အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ကြေညာချက်အမှတ် (၃/၂၀၂၃) - ၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) ပထမအကြိမ် စတင်ဖြေဆိုမည့်ရက် ထုတ်ပြန်ကြေညာခြင်း

ဖော်ပြချက်/အကြောင်းအရာ: 

"အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဧပြီလအထိ ပထမအကြိမ်နှင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှ အောက်တိုဘာလအထိ ဒုတိယအကြိမ် ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်နှင့်အညီ ၁။ အွန်လိုင်း (Online) ဖြင့် ဖြေဆိုရန် လျှောက်ထားခဲ့ကြသည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့မှ စတင် ဖြေဆိုနိုင်ပြီဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင် ပထမအကြိမ်ဖြေဆိုခြင်း ပြီးစီးမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်။ ၂။ မြေပြင် (On-ground) တွင် ဖြေဆိုရန် လျှောက်ထားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ သည် မိမိတို့ သက်ဆိုင်ရာ မြို့နယ်၊ စာဖြေဌာနများ၏ သတ်မှတ်ရက်တွင် စတင်ဖြေဆိုနိုင်ပြီ ဖြစ်ကြောင်း ကြေညာအပ်ပါသည်။..."

ရင်းမြစ်: 

Ministry of Education - National Unity Government of Myanmar

Date of Publication: 

2023-02-02

Date of entry: 

2023-02-02

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

173.56 KB

Resource Type: 

text

Text quality: 

    • Good