အရပ်သားလူထုကို အမြောက်အများသေကြေပျက်စီးစေသည့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက် ကျူးလွန်မှုအား နိုင်ငံတကာစစ်ဥပဒေ နှင့် လူ့အခွင့်အရေးဥပဒေများရှုထောင့်မှနေ၍ ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်ကြေငြာခြင်း။

Description: 

"၁။ ပြည်တွင်းစစ်ပွဲများတွင်ပါ သက်ရောက်မှုရှိသော နိုင်ငံတကာ စစ်ဥပဒေအရ ဘက်နှစ်ဘက် စစ်ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည်။ စစ်ရေးပစ်မှတ်အားအောက်ပါအတိုင်း ဖွင့်ဆိုထားသည်။ နိုင်ငံတကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း1 နိုင်ငံတကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ (၂) တွင် အရာဝတ္ထု၊ အဆောက်အအုံတို့နှင့်စပ်လျဉ်းပြီး စစ်ရေးပစ်မှတ် (Military Objective) ဟူသည်မှာ ၎င်းအရာဝတ္ထု၊ အဆောက်အအုံ၏ သဘာဝအရသော်လည်းကောင်း၊ တည်နေရာအရသော်လည်းကောင်း၊ ၎င်း၏ရည်ရွယ်ချက်အရသော်လည်းကောင်း သို့မဟုတ် အသုံးချပါက စစ်ရေးလှုပ်ရှားမှုကို ထိရောက်စွာ အကျိုးပြုနိုင်ခြင်းရှိရမည်။ ထိုအရာဝတ္ထု၊ အဆောက်အအုံအား အလုံးစုံသော်လည်းကောင်း၊ တစိတ်တပိုင်း သော်လည်းကောင်း ဖျက်ဆီးပစ်ပါက သို့တည်းဟုတ် သိမ်းပိုက်ပါက သို့တည်းမဟုတ် ဖြိုချဖျက်ဆီး လိုက်ပါက အဆိုပါအချိန်အတောအတွင်း တိကျသည့်စစ်ရေးအသာစီးရမှု ရှိနေရမည်ဖြစ်သည်။ လေကြောင်းတိုက်ပွဲများဆိုင်ရာ ဟိဂ်စည်းမျဉ်း2 ၁၉၂၃ လေကြောင်းတိုက်ပွဲများဆိုင်ရာ ဟိဂ်စည်းမျဉ်း၏ အပိုဒ် ၂၄ အပိုဒ်ခွဲ (၁) တွင်ဖော်ပြထား သည်မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် စစ်ရေးပစ်မှတ်ကို ဦးတည်တိုက်ခိုက်မှသာလျှင် တရားဝင် ဖြစ်သည်။ ဆိုလိုသည်မှာ ပစ်မှတ်တခုကို တိုက်ခိုက်ပျက်စီးအောင်ပြုလုပ်ရာတွင် ပြုလုပ်သည့်အဖွဲ့အတွက် တိကျသေချာသည့် စစ်ရေးအကျိုးအမြတ် ရှိနေရမည်ဖြစ်သည်။ ၂။ စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် စစ်ရေးပစ်မှတ်ကို တိုက်စေဦး၊ ဗုံး၏ကျရောက် ပေါက်ကွဲမည့်နေရာနှင့် အရပ်သားလူထုများရှိနေမည့်နေရာကို တွက်ချက်ရသည်။ စစ်ရေးပစ်မှတ်ကို တိုက်ခိုက်သော ဗုံး၏ပြင်းအားကြောင့် ပြန့်ထွက်သွားမည့် အကွာအဝေးနေရာတွင် အရပ်သားလူထု ရှိနေလျင် အဆိုပါ စစ်ရေးပစ်မှတ်အား တိုက်ခိုက်ခွင့်မရှိ။ ၃။ စစ်ကောင်စီက အောက်တိုဘာ ၂၃ ရက်ည ကချင်ပြည်နယ် ဖားကန့ြ်မို့နယ် အနန်ပါကျေးရွာတွင ် ကေအိုင်အို အထိမ်းအမှတ်နေ့အကြို လူထုအခမ်းအနားကျင်းပနေစဉ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် သေဆုံးဒဏ်ရာရသူ ရာဂဏန်းနီးပါးရှိခဲ့သည်။ အရပ်သားလူထုများသည် အခမ်းအနားပြုလုပ်သည့် အဆိုပါနေရာသို့ စစ်ကောင်စီ၏ ဂိတ်စခန်းကိုဖြတ်ပြီး သွားရောက်ရသည့် နေရာဖြစ်၍ စစ်ကောင်စီတပ် အနေဖြင့် အရပ်သားလူထုများ ရောပြွန်းလျက်ရှိကြောင်းသိပါလျက်3နှင့် စစ်ရေးပစ်မှတ်အလျဉ်း မဟုတ်သည်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သောကြောင့် စစ်ရာဇဝတ်မှုကို အတိအလင်း ကျူးလွန်ရာရောက်သည်။ ထို့အပြင် အဆိုပါသတ်ဖြတ်မှုအား တနိုင်ငံလုံးကို အကြောက်တရားဖန်တည်းသည့်အခြေအနေကို သက်ရောက်စေရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ (widespread and systematic) ကျူးလွန်ခြင်းဖြစ်သဖြင့် လူသားဆန့က် ျင်ပြစ်မှု (Crimes against humanity) လည်းမြောက်သည်။ ၄။ ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုသည် အောက်ခြေတပ်ဖွဲ့တခုခုက ၎င်းတို့၏ သဘောဆန္ဒ သက်သက်မျှဖြင့် ကျူးလွန်ခြင်းမဟုတ်။ ကာကွယ်ရေးဦးစီးချုပ်၏ အမိန့် (သို့မဟုတ်) အတည်ပြုချက် ဖြင့်သာ စစ်ဆင်ရေးဆောင်ရွက်ရသည်။ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ ဤစစ်ဆင်ရေးကို ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ တိုက်ရိုက်အစီအစဉ်တကျ ဖော်ဆောင်ခြင်းဖြစ်သည်ကို တွေ့ရသည်။4 သို့ဖြစ်၍ ဤနိုင်ငံတကာရာဇဝတ်မှုကြီး နှစ်ခုအတွက် မင်းအောင်လှိုင်ခေါင်းဆောင်သည့် ထိပ်ပိုင်းစစ်အရာရှိ5 ကြီးများအားလုံးတွင် ပထမဆုံးအနေဖြင့် တိုက်ရိုက်တာဝန်ရှိသည်။ ၅။ ယင်းသို့သော ဆိုးဝါးပြင်းထန်လွန်းသည့် နိုင်ငံတကာပြစ်မှုကြီးများကို အဆက်မပြတ်ကျူးလွန်နေသော စစ်အာဏာရှင်များအား ဥပဒေစိုးမိုးရေးအခြေခံအရ ပြစ်မှုကျူးလွန်သူကို အပြစ်ပေးကာ တရားမျှတမှု ရှာဖွေရမည့် (Substantive Justice) မူက ို ပြတ်ပြတ်သားသားကိုင်စွဲလျက ် မင်းအောင်လှိုင်နှင့ ် အပေါင်းပါ စစ်ခေါင်းဆောင်များအား အရေးယူအပြစ်ပေးနိုင်ဖို့ ကြိုးပမ်းဖော်ဆောင်ရန် နိုင်ငံတကာ နှင့် ပြည်တွင်း အင်အားစုများအားလုံးတွင် တာဝန်ရှိပါသည်။ ၆။ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို အခြေပြု၍ဖြစ်စေ၊ အခြေမပြုဘဲဖြစ်စေ စစ်ကောင်စီ နှင့် အပစ်အခတ်ရပ်စဲ မှုက ို ပုံသဏ္ဍာန်မျိုးစုံဖြင့် အကောင်အထည်ဖော်ခဲ့ကြသည့ ် တိုင်းရင်းသား ခုခံစစ်ဆင်အဖွဲ့ အစည်းတချို့ နှင့် စစ်ကောင်စီက ဦးစီးကျင်းပမည့် ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံကိုသာ ပြန်လည်အသက် သွင်းပြီး စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲသွားလိမ့်မည် ဟူသည်ကို သိပါလျက်နှင့် ရွေးကောက်ပွဲ 3 Myanmar Now: စစ်ကောင်စီ ဗုံးကြဲမှုအပေါ် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ နှင့် ဆက်သွယ်မေးမြန်းချက်။ https://www.youtube.com/watch?v=8xtynN8ZmBo 4 ဖားကန့်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ထိတွေ့တိုက်ခိုက်မှု ဆိုင်ရာစည်းမျဉ်း (Rules of Engagement-ROE) အတိုင်းဆောင်ရွက်။ နေပြည်တော်၊ အောက်တိုဘာ - ၂၄။ http://www.dsinfo.org/node/5381?d=1 5 မင်းအောင်လှိုင်(ကြည့် - ၁၄၂၃၂/စတသ-၁၉)၊ စိုးဝင်း (ကြည့်း - ၁၆၄၈၉/စတသ-၂၂)၊ မောင်မောင်အေး (ကြည်း - ၁၈၁၃၁/စတသ-၂၅) - ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ထွန်းအောင် (လေ - ၁၉၈၂/ - ကာကွယ်ရေးဦးစီးချုပ် (လေ)၊ တေဇကျော် (ကြည်း - ၂၀၂၇၈/ဗသက-၇၃) - အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး။ ၀င်ရန်ပြင်ဆင်နေကြသည့် နိုင်ငံရေးပါတီများ၊ အဓိကအားဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီထံမှ အာဏာသိမ်း ကာ ဖွဲ့စည်းပေါ်ပေါက်လာသည့် ဝပြည်သွေးစည်း ညီညွတ်ရေးပါတီတို့သည်လည်း ယခုကဲ့သို့သော စစ်ကောင်စီက အလားတူဆန့်ကျင်ကျူးလွန်မှုမျိုးကို ပြောင်ပြောင်တင်းတင်းချို့ဖောက်နေမှုတွင် တာဝန်ရှိ ပါသည်။ ၇။ အဆိုပါအင်အားစုများအားလုံးသည် မိမိတို့၏ ရပ်တည်ချက်များကို ပြန်လည်သုံးသပ်ကာ ဥပဒေစိုးမိုးရေး အခြေခံကို အတိအကျကိုင်စွဲပြီး နိုင်ငံတကာအဆင့်ပြစ်မှုကြီးများ အဆက်မပြတ်ကျူးလွန် လျက်ရှိသော မင်းအောင်လှိုင်နှင့် ထိပ်ပိုင်းစစ်ခေါင်းဆောင်များအားဖမ်းဆီးပြီး နိုင်ငံတကာတရားရုံးများတွင် တင်သွင်း အရေးယူနိုင်ရေးအတွက် စုပေါင်းကြိုးပမ်းကြရန် တိုက်တွန်းအပ်ပါသည်။..."

Source/publisher: 

Legal Aid Network

Date of Publication: 

2022-10-25

Date of entry: 

2022-10-25

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Administrative areas of Burma/Myanmar: 

Kachin State

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

562.58 KB

Resource Type: 

text

Text quality: 

    • Good