၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်သည့် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

Description: 

"၁။ ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ခရစ် သက္ကရာဇ် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့သည် ဗြိတိသျှနယ်ချဲ့တို့က မြန်မာတစ်မျိုးသားလုံး ၏ ပညာသင်ယူမှုအခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ထားသော ရန်ကုန်တက္ကသိုလ် အက်ဥပဒေ (၁၉၂၀) အား အတင်းအကျပ် အတည်ပြုပြဋ္ဌာန်းခဲ့သဖြင့် တက္ကသိုလ်ကျောင်းသားများက ကိုလိုနီ ကျွန်ပညာရေးစနစ်ကို တွန်းလှန်ခဲ့ကြသည့် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ၂။ ကျောင်းသားလူငယ်များက မတရားမှုကို ခေါင်းငုံ့မခံဘဲ ရဲရဲဝံ့ဝံ့ စတင်ဆန့်ကျင်တော်လှန်ခဲ့ သည့် သပိတ်တိုက်ပွဲတွင် နိုင်ငံတဝှမ်းရှိ ကျောင်းသားပြည်သူများက တက်ကြွစွာပါဝင်ခဲ့ပြီး တခဲနက် ထောက်ခံအားပေးခဲ့ခြင်းကြောင့် တန်းတူပညာသင်ယူနိုင်ခွင့်သာမက နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးကိုပါ သန္ဓေတည်စေခဲ့သည့် သမိုင်းဝင် အမျိုးသားအောင်ပွဲနေ့အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ၃။ ထိုအချိန်မှစ၍ ကျောင်းသားလူငယ်တို့၏ လေးစားအတုယူဖွယ်ကောင်းသည့် ရဲရင့်မှု၊ ဉာဏ်ပညာကြီးမှုနှင့် စွန့်လွှတ်အနစ်နာခံမှုတို့ကို သမိုင်းတစ်လျှောက် လက်ဆင့်ကမ်းယူဆောင်လာ ခဲ့ပြီး ယခုအချိန်တွင်လည်း နိုင်ငံတော်အာဏာကို လက်နက်အားကိုး၍ မတရားနည်းဖြင့် သိမ်းယူ ခဲ့ကာ ပြည်သူလူထုတစ်ရပ်လုံးအား ဖိနှိပ်အုပ်ချုပ်နေသော အကြမ်းဖက် ဖက်ဆစ်စစ်တပ်အား ဆန့်ကျင်တော်လှန်ရာတွင် ကျောင်းသားလူငယ်များ၏ အခန်းကဏ္ဍသည် ကြီးမားသည့် အင်အားစု တစ်ရပ်ဖြစ်ကြောင်း အသိအမှတ်ပြု ဖော်ပြလိုပါသည်။ ၄။ ကျောင်းသားလူငယ်များက နယ်ချဲ့ဖက်ဆစ်တို့၏ ကျွန်ပညာရေးကို တွန်းလှန်ခဲ့သည့် နည်းတူ ယခုအချိန်၌ အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ကာ စာသင်ခန်းအား ကျောခိုင်းနေသည့်အပြင် တတ်ကျွမ်းသည့် နည်းပညာနှင့် ကျွမ်းကျင်မှုတို့ကို အသုံးချပြီး ဤတော်လှန်းရေးအတွက် ကဏ္ဍာပေါင်းစုံမှ ပါဝင်နေမှုများသည် လေးစားဂုဏ်ယူဖွယ် ဖြစ်ပါသည်။ ၅။ အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ တရားဥပဒေမဲ့ ဖမ်းဆီးထောင်ချခံရခြင်း၊ စစ်ကျောရေး စခန်းများတွင် ညှင်းပန်းနှိပ်စက်ခံရခြင်းတို့ကြောင့် သေဆုံးခဲ့ရသည့် ကျောင်းသားလူငယ်များနှင့် တိုက်ပွဲများအတွင်း ကျဆုံးခဲ့ရသည့် ကျောင်းသားလူငယ်များအတွက် ဝမ်းနည်းစွာဖြင့် ဂုဏ်ပြုမှတ် တမ်းတင်အပ်ပြီး ကျောင်းသားလူငယ်များ မျှော်လင့်တောင့်တနေသည့် တန်းတူအခွင့်အရေး၊ ခွဲခြားဆက်ဆံမှု ပပျောက်ရေးတို့နှင့်အတူ အနာဂတ်တွင် ဖက်ဒရယ်ပညာရေးစနစ်‌ပေါ်ပေါက်ရေး တို့ကို ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြုလိုပါသည်။ ၆။ ပြည်သူတစ်ရပ်လုံး၏ ပြင်းပြသော စိတ်ဆန္ဒနှင့် မလျော့သောလုံ့လများဖြင့် အားသွန် ခွန်စိုက် တော်လှန်နေကြသည့် တော်လှန်ရေးခရီးရှည်၏ အန္တိမရည်မှန်းချက်သည် ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေးပင် ဖြစ်ပြီး မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) အနေဖြင့် ကျောင်းသားပြည်သူတို့နှင့်အတူ အစွမ်းကုန် အားထုတ်ကြိုးပမ်း သွားမည် ဖြစ်ပါသည်။ ၇။ သို့ဖြစ်ပါ၍ မြန်မာပြည်သူတစ်ရပ်လုံးက လိုလားတောင့်တနေကြသော ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံတော်ကြီး တည်ထောင်နိုင်ရေးနှင့် “စစ်ကျွန်မခံ ‘ဘူး’ ငြင်းဆန် အမျိုးသားနေ့အဓိဋ္ဌာန်” ဟူသည့် အဓိဋ္ဌာန်အတိုင်း စစ်အာဏာရှင်အား ဖြုတ်ချနိုင်ရေးအတွက် စစ်တပ်ထောက်တိုင်များကို ကျောင်းသားပြည်သူတစ်ရပ်လုံးက စည်းလုံးညီညွတ်မှုအားဖြင့် တွန်းလှန်ဖြိုဖျက်ကြပါစို့ဟု တိုက်တွန်း နှိုးဆော်ရင်း ယနေ့ကျရောက်သော (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ဤသဝဏ်လွှာ အား ပေးပို့အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-11-28

Date of entry: 

2021-12-02

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

327.51 KB

Resource Type: 

text

Text quality: 

    • Good