အကြမ်းဖက်စစ်အုပ်စုမှ စာသင်ကျောင်းများ ဖွင့်လှစ်ရန် ကြိုးပမ်းမှုအပေါ် ထုတ်ပြန်ချက်

Description: 

"၁။ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံကိုအုပ်ချုပ်နိုင်သည်ဟု ပုံဖော်နိုင်ရန်အလို့ငှာ စာသင်ကျောင်းများကို ဖွင့်လှစ်ရန်ကြိုးပမ်းလျက်ရှိသည်။ ထိုသို့ကြိုးပမ်းမှုသည် နိုင်ငံ၏အနာဂတ်ဖြစ်သော ကလေး သူငယ်များကို ၎င်းတို့၏နိုင်ငံရေးအကျိုးအမြတ်အတွက်အသုံးချခြင်းဖြစ်သည့် ယုတ်ညံ့သော အကြံ အစည်တစ်ခုဖြစ်သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ပညာရေး၀န်ကြီးဌာနတို့က ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်။ ၂။ အကြမ်းဖက်စစ်အုပ်စုကမည်မျှပင်ကြိုးစားစေကာမူ ဆရာ/ဆရာမများ၊ မိဘများနှင့် ကျောင်းသား/ ကျောင်းသူပေါင်းများစွာသည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) တွင် ယနေ့တိုင်ပါဝင်လျက်ရှိပြီး အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံလျက် ဆက်လက်တိုက်ပွဲ ဝင်နေကြသောကြောင့် စာရင်းရှိ အခြေခံပညာကျောင်းသားစုစုပေါင်း၏ ရာခိုင်နှုန်းအနည်းငယ်မျှသာ စစ်အုပ်စုက ဖွင့်လှစ်သောကျောင်းများသို့ တက်ရောက်ရန် စာရင်းသွင်းထားသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ CDM ဆရာ/ဆရာမများ၊ မိဘများနှင့် ကျောင်းသား/ကျောင်းသူအပေါင်းတို့ကို ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။ ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကြားကာလပညာရေးအစီ အစဉ်များ၊ ဝန်ဆောင်မှုများအား ပံ့ပိုးဖြန့်ဝေပေးလျက်ရှိသကဲ့သို့ တော်လှန်ရေးအလွန်ကာလ လုပ်ဆောင်ရမည့်ပညာရေးအစီအစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ နေအိမ်အခြေပြု ပညာသင်ကြားရေးအစီအစဉ် (HBL) အပါအ၀င် online/on ground ကျောင်းများဖွင့်လှစ်ကာ ကြားကာလပညာရေးဝန်ဆောင်မှုများကိုလည်း ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်သောပြည်သူများအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ကျောင်းဖွင့်လှစ်ခြင်းအား ဆက်လက်သပိတ်မှောက်ကြရန် တိုက်တွန်းအပ်ပါသည်။ ၄။ စဉ်းစားပုံဖော်၍ မရလောက်အောင်ပင် ယုတ်ညံ့လှသည့် ရာဇဝတ်မှုများကို ပြောင်ပြောင် တင်းတင်း ကျူးလွန်လျက်ရှိသော အကြမ်းဖက်စစ်အုပ်စုသည် မေလ ၃၀ ရက်နေ့ ညနေ ရန်ကုန်မြို့ ဘက်စ်ကားမှတ်တိုင်ကို ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သားများကို ထိခိုက်သေဆုံး၊ ဒဏ်ရာရစေခဲ့သည်။ ထို့အတူ တော်လှန်ရေး အင်အားစုများကို နိုင်ငံတကာမှ အထင်အမြင် လွဲမှားစေရန် အလို့ငှာ နိုင်ငံ၏ အနာဂတ်များဖြစ်သော ကလေးသူငယ်များကို စစ်အုပ်စုမှ အလားတူ ယုတ်မာစွာ အကြမ်းဖက်တိုက်ခိုက်မည်ကို အထူးစိုးရိမ်ပါသည်။ ထို့ကြောင့် အခြေအနေအမျိုးမျိုးကြောင့် အကြမ်းဖက်စစ်အုပ်စုက ဖွင့်လှစ်သည့်ကျောင်းများကို မလွဲမရှောင်သာ တက်ရောက်ကြရမည့် ကျောင်းသား/ကျောင်းသူများ၏ လုံခြုံရေးအတွက် အကြမ်းဖက်စစ်အုပ်စုတွင် အပြည့်အဝ တာဝန်ရှိသည်။ ၅။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသည် ပြည်သူ့ခုခံတော်လှန်စစ်တွင် ပါဝင်တိုက်ပွဲဝင်နေကြသည့် တပ်ဖွဲ့ဝင်များအနေဖြင့် လိုက်နာရမည့်ကျင့်ဝတ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းရေးဆွဲဖြန့်ဝေထားခဲ့ပြီးဖြစ်သည်။ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို ဆက်လက်၍ တင်းကျပ်စွာလေးစားလိုက်နာကြရန်အတွက် ထပ်လောင်း တိုက်တွန်းအပ်ပါသည်။ စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းအား မည်သည့်ဘက်၊ မည်သည့်အစုအဖွဲ့က တိုက်ခိုက်သည်ဖြစ်စေ လုံးဝလက်ခံမည်မဟုတ်ပဲ ရှုတ်ချမည်ဖြစ်သည်။ ၆။ CDM ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၏ အသက်နှင့် ဘဝများကို ရင်းနှီး၍ ဆက်လက်သပိတ်မှောက်တိုက်ပွဲဝင်နေကြခြင်းနှင့် အဆိုပါ တော်လှန်ရေးအင်အားစုများ၏ နိုင်ငံရေးတောင်းဆိုချက်များကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မျက်ကွယ်မပြုအပ်ပါ။ အကြမ်းဖက်စစ်အုပ်စု ဖွင့်လှစ်မည့် စာသင်ကျောင်းများအပေါ် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်များ ကိုယ်တိုင် အကြမ်းဖက်တိုက်ခိုက်နိုင်သည်ဟူသည့် ဖြစ်နိုင်ချေကို ပေါ့ပေါ့တန်တန် မမှတ်ယူအပ်ပါ။ ကလေးသူငယ်များ၏ ပညာသင်ကြားပိုင်ခွင့် (Right to Education) ကို မျက်ကွယ်ပြုသော၊ နိုင်ငံရေး အကျိုးအမြတ်အတွက်အသုံးချရန် ကြိုးပမ်းလျက်ရှိသော အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးအင်အားစုများနှင့်အတူ ကလေးသူငယ်များ၏ လွတ်လပ်လုံခြုံစွာ ပညာသင်ကြားပိုင်ခွင့်ကိုအာမခံနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။..."

Source/publisher: 

Ministry of Human Rights

Date of Publication: 

2022-06-03

Date of entry: 

2022-06-03

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

262.8 KB

Resource Type: 

text

Text quality: 

    • Good