Description:
"၁။ ယနေ့သည် ကရင်နီအမျိုးသားတရပ်လုံး တန်ဖိုးထားဂုဏ်ယူရသည့် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်သည်။ ယနေ့ကျရောက်သော (၁၄၈) နှစ်မြောက် ကရင်နီအမျိုးသားနေ့ကို ကရင်နီ ပြည်သူတရပ်လုံးနှင့်အတူ ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုပါကြောင်းနှင့် ယနေ့ကြုံကြိုက် နေရသော အခက်အခဲ အတားအဆီးများအားလုံးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါစေကြောင်း ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါသည်။
၂။ ခရစ်နှစ် ၁၈၇၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် ကရင်နီပြည်၏ သီးခြားတည်ရှိမှုကို အသိအမှတ်ပြုကြောင်း ဗမာဘုရင်ကိုယ်စားလှယ် ကင်းဝန်မင်းကြီး ဦးကောင်းနှင့် ဗြိတိသျှ ဘုရင်ခံချုပ် ကိုယ်စားလှယ် ဆာဒေါ့ကလပ်ဖော့ဆက်တို့က လက်မှတ်ရေးထိုး အတည်ပြု ခဲ့ကြသည်။
၃။ ထို့နေ့ကို ကရင်နီအမျိုးသားနေ့ဟု သတ်မှတ်ကာ နှစ်စဉ်အမျိုးသားနေ့ အခမ်းအနား များကို ကျင်းပခဲ့ပြီး ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာများကိုထိန်းသိမ်း စောင့်ရှောက်လာခဲ့သည်မှာ ယနေ့တွင် (၁၄၈) နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီး ဖြစ်သည်။
၄။ ကရင်နီပြည်သူများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် တရားမျှတမှုရရှိရေးအတွက် အာဏာရှင်အဆက်ဆက်ကို အစဉ်တစိုက်တွန်းလှန်ခဲ့ကြသည်နှင့် အားလျော်စွာ သမိုင်းအစဉ်အလာအားဖြင့် ကြီးမားလှသည်။
၅။ ယနေ့ ဆင်နွှဲလျက်ရှိသော ပြည်သူ့နွေဦးတော်လှန်ရေးတွင် ကရင်နီအမျိုးသား ခေါင်းဆောင်ကြီးများ၊ မဟာမိတ် ကရင်နီအမျိုးသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် ကရင်နီ ပြည်သူများ၏ ကြီးမားလှသော ကြိုးပမ်းအားထုတ်မှု၊ အရင်းအနှီးများနှင့် အသက်၊ အိုးအိမ်၊ စည်းစိမ် ပေးဆပ်စွန့်လွှတ်မှုများကို အစဉ် အောက်မေ့ဦးညွှတ် ဂုဏ်ပြုရမည်ဖြစ်သည်။
၆။ ကရင်နီအမျိုးသားတော်လှန်ရေး ခေါင်းဆောင်များ၊ တော်လှန်ရေးအဖွဲ့အစည်းများ၏ ဦးဆောင်မှုနှင့်အတူ ကရင်နီပြည်၏ စစ်ရေး၊နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကို အသိအမှတ်ပြု ဂုဏ်ယူဝမ်းမြောက်ကြောင်းကိုလည်း ဖော်ပြအပ်ပါသည်။
၇။ နိုင်ငံရေး၊ စစ်ရေး၊ စိတ်ဓာတ်ရေးရာ စစ်မျက်နှာစာ အဘက်ဘက်တွင် မြန်ဆန်စွာ အင်အားပြုန်းတီး ချိနဲ့လာလျက်ရှိသော အကြမ်းဖက်စစ်တပ်အား အမြစ်ပြတ်ချေမှုန်းနိုင်ရန် ယခင်ထက်ပိုမို စုစည်းညီညွတ်စွာြဖင့် ကြိုးစားအားထုတ် ရုန်းကန်တိုက်ပွဲဝင်သွားကြရန်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူရေးနှင့် တရားမျှတမှုတို့ ပြည့်ဝထုံမွှမ်းသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို အားလုံးအတူတကွ လက်တွဲထူထောင်ကြပါစို့ဟု တိုက်တွန်းလျက် ယနေ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့တွင် ကျရောက်သော (၁၄၈) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ဤသဝဏ်လွှာအား ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။..."
Source/publisher:
Ministry of Defence - National Unity Government of Myanmar
Date of Publication:
2023-06-21
Date of entry:
2023-06-21
Grouping:
- Individual Documents
Category:
Countries:
Myanmar
Administrative areas of Burma/Myanmar:
Karenni State
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
285.79 KB
Resource Type:
text
Text quality:
- Good