(၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

Description: 

"၁။ ကိုလိုနီနယ်ချဲ့တို့အား တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ သွေးစည်းညီညွတ်မှုဖြင့် တွန်းလှန်တိုက်ထုတ်၍ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်‌သော အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် ရယူနိုင်ခဲ့ရာ ယနေ့ဆိုလျှင် (၇၅) နှစ်တိုင် ရှိခဲ့ပြီ ဖြစ်ပါသည်။ အတိတ်တွင် တည်ဆောက်နိုင်ခဲ့သည့် နားလည်မှု၊ အမြော်အမြင်ကြီးမှုနှင့် စည်းလုံးညီညွတ်မှုတို့သည် ယနေ့ အချိန်တွင်လည်း အထူးလိုအပ်လျက် မိမိတို့ ခေါင်းဆောင်များ၏ စိတ်ဓာတ်နှင့် လမ်းစဉ်အတိုင်း အတူတည်ဆောက်လျှောက်လှမ်းကြမည့် အချိန်ပင် ဖြစ်ပါသည်။ ၂။ ယနေ့အချိန်တွင် ပြည်ပ၏ နယ်ချဲ့ဖိနှိပ်မှုမဟုတ်ဘဲ လက်နက်အားကိုးဖြင့် ပြည်သူလူထု အား ကိုလိုနီဖက်ဆစ်ပုံစံဖြင့် အကြမ်းဖက်သတ်ဖြတ်မှုများဖြင့် ဖိနှိပ်အုပ်ချုပ်ရန် ကြိုးပမ်းနေသော အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်များနှင့် အမြစ်တွယ် နေသည့် အာဏာရှင်စနစ်ဆိုးအား နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေး အင်အားစုများက ညီညီညွတ်ညွတ် တွန်းလှန်တိုက်ထုတ်လျက်ရှိပါသည်။ အာဏာသိမ်းကာလ (၂) နှစ်နီးပါး ကြာမြင့်သည့်တိုင် မိမိတို့ ပြည်သူအချင်းချင်းကြားတွင် ပြိုကွဲယိမ်းယိုင်ခြင်းမရှိသည့် အခြေအနေတစ်ရပ်သည် တော်လှန်ရေးအင်အားစုများ၏ စည်းလုံးညီညွတ်မှုကြောင့်သာ ဖြစ်ပါသည်။ ၃။ လွတ်လပ်ရေးကြေညာစာတမ်း အပိုဒ် (၅) တွင် “ငါတို့နိုင်ငံ တော်ကြီးသည် မည်သူ တဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတဦး တယောက်တဖွဲ့ တသင်း၏ ပုဂ္ဂလိကအပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦး တယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်” ဟု ဖော်ပြထားသည့်အတိုင်း မိမိတို့အနေဖြင့် မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များက လက်နက်အားကိုးဖြင့် ဖိနှိပ်အုပ်ချုပ်ရန်အပါအဝင် လူထုဆန္ဒ မပါ‌သော ဒီမိုကရေစီနည်းနှင့်သွေဖီသည့် မည်ကဲ့သို့သော ကြိုးပမ်းမှုမျိုးကိုမဆို အတူတကွ တားဆီးကာကွယ်သွားကြရမည် ဖြစ်ပါသည်။ ၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ပြည်သူလူထုက ဒီမိုကရေစီနည်း ကျ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော တရားဝင်အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ပြည်သူလူထု၏ဆန္ဒသဘောထားကို ဦးထိပ်ပန်ဆင်လျက် ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် ပြည်သူလူထု၏ ဆန္ဒအရ ပေါ်ပေါက်လာမည့် ဒီမိုကရေစီအဖွဲ့ အစည်းများ ရှင်သန်ခိုင်မာစေရေးကို နိုင်ငံရေးအင်အားစုများအားလုံးနှင့် ပူးပေါင်းကြိုးပမ်း‌ ဆောင်ရွက်လျက်ရှိပါသည်။ ၅။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် လွတ်လပ်ခြင်း အနှစ်သာရများ အပြည့်အဝ ရရှိ ခံစားနိုင်၍ မိမိတို့ ဆန္ဒသဘောထားနှင့်အညီ တိုင်းပြည်၏ ကိစ္စအရပ်ရပ်တွင် ဖိနှိပ်မှုများနှင့် အကြောက်တရားကင်းစွာ မိမိတို့ကိုယ်တိုင် ပါဝင်ဆုံးဖြတ်နိုင်ရေးအပြင် ဖက်ဒရယ်စနစ်နှင့် ဒီမို ကရေစီစနစ်တို့ ထူထောင်ရှင်သန်ခိုင်မာရေးဖြစ်သည့် တိုင်းရင်းသားလူမျိုးအားလုံး၏ ဘုံရည်မှန်း ချက်အား ဆက်လက် အကောင်အထည်ဖော်ဆောင်နိုင်ရေး အားထုတ်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း လေးနက်စွာ ထပ်လောင်းကတိပြုလျက် ဤ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား ဂုဏ်ယူစွာ ပေးပို့အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2023-01-04

Date of entry: 

2023-01-04

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

498.12 KB

Resource Type: 

text

Text quality: 

    • Good