Sub-title:
အမည်ပျက်စာရင်း ကြေညာခြင်းနှင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း
ဖော်ပြချက်/အကြောင်းအရာ:
"၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်းမပြုဘဲ ဓမ္မဘက်မှရပ်တည်၍ ပြည်သူနှင့်တစ်သားတည်းဖြစ်စေရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင်ပါဝင်ကြစေရန် အကြိမ်ကြိမ် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီး ဖြစ်ပါသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အနေဖြင့်လည်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင်ပါဝင်ခဲ့ကြပြီး ဝန်ကြီးဌာန မဖွဲ့စည်းရသေးသော ဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းသူရဲကောင်းများ၏ လူမှုဖူလုံရေး၊ ဘေးကင်းလုံခြုံရေး နှင့် ဖိအားကင်းစင်ရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေသော ရန်ကုန်နှင့် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ ဌာနပေါင်းစုံ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဦးစီးအရာရှိအဆင့်ထိ Non-CDM ဝန်ထမ်းများသည်
(က) မြို့နေပြည်သူများအပေါ် သစ္စာစောင့်သိမှုမရှိဘဲ စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင် နေခြင်း၊
(ခ) စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များလုံခြုံရေးအတွက် ပြည်သူ့ဘဏ္ဍာငွေဖြစ်သည့် စည်ပင် ဘတ်ဂျက်များဖြင့် လုံခြုံရေးဘန်ကာအဆောက်အဦများ အခိုင်အမာတည်ဆောက်ပေးခြင်း၊
(ဂ) စစ်ကောင်စီအား ဆန့်ကျင်သည့်ပြည်သူများအား အလွယ်တကူ ဖမ်းဆီးနှိပ်စက် သတ်ဖြတ် နိုင်ရန်အတွက် CCTV များအား ယခင်ကထက် အဆင့်မြှင့်တင်ကာတပ်ဆင်ပြီး စစ်ကောင်စီ အလိုကျ ဆောင်ရွက်ပေးနေခြင်း၊
(ဃ) တော်လှန်ရေးတွင်ပါဝင်နေသော ပြည်သူများအား စစ်ကောင်စီနှင့် ပူးပေါင်းကာ ကူညီ ဖမ်းဆီးပေးခြင်း၊
(င) စစ်ကောင်စီမှ ကော်မတီရှိ Non-CDM ဝန်ထမ်းများအား ရာထူးတစ်ဆင့်တိုးပေး၍ ခိုင်းစေခြင်းများကို လိုလားကျေနပ်စွာရယူပြီး ပြည်သူ့မျက်နှာမကြည့်ဘဲ တက်ကြွစွာ တာဝန်ထမ်းဆောင်နေခြင်း၊
(စ) တိုင်းပြည်အဘက်ဘက်မှ ယိုယွင်းပျက်စီးနေသည်ကို သိပါသော်လည်း ၎င်းတို့၏ အကျိုး စီးပွားအတွက် အခွင့်ကောင်းယူကာ ပြည်သူ့ဘဏ္ဍာငွေများကို သုံးဖြုန်းနေခြင်း၊
(ဆ) စည်ပင်သာယာ မြေလွတ်မြေရိုင်းများအား စစ်ကောင်စီနှင့် ပူးပေါင်းကာ အလွဲသုံးစား ပြုလုပ်၍ ရောင်းချနေခြင်း၊
(ဇ) ပြည်သူများ ဆင်းရဲဒုက္ခရောက်နေချိန်တွင် ပြည်သူကို သစ္စာဖောက်၍ အကြမ်းဖက် စစ်ကောင်စီအား သစ္စာခံကာ အခွန်အခများ တင်းကြပ်စွာ ကောက်ခံနေခြင်း၊
(ဈ) ပြည်သူ့သစ္စာခံ CDM ဝန်ထမ်းများအား ဖိနှိပ်ခြိမ်းခြောက်ဖမ်းဆီးခြင်းများကို စစ်ကောင်စီနှင့် ပူးပေါင်းကာ ကျူးလွန်နေခြင်း၊
(ည) ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် စစ်ကောင်စီဝင်များ ခေါင်းထောင်နေသည့် အဓိကအချက်မှာ မြို့တော်စည်ပင်ဝန်ထမ်းများက စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက် နေခြင်းများကြောင့်ဖြစ်ခြင်း၊
စသည့်အမျိုးမျိုးသော ဖိနှိပ်မှုများကို ကျူးလွန်နေသောကြောင့် အဆိုပါ “ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဌာနပေါင်းစုံ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဦးစီးအရာရှိအဆင့်ထိ Non-CDM ဝန်ထမ်းများအားလုံး” အား အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) လိုက်သည်။..."
ရင်းမြစ်:
Office of the Prime Minister of the Union
Date of Publication:
2022-09-02
Date of entry:
2022-09-02
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
480.95 KB
Resource Type:
text
Text quality:
- Good