အား မီးသတ်ဦးစီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သည်။..."

ရင်းမြစ်: 

Ministry of Home Affairs and Immigration - Myanmar

Date of Publication: 

2022-04-24

Date of entry: 

2022-04-24

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

171.78 KB

Resource Type: 

text

Text quality: 

    • Good