ဖော်ပြချက်/အကြောင်းအရာ:
"တော်လှန်ရေးသည် အရေးကြီးသောအဆင့်ဖြစ်သည့် စိုးမိုးထိန်းချုပ်နယ်မြေများ ရယူကာ ကြားကာလဒေသန္တရအုပ်ချုပ်ရေးစနစ်များ ဖော်ဆောင်နေသည့်အဆင့်သို့ တက်လှမ်းနေပြီ ဖြစ်သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်မှု ဖော်ဆောင် ရေး ဗဟိုကော်မတီသည် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုလုပ်ငန်းများကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုမူဝါဒလုပ်ငန်းစီမံချက် (ယာယီ) နှင့်အညီ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါသည်။
ဒီမောဆိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့တွင် ထုတ်ပြန် ခဲ့သော ကြားကာလ ရပ်ကွက်/ကျေးရွာအုပ်စု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းရန် ထုတ်ပြန် ညွန်ကြားချက်သည် အမျိုးသားညီညွတ်ရေးအစိုးရ မဖွဲ့စည်းရသေးသည့်အချိန်၊ ဖက်ဒရယ်ပဋိညာဉ် မပေါ်ပေါက်သေးသည့်အချိန် ပြည်သူများမှ မိမိတို့ရပ်ရွာလုံခြုံရေးလုပ်ငန်းများကို မိမိတို့ကိုယ်တိုင် ဆောင်ရွက်နေသည့်အချိန်တွင် အထောက်အကူဖြစ်စေရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က (၂၂.၂.၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်ကို ရည်ညွန်း၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
သို့သော် ယခုအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်အား ဖွဲ့စည်းပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအစီအစဉ်များကို သက်ဆိုင်ရာ ပြည်နယ်/ ဖယ်ဒရယ်ယူနစ် ကောင်စီများ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း အကောင်အထည်ဖေါ်ဆောင်ရွက် နေပြီဖြစ်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ အုပ်ချုပ်ရေးလုပ်ငန်းများကို အမျိုးသားညီညွတ်ရေး အစိုးရကသာ တာဝန်ယူ၍ သက်ဆိုင်ရာများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ထို့အတွက်ကြောင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရ သက်ဆိုင်ရာ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ယန္တရားများကို လိုအပ်သလို အကောင်အထည်ဖော်ဆောင်ရွက်မှုကို သက်ဆိုင်ရာ ပြည်နယ်/ ဖယ်ဒရယ်ယူနစ် များမှ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အခန်း (၈) ပုဒ်မ ၅၂၊ ၅၃ တို့ နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အကယ်၍ ပြည်ထောင်စုနှင့် ပြည်နယ်/ဖယ်ဒရယ်ယူနစ်အကြား ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး အရေးကိစ္စများနှင့် လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါက အမျိုးသား ညီညွတ်ရေးအစိုးမှ သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ် တို့နှင့်အတူ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) တွင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2022-05-05
Date of entry:
2022-05-05
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
415.1 KB
Resource Type:
text
Text quality:
- Good