အမျိုးသားညီညွတ်ရေးအစိုးရ "ရတနာစီမံကိန်းနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်”

Description: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ရတနာစီမံကိန်း ၏ ရန်ပုံငွေ ခွဲဝေမှုနှင့် စပ်လျဉ်းသည့် တရားဝင် တောင်းဆိုချက်စာ (demand letter) တရပ်ကို PTT Exploration and Production Public Company ထံ ယနေ့ ပေးပို့အပ်ပါသည်။ အဆိုပါရန်ပုံငွေများသည် ကျွန်ုပ်တို့ မြန်မာ ပြည်သူများအား အကြမ်းဖက်တိုက်ခိုက် နှိပ်စက်သတ်ဖြတ်နိုင်ရန် အာဏာသိမ်းစစ်အုပ်စုအား အထောက်အပံ့ ဖြစ်ထွန်းလျက်ရှိပါသည်။ အဆိုပါ ရန်ပုံငွေများသည် လက်ရှိဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို အားဖြည့်ကူညီ လျက်ရှိကာ အပြစ်ကင်းစင်သော နိုင်ငံသူ နိုင်ငံသားများအား အကြမ်းဖက်နိုင်ရန် အထောက်အပံ့ ဖြစ်လျက် ရှိကြောင်း တွေ့ရနိုင်ပါသည်။ မကြာသေးမီက ရှမ်းပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြီးအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နှင့် တကမ္ဘာလုံးမှ အစိုးရများစွာက ပြစ်တင်ရှုံ့ချခဲ့ပြီး ဖြစ်ပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ တွင် "နိုင်ငံတဝှမ်းလုံး၌ ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှု ပုံသဏ္ဍာန် အမျိုးမျိုး နှင့် အရပ်သားများ နှင့် အရပ်သား အခြေခံအဆောက်အဦများအား တိုက်ခိုက် ဖျက်ဆီးမှုများအား ပြင်းထန်စွာစိုးရိမ်ပူပန်ခြင်း" ကိုဖော်ပြခဲ့ပြီး “အဆိုပါ ပုံသဏ္ဍာန်အမျိုးမျိုးသော အကြမ်းဖက်မှုများအား ချက်ခြင်းရပ်ဆိုင်းရန်” ဟု တောင်းဆိုထားခဲ့ပါသည်။ သို့ဖြစ်ပါ၍ စစ်အုပ်စုအား နိုင်ငံခြားငွေစီးဆင်းနေခြင်းအား ရပ်တန့်ရန် အရေးတကြီး လိုအပ်ပါသည်။ အဆိုပါ ဝင်ငွေများဖြင့် စစ်အုပ်စုသည် လက်နက်များဝယ်ယူကာ အရပ်သားပြည်သူများအား သတ်ဖြတ်ခြင်း၊ ဆေးရုံ နှင့် စာသင်ကျောင်းများကို တိုက်ခိုက်ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်နေ့ မှ ယနေ့ထိဆိုလျှင် ကုလသမဂ္ဂမှ ထုတ်ပြန်သောကိန်းဂဏန်းအရ ၁,၇၀၄,၀၀၀ (၁.၇ သန်းကျော်) သော ပြည်သူများသည် မိမိနေအိမ်ကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီ ဖြစ်ပါသည်။ နောက်ထပ် ပြည်သူ တသန်းကျော်သည်လည်း အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေနိုင်ရန် ကြိုးစားလျက်ရှိကြပါသည်။ အဆိုပါ အဖြစ်အပျက်သည် ကြီးမားသော ဝမ်းနည်းဖွယ် ဖြစ်ရပ်ကြီး ဖြစ်ပါသည်။ ကုမ္ပဏီများ နှင့် နိုင်ငံတကာ အစိုးရများအနေဖြင့် စစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုများကို လူသားချင်းစာနာသော တာဝန်တရပ်အဖြစ် ဝိုင်းဝန်းကူညီသည့်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယခု ရန်ပုံငွေ ဖြတ်တောက်ရေး လုပ်ဆောင် ချက်အပေါ် ဝိုင်းဝန်းကူညီကြရန် တာဝန်ရှိကြပါသည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ရတနာစီမံကိန်းနှင့် စပ်လျဉ်းသော တရားဝင် တောင်းဆိုချက် စာကို PTT သို့ ပေးပို့လိုက်ပါသည်။ ယခု ပေးပို့သောစာသည် အကြမ်းဖက်စစ်အုပ်စုထံ စာချုပ်ပါ အချက်အလက်များကို မမှန်မကန် လိုက်နာ၍ ပေးပို့ခဲ့သော အခွန်အကောက်များ၊ လစဉ် အစီရင်ခံစာများ၊ စစ်အာဏာလုယူပြီးနောက် ဆက်လက်လုပ် ဆောင်ခဲ့သော လုပ်ငန်းများအပေါ် ဖြေရှင်းချက်တောင်းခံခြင်း ဖြစ်ပါသည်။ ထို့အပြင် ရတနာစီမံကိန်း၏ အနာဂတ်ပေးဆောင်မှုအားလုံးသည် မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် အမျိုးသားညီညွတ်ရေးအစိုးရက သဘောတူ လက်ခံသော.. အခြားငွေစာရင်းတခုသို့သာ ဆောင်ရွက်ရန် ညွှန်ကြားခြင်းဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခင် အစိုးရအဆက်အဆက်နှင့် ပေါင်းသင်း ဆက်ဆံခဲ့သော PTT အပေါ် ထိခိုက်စေလိုခြင်း အလျဉ်းမရှိပါ။ အလားတူပင် လက်ရှိဆောင်ရွက်နေသာ လုပ်ငန်းများအားလည်း ရပ်တန့်စေလိုခြင်း မရှိပါ။ ကျွန်ုပ်တို့သည် PTT ၏ ဆောင်ရွက်ချက်များအား လူ့အခွင့်အရေးများနှင့် ကိုက်ညီ လျက်ရှိကြောင်း အတည်ပြုနိုင်ရန် အားပေးဆောင်ရွက်ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် PTT က ပြည်သူလူထုအပေါ် ပေးထားပြီး ကတိကဝတ်ဖြစ်သည့် ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီး၏ အကြံပြုချက်များအပေါ် လိုက်နာလိုခြင်းအား ထောက်ခံပါသည်။ PTT ကပင် လျှင် “အကြမ်းဖက်မှုများနှင့် မငြိမ်မသက်မှုများ" ဟု ဖော်ထုတ်ခဲ့သော မြန်မာနယ်မြေအတွင်း စစ်အုပ်စု လုပ်ဆောင်နေသော လုပ်ရပ်များကြောင့် အချို့လုပ်ငန်းများကို ရပ်တန့်ထားရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်ကို လည်း ဂရုထား၍ ဤတရားဝင် တောင်းဆိုစာကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။ ယခုစာသည် PTT အား လူ့အခွင့်အရေးကို လေးစားလိုက်နာ ရပ်တည်ခြင်း နှင့် အကြမ်းဖက်မှုအား ရှောင်ဖယ် ဆန့်ကျင်ခြင်းအတွက် မှတ်ကျောက် တခု ဖြစ်လာစေပါမည်။ ကျွန်ုပ်တို့အနေဖြင့် PTT သည် ယခုစာပါ မူဝါဒများအတိုင်း လိုက်နာလျက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သွားလိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါသည်။ PTT အနေဖြင့် ယခုစာပါ တောင်းဆိုချက်များအပေါ် ပူးပေါင်းဆောင်ရွက်ခြင်း မပြုပါက ကျွန်ုပ်တို့ အနေဖြင့် စီးပွားရေးဆိုင်ရာ အငြင်းပွားမှုအဖြစ် တရားဝင်အစိုးရတရပ်၏ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတကာ စည်းမျဉ်း ဥပဒေများနှင့်အညီ လူထု၏ အခြေခံ လူ့အခွင့်အရေးများ နှင့် ဂုဏ်သိက္ခာများ ကျဆုံးခဲ့ရမှုအပေါ် မူတည်၍ စာချုပ်ပါ အတိုင်း စင်္ကာပူနိုင်ငံ အနုညာတ တရားရုံးတွင် တရားစွဲဆိုသွားမည်ဖြစ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2023-03-20

Date of entry: 

2023-03-20

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

212.3 KB

Resource Type: 

text

Text quality: 

    • Good