CRPH Announcement No. 28/2021: ကြေညာချက် အမှတ် ( ၂၈/၂၀၂၁ )

Description: 

"ကြေညာချက် အမှတ် ( ၂၈/၂၀၂၁ ) =================== ၁၃၈၃ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် မေလ (၁၆)ရက်၊ ၂၀၂၁ခုနှစ်။ --------------------------- ၁။ ချင်းပြည်နယ် မင်းတပ်မြို့တွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်၏ အပြစ်မဲ့ အရပ်သား ပြည်သူလူထုနှင့် ကလေးသူငယ်များအပေါ် လူသားမဆန်စွာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များ အသုံးပြု၍ ပြင်းထန်စွာ တိုက်ခိုက်ဖြိုခွင်းမှုများအပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ ၂။ အာဏာသိမ်းစစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူလူထုနှင့် ကလေးသူငယ်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှု များသည် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်သဖြင့် ချက်ချင်းရပ်တန့်ရန်နှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန် သော ရာဇဝတ်ပြစ်မှုများအတွက်လည်း စစ်ကောင်စီက တာဝန်ခံရမည် ဖြစ်ကြောင်း ပြင်းထန်စွာသတိပေး လိုက်သည်။ ၃။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း အကြမ်းဖက်သတ်ဖြတ် တိုက်ခိုက်နေ သော အာဏာသိမ်း စစ်ကောင်စီကို ထိရောက်သော အရေးယူမှုများ အမြန်ဆုံးဆောင်ရွက်ရန် တိုက်တွန်းသည်။ ၄။ ပြည်သူလူထုမှ အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက် ပြုကျင့်မှုများကို လက်မခံနိုင်ပဲ ရရာလက်နက်စွဲ ကိုင် တော်လှန်နေသော မင်းတပ်ပြည်သူလူထု၏ ရဲစွမ်းသတ္တိနှင့် တွန်းလှန်နေမှုကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် အသိအမှတ်ပြု ဂုဏ်ပြုသည့်အပြင် ထိခိုက်ကျဆုံးခဲ့ရသော မင်းတပ်ပြည်သူလူထု နှင့် တစ်သားတည်း ဝမ်းနည်းခံစားရပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ် သောအကူအညီများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-05-16

Date of entry: 

2021-05-17

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Resource Type: 

text

Text quality: 

    • Good