အမျိုးသားညီညွတ်ရေးအစိုးရက ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

Description: 

"၁။ ယနေ့ကျရောက်သော ၂၇၆၂ခုနှစ်မြောက်ရဲ့ ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့တွင် ကရင်နီ တစ်မျိုးသားလုံးနဲ့ ကရင်နီပြည်နယ်အတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူများအားလုံးကို ဘေးရန်ကင်းကြပါစေ၊ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများရှိကြပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပန်းတိုင်သို့ ရောက်ရှိသည့်တိုင် တော်လှန်ရေးကြီးတွင် ညီညွတ်စွာပါ၀င် ဆင်နွှဲရင်း လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာ ပြည့်၀သော လူမှုဘ၀ကို ပိုင်ဆိုင်နိုင်ကြသူများ ဖြစ်ကြပါ စေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ၂။ အကြမ်းဖက်လူသတ် စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် လုယူ ပြီး တော်လှန်သူများ၊ ဆန့်ကျင်သူများကို သတ်ဖြတ်အကြမ်းဖက်ဖိနှိပ်ကာ မည်သို့ပင် ဥပဒေမဲ့ တရားမဲ့ ထိန်းသိမ်းရန် ကြိုစားနေပါစေ ကရင်နီပြည်ဟာ သမိုင်းအစဥ်အလာကောင်းသော လွတ် လပ်သူတို့၏ နယ်မြေဖြစ်သလို တစ်ကျော့ပြန် အာဏာသိမ်းမှုဖြစ်စဥ်နောက် ဖိနှိပ်အုပ်စိုးသူ စစ်အာဏာရှင်ကို တက်ကြွစွာ လက်နက်စွဲကိုင် တော်လှန်ရင်း အောင်ပွဲအလီလီရရှိနေတဲ့ ဒေသ တစ်ခုလည်း ဖြစ်ပါသည်။ ၃။ ကရင်နီပြည်သူပြည်သားလူမျိုးစုများ၏ ညီညွတ်မှု၊ ရွပ်ရွပ်ချွံချွံ ဆန့်ကျင်တော်လှန်မှုများ ကြောင့် ကရင်နီပြည်သည် အာဏာသိမ်းစစ်တပ် လွန်စွာမှ အထိနာရသည့် ဒေသတစ်ခု ဖြစ်သလို လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် အရပ်သား ပစ်မှတ်များကို ဦးတည်ပြီး အငြိုး ကြီးကြီးထိုးစစ်ဆင် အကြမ်းဖက် လူသတ်၊ မီးရှို့မှုများကြောင့် ဒေသခံများစွာဟာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်များအဖြစ် ခိုလှုံရှောင်တိမ်းနေကြရပြီး၊ နေအိမ်များ၊ ဘာသာရေး အထွတ်အမြတ် အဆောက်အအုံများစွာကို မီးရှို့ဖျက်ဆီးမှုများကြောင့် ဘေးဒုက္ခများစွာ၊ လူ့အခွင့်အရေးချိုး ဖောက်မှုများစွာကို ကြုံတွေ့ခံစားနေကြရသော ဒေသတစ်ခုလည်းဖြစ်ပါသည်။ ၄။ မည်သို့ပင် ဖိနှိပ်သတ်ဖြတ် ညှင်းပမ်းခံရပါစေ ကရင်နီပြည်နယ်ဖွား သွေးချင်းများအနေဖြင့် မြန်မာနိုင်ငံ ပြည်တွင်းစစ်မီးများ၏ အရင်းအမြစ် ပြဿနာဖြစ်သော ဘုံရန်သူကို မျက်ချေ မပြတ် အတူတကွ ချေမှုန်းရင်း တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား ညီနောင်များရဲ့ ဒုက္ခများကို မျှ၀ေ ခံစားကာ ဒီတော်လှန်ရေးကြီးမှာ ပိုမို ယုံကြည်မှု၊ နားလည်မှုတည်ဆောက်ရင်း တစ်သွေးတစ် သားတည်း ညီညွတ်စွာပါ၀င်ဆင်နွှဲနေကြသည့်အတွက်လည်း အထူးပင် မှတ်တမ်းတင် ဂုဏ်ပြု ကျေးဇူးတင်ပါသည်။ ၅။ ယနေ့ကျရောက်သော ကရင်နီ သက္ကရာဇ် ၂၇၆၂ ခု၊ လဲဟျာလ (၁)ရက်နေ့မှသည် ဘျာစယ် ဒုဖီးသူးလုမိုး၏ ကျေးဇူးတော်ကို ချီးမွှမ်းရင်း ပြည်ထောင်စုဖွား ကရင်နီလူမျိုးများသည် တန်းတူ ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီပြည့်၀သော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ သစ်ကို များမကြာမီ ခံစားစံစားကြရပါစေကြောင်း ဆန္ဒပြုလျက် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့ သ၀ဏ်လွှာအား ပေးပို့အပ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2023-04-19

Date of entry: 

2023-04-19

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

511.84 KB

Resource Type: 

text

Text quality: 

    • Good