အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် (၄ / ၂၀၂၃) - ပြည်သူ့နွေဦးတော်လှန်ရေး နှစ်နှစ်ပြည့်မြောက်ခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ကြေညာချက်

Description: 

"အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာနသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့အား တရားမဝင်စစ်အုပ်စု၏ မအောင်မြင်ခဲ့သည့် နိုင်ငံတော် အာဏာသိမ်းယူမှုကို ဆန့်ကျင်သည့် မြန်မာပြည်သူများ၏ ပြည်သူ့နွေဦးတော်လှန်ရေး ဒုတိယမြောက် နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ် ပါသည်။ မြန်မာပြည်သူများအနေဖြင့် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း အကြမ်းဖက် စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေးအပေါ် ၎င်းတို့၏ သွေးစည်းညီညွတ်မှုနှင့် ခိုင်မာသည့်ဆုံးဖြတ်ချက်တို့အား ထုတ်ဖော် ပြသခဲ့ပြီးဖြစ်သည်။ မိမိတို့၏ ဒီမိုကရေစီ၊ ရပိုင်ခွင့်များနှင့် လွတ်လပ်ခွင့်များကို အကြမ်းဖက် လူရမ်းကားများ၏ သေနတ်အောက်တွင် လက်မြှောက်အရှုံးပေးမည် မဟုတ်ကြောင်းကိုလည်း အတိအလင်း ကြေညာထားပြီးဖြစ်သည်။ ယနေ့တွင် မိမိတို့အနေဖြင့် အာဇာနည်သူရဲကောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ၎င်းတို့ ပေးဆပ်ခဲ့သော စိတ်ကူးရန်ပင် မလွယ်ကူလှသည့် စွန့်လွှတ်အနစ်နာခံမှုများအပေါ် မှတ်တမ်းတင် ဂုဏ်ပြုပါသည်။ တရားမ၀င် အကြမ်းဖက်စစ်အုပ်စု၏ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ညီအကိုမောင်နှမများကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုပါသည်။ ထို့ပြင် မိမိတို့၏ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နှင့် သပိတ်ကော်မတီအဖွဲ့ဝင်များ၊ လူငယ်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဆေးဘက်ဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များနှင့် လူ့အခွင့်အရေး ကာကွယ်သူများ၊ ပြည်သူ့နှင့် ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မိမိတို့၏ လူမှုအသိုင်းအဝိုင်းကို ကာကွယ်ရန်နှင့် အကြမ်းဖက်စစ်အုပ်စုကို ဖီဆန်သော လူတစ်ဦးတစ်ယောက်စီတိုင်းကို မှတ်တမ်းတင် ဂုဏ်ပြုပါသည်။ ယနေ့တွင် အကြမ်းဖက်စစ်အုပ်စုအပေါ် ပြတ်သားသော ဒဏ်ခတ်ပိတ်ဆို့မှုများ ထုတ်ပြန် ကြေညာခဲ့သည့် မိမိတို့နှင့် တညီတညွတ်တည်း ရပ်တည်လျက်ရှိသည်ကို ပြသခဲ့သော ကမ္ဘာတဝှမ်းရှိ မိတ်ဆွေများကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။ မြန်မာပြည်သူများအနေဖြင့် ပြည်သူ့နွေဦးတော်လှန်ရေးတွင် အောင်မြင်မှုရရှိနေပြီး အခြား တစ်ဖက်တွင် လည်း ပြည်သူများ၏ ပေးဆပ်အနစ်နာခံထားရမှုများသည် ထုထည်ကြီးမားလှပါသည်။ ပြည်သူလူထု၏ ပြင်းထန်သော စိတ်ဆန္ဒကို ကြောက်ရွံ့ပြီး နိုင်ငံတော်၏အာဏာကိုချုပ်ကိုင်ရန် ရှုံးနိမ့်နေသော အကြမ်းဖက် စစ်အုပ်စုသည် အပြစ်မဲ့ပြည်သူများအပေါ် လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ပြည်သူ့အိုးအိမ်များ အား မီးရှို့မှု၊ ငတ်မွတ်ခေါင်းပါးစေမှုနှင့် အစုလိုက်အပြုံလိုက် အိုးအိမ်မဲ့ဖြစ်စေမှုများကို အတားအဆီးမဲ့ ဆက်တိုက် ကျူးလွန်လျက်ရှိပါသည်။ ထို့ပြင် ၎င်းတို့သည် ပြည်သူများအပေါ် အကြမ်းဖက် စစ်ပွဲများ ဆင်နွှဲကာ နိုင်ငံတဝန်းလုံးရှိ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်လျက်ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိမိတို့၏ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူ လွတ်လပ်၍ တရားမျှတမှုရရှိစေရေးအတွက် အထွေထွေရွေးကောက်ပွဲများမှတဆင့် ပြည်သူများမှ ပေးအပ်ခဲ့သော ဒီမိုကရေစီနည်းကျ လုပ်ပိုင်ခွင့်ကို လက်ကိုင်ကျင့်သုံးလျက် မြန်မာနိုင်ငံအတွင်းမှပင် ဆက်လက် ဦးဆောင်လျက်ရှိပါသည်။ မိမိတို့သည် စည်းလုံးညီညွတ်မှု၊ တည်ငြိမ်အေးချမ်းမှု၊ တန်းတူ ညီမျှမှု၊ တိုးတက်ပြောင်းလဲမှုနှင့် အရပ်သားအုပ်ချုပ်မှုတို့အတွက် ရပ်တည်လျက်ရှိပါသည်။ တစ်ဖက်တွင် လည်း အကြမ်းဖက်စစ်အုပ်စုသည် သေခြင်းတရားနှင့် ကြီးမားသောဖျက်ဆီးခြင်းနည်းလမ်းများကို ဆုပ်ကိုင်ကာ နိုင်ငံအား အုပ်ချုပ်ရန် ကြိုးစားလျက်ရှိသည်။ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် လွတ်မြောက်ခြင်း သို့မဟုတ် အကြောက်တရား၊ တရားမျှတမှု သို့မဟုတ် အပြစ်ပေးခံရမှု၊ ဒီမိုကရေစီ သို့မဟုတ် အာဏာရှင်စနစ် တို့အပေါ် ထင်ရှားပြတ်သားစွာ ရွေးချယ်ရမည်ဖြစ်သည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ယခုအချိန်သည် ၎င်းတို့၏ ပိုမိုခိုင်မာသော သဘောထားနှင့် မြန်မာပြည်သူများအတွက် ရပ်တည်မှုချိန်ခွင်လျှာတို့ကို ပြတ်သားစွာ ဖော်ထုတ်ညွှန်ပြရမည့်အချိန် ကာလ လည်း ဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကုလသမဂ္ဂ၊ အာဆီယံ မိတ်ဖက်နိုင်ငံများနှင့် နိုင်ငံတကာ အသိုက်အဝန်းတို့အား မိမိတို့၏ တရားဝင် ဒီမိုကရေစီနည်းကျကျလုပ်ပိုင်ခွင့်ကို ထောက်ခံအားပေးရန်နှင့် အတုအယောင် ရွေးကောက်ပွဲများမှတဆင့် သွေးစွန်းနေသော စစ်ယူနီဖောင်းများမှ အရပ်သားပုံစံ အသွင်ယူပြောင်းလဲအုပ်ချုပ်ရန် ကြိုးစားလျက်ရှိသည့် အကြမ်းဖက်စစ်အုပ်စု၏ ဆောင်ရွက်မှုအားလုံးကို တားဆီးပိတ်ဆို့ရန် တောင်းဆိုပါသည်။ ထို့ပြင် လိုအပ်နေသူများအားလုံးထံ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အရေးပေါ်ပို့ဆောင်နိုင်ရေးနှင့် မြန်မာနိုင်ငံမှ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူ များနှင့် ဒုက္ခသည်များကို အကာအကွယ်ပေးနိုင်ရေးတို့အတွက် မိမိတို့အပါအဝင် တိုင်းရင်းသားများနှင့် အရပ်ဘက် အဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်းပါသည်။ ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများ အပါအဝင် အပြစ်မဲ့ပြည်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား တရားမျှတမှု ဖော်ဆောင်ရေးအတွက် ပြစ်မှုကျူးလွန်သူခဲ့များအပေါ် တာဝန်ခံမှုရှိစေရန် မိမိတို့၏ ကြိုးပမ်းမှုများကို အကူအညီပေးစေလိုပါသည်။ ယနေ့ကျရောက်သော ပြည်သူ့နွေဦးတော်လှန်ရေး၏ ဒုတိယမြောက် နှစ်ပတ်လည်နေ့သည် ရက်စက် ကြမ်းကြုတ်မှုများနှင့် ဒေသတွင်း မတည်ငြိမ်မှုများကိုသာ လိုလားတောင့်တနေသော စစ်အာဏာရှင် တစ်ဦးအတွက် နိုင်ငံတကာအသိုက်အဝန်း၏ ပြစ်ဒဏ်မှ ထပ်မံမျက်ကွယ်ပြုထားခြင်း မရှိတော့သည့် အခိုက်အတန့်ဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုအပေါ် ပြင်းထန်သည့် အရေးယူဆောင်ရွက်မှုပြုလုပ်ရမည်ဖြစ်ပြီး နောက်ဆုံးတွင် အကြမ်းဖက်မြန်မာစစ်တပ်အား ထိရောက် သော အရပ်သားထိန်းချုပ်မှုအောက်သို့ အပြီးအပိုင် ယူဆောင်လာရမည်ဖြစ်သည်။..."

Source/publisher: 

Ministry of Foreign Affairs - Myanmar - NUG

Date of Publication: 

2023-02-01

Date of entry: 

2023-02-01

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

728.31 KB

Resource Type: 

text

Text quality: 

    • Good