အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက် (၈/၂၀၂၃)

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို လုယူ သိမ်းပိုက်ချိန်မှစ၍ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်သယ် ဆောင်ရောင်းဝယ်မှုများသည် ယခင်ကာလများထက် ပိုမိုဖြစ်ပွားလာခဲ့ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအဖြစ် အိမ်နီးချင်းနိုင်ငံများအထိပါ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ တတ်သော ဆေးဝါးများ၏အန္တရာယ် ကြီးမားကျယ်ပြန့်လာခဲ့ကြောင်း တွေ့ရှိရပါသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရသည် လူသားတို့အား အညွန့်တုံးစေနိုင်သည့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၏ ဘေးအန္တရာယ် တားဆီးကာကွယ် ရေးကို တော်လှန်ရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်သည်။ ၃။ အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထား သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ တရားမဝင် သယ် ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းများပါ ပြ ဌာန်းချက်များကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားမည်။ ၄။ အမျိုးသားညီညွတ်ရေးအစိုးရသည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ် သော ဆေးဝါးများဆိုင်ရာဥပဒေ (၁၉၉၃)နှင့် ယင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၈) ပါ ပြဌာန်းချက်များနှင့်အညီ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ အန္တ ရာယ်တားဆီးကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများကို လိုအပ်သည့်ယန္တရားများ ဖွဲ့စည်း၍ ကုလသမဂ္ဂကွန်ဗင်းရှင်းဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ အိမ်နီး ချင်းနိုင်ငံများ၊ မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွား မည်။ ၅။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ အန္တရာယ်တားဆီးကာ ကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထု၏ပါဝင်မှု သည် များစွာအရေးကြီးသဖြင့် ပြည်သူများအနေဖြင့် မိမိတို့အစိုးရနှင့်အတူ ပူးပေါင်းပါဝင်နိုင် ကြပါရန် ပန်ကြားအပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2023-09-14

Date of entry: 

2023-09-14

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

356.57 KB

Resource Type: 

text

Text quality: 

    • Good