အမျိုးသားညီညွတ်ရေးအစိုးရက (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ

Description: 

"ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့တွင် ကျရောက်သည့် မွန်အမျိုးသားနေ့ အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့တွင် မွန်အမျိုးသား ညီနောင်နှစ်ပါးဖြစ်သည့် သမလမင်းနှင့် ဝိမလမင်းတို့က မျက်မှောက်ခေတ် ပဲခူးမြို့နေရာဒေသတွင် မွန်မျိုးနွယ်စုတို့အား ဦးဆောင်ကာ ပထမဟံသာဝတီ မွန်နေပြည်တော်ကို ထူထောင်ခဲ့သည်။ ယင်းနေ့ ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်လိုက်ခြင်းဖြင့် လွန်ခဲ့သည့် ပထမထောင်စုနှစ် ကာလကတည်း ကပင် မွန်လူမျိုးတို့၏ ကြီးမြတ်သော သမိုင်းနှင့် ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားစွာ တည်ရှိနေခဲ့ ခြင်းကို အသိအမှတ်ပြု မှတ်တမ်းတင် ဖော်ပြခြင်းပင်ဖြစ်သည်။ ရာမညဒေသဟု အမည်တွင်သည့် လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင် မွန်လူမျိုးတို့သည် ဗုဒ္ဓသာသနာ ထွန်းကားရေးအတွက် စေတီပုထိုးကျောင်းကန်များ တည်ဆောက် ခြင်း၊ မြို့ပြရပ်ရွာများ ထူထောင်ခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ကူးလူးဆက်ဆံရောင်းဝယ် ဖောက်ကား ခြင်းများ ရှိခဲ့သည်သာမက အရှေ့တောင်အာရှဒေသတွင် ဗုဒ္ဓသာသနာတော်ပြန့်ပွားရေး အတွက် ပါဝင်ဆောင်ရွက်ခဲ့သည့် လူမျိုးတစ်မျိုးဖြစ်ကြောင်း သမိုင်းမှတ်တမ်းများတွင် အထင်အရှားတွေ့ရှိရပေ သည်။ ခေတ်အဆက်ဆက် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝကျင့်သုံးခဲ့ကြသည့် မွန်လူမျိုးတို့သည် ဗြိတိသျှကိုလိုနီလက်အောက်သို့ အခြားတိုင်းရင်းသားလူမျိုးများနည်းတူ ရောက်ရှိခဲ့ရသည်။ ထို့အတူ ပြည်ထောင်စုမြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသားများနည်းတူ ဗြိတိသျှနှင့် ဂျပန်တို့အား ဆန့်ကျင် တော်လှန်ရာတွင် တက်ကြွစွာပါဝင်ခဲ့ကြသည်။ သို့ရာတွင် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက် ဖဆပလခေါင်းဆောင်များထံ မွန်ပြည်နယ်သတ်မှတ်ပေးရန် အရေးဆိုသည့်အခါ ဖဆပလခေါင်းဆောင် များက ငြင်းပယ်ခဲ့သဖြင့် လက်နက်ကိုင်တော်လှန်ရေးကို မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ကြသည်။ မွန်အမျိုးသားများသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ခိုင်မာပြတ်သားသော ရပ်တည်ချက်များဖြင့် ပါဝင်ဆောင် ရွက်ခဲ့ကြသည်။ ထို့အတူ ခေတ်အဆက်ဆက်တွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေးအတွက် အခြားသော တိုင်းရင်းသား ညီအစ်ကို၊မောင်နှမများနှင့်အတူ လက်တွဲကာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။ ယခုအချိန်သည် အကြမ်းဖက်စစ်အာဏာရှင်က နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ခဲ့ပြီး နိုင်ငံသူ နိုင်ငံသားများအပေါ် အကြမ်းဖက်နှိမ်နင်းခြင်းများကို နေ့စဉ်ရက်ဆက် ကျုးလွန်နေသော ကြောင့် ပြည်သူတစ်ရပ်လုံးက ရရာနည်းလမ်းဖြင့် ခုခံတော်လှန်နေကြချိန်ဖြစ်သည်။ ထိုကဲ့သို့သော အချိန်အခါတွင် မွန်အမျိုးသားနိုင်ငံရေးအင်အားစုများသည် အခြားသော တိုင်းရင်းသား ပြည်သူများ နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြင့် စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ တန်းတူ ညီမျှမှုရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး စသည့် နိုင်ငံရေးဦးတည်ချက်များဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ဘဝလွတ်မြောက်ရေး အတွက် စုစည်းလက်တွဲပြီး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါသည်။ ယနေ့ကျရောက်သော မွန်အမျိုးသားနေ့တွင် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် နှစ်ပေါင်း(၇၀)ကျော် အသက်သွေး ချွေးပေးအပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည့် မွန်လူမျိုးတို့အား ဦးညွှတ်ဂုဏ်ပြုပါကြောင်းနှင့် နွေဦးတော် လှန်ရေးတွင် ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် မွန်ပြည်သူ ပြည်သားများ၊ မွန်အမျိုးသမီးများ၊ မွန်လူငယ်များ၊ မွန်ကျောင်းသား ကျောင်းသူများအား အထူးပင် လေးစားဂုဏ်ပြု ပါကြောင်းနှင့် (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့ကို ကြိုဆိုကြောင်း ဖော်ပြရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2023-02-04

Date of entry: 

2023-02-05

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

555.67 KB

Resource Type: 

text

Text quality: 

    • Good