(၇၄)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

Description: 

"၁။ ထူးခြားသော သမိုင်းအစဥ်အလာကို ဖော်ညွှန်း၍ ဂုဏ်ထူးဝိသေသများဖြင့် ပြည့်ဝသည့် ဤနေ့ထူးနေ့မြတ် ပအိုဝ်းအမျိုးသားနေ့တွင် ပအိုဝ်းတိုင်းရင်းသားများ၏ ဇာတိသွေး၊ ဇာတိမာန် များနှင့် ကျေးဇူးတရားတို့အပေါ် သိတတ်နားလည်မှုများအတွက် လွန်စွာ ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း ပြောကြားလိုပြီး ပအိုဝ်းတိုင်းရင်းသားများနှင့်အတူ နိုင်ငံတဝှမ်းရှိ တိုင်းရင်းသား ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပါစေကြောင်း မေတ္တာပို့သအပ်ပါသည်။ ၂။ ပအိုဝ်းတိုင်းရင်းသားများသည် ဘာသာတရားကို တန်ဖိုးထားလေးစားကြသော လူမျိုးများဖြစ်သည်သာမက ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုများဖြင့် သမိုင်းအစဥ်အလာ ထည်ဝါ လှပသော လူမျိုးများဖြစ်ကြပါသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ အနာဂတ်အား ထွန်းလင်း တောက်ပစေခဲ့သည့် သူရိယစန္ဒာမင်း၏ ကျေးဇူးတရားကို ဖော်ညွှန်းရန် ထိုမင်း၏ မွေးနေ့ တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြသည်မှာ ယနေ့တွင် (၇၄)နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ၃။ ခေတ်အဆက်ဆက်တွင် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်များသည် လွတ်လပ်ရေး ကြိုးပမ်းမှုတွင် စိတ်အားထက်သန်စွာ ပါဝင်ခဲ့ကြသည်သာမက ယခုနွေဦးတော်လှန်ရေးတွင်လည်း ပအိုဝ်းတိုင်းရင်းသားများသည် ကျရာတာဝန်များ ထမ်းရွက်လျက် အကြမ်းဖက် စစ်အာဏာရှင် အုပ်စု၏ မတရားမှုများကို ခုခံတွန်းလှန်တိုက်ပွဲဝင်လျက်ရှိရာ အရွေ့တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ မိမိတို့အားလုံး၏ ခိုင်မာသောယုံကြည်ချက်၊ ဇွဲ၊ သတ္တိတို့ဖြင့် အာဏာရှင်စနစ်ဆိုးအား ဆန့်ကျင်တွန်းလှန်နေစဥ်တွင် အာဏာရှင်တို့၏ ပုံမှန်လုပ်ရိုးလုပ်စဥ်ဖြစ်သော ကောက်ကျစ်သော သွေးခွဲမှုများဖြင့် မိမိတို့တိုင်းရင်းသား ပြည်သူများအကြား စည်းလုံးမှုအင်အားကို ပျက်ပြားစေမည့် လုပ်ရပ်များကိုလည်း အသိ၊ သတိကြီးစွာ သိရှိနားလည်ထားသင့်သည်ကို ဖော်ပြလိုပါသည်။ နွေဦးတော်လှန်ရေးတွင် ကိုယ်ကျိုးစွန့်အနစ်နာခံ၍ နိုင်ငံတော်နှင့်ပြည်သူများအတွက် အသက် သွေးချွေး ရင်းနှီးပေးဆပ်ခဲ့ကြသည့် ပအိုဝ်းတိုင်းရင်းသားသွေးချင်းညီနောင်များကိုလည်း လေးစား ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်ဖော်ပြလိုပါသည်။ ၄။ ပြည်တွင်းပြည်ပရှိ ပအိုဝ်းတိုင်းရင်းသားများနှင့်အတူ တိုင်းရင်းသားပြည်သူများ အားလုံး အနေဖြင့် စည်းလုံးညီညွတ်မှုအင်အားကို အတူတကွဖော်ဆောင်၍ တွဲလက်ခိုင်မာစွာဖြင့် တူညီသော ဘုံပန်းတိုင်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ အရောက်ချီတက်ရှေ့ဆက်ကြပါစို့ ဟု တိုက်တွန်းရင်း ဤ (၇၄)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ သဝဏ်လွှာအား ဂုဏ်ယူစွာ ပေးပို့အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2023-03-05

Date of entry: 

2023-03-05

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

299.25 KB

Resource Type: 

text

Text quality: 

    • Good