ဒီပဲယင်းမြို့နယ်တွင် စာသင်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကလေးသူငယ်အများအပြား သေဆုံး၊ ဒဏ်ရာရမှုနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

Description: 

"၁။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ဒေသခံများ ဖွင့်လှစ်ထားသော ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ပညာသင်ကြားနေသည့် ကလေးသူငယ် ၆ ဦး သေဆုံးခဲ့ပြီး၊ ကလေးသူငယ်အများအပြား အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့သည်။ ၂။ လေကြောင်းတိုက်ခိုက်ပြီးနောက်တွင် အကြမ်းဖက်စစ်အုပ်စု၏ မြေပြင်တပ်ဖွဲ့ဝင်များသည် ထိခိုက်ဒဏ်ရာရခဲ့ကြသည့် ကလေးသူငယ်များအပါအဝင် ကျောင်းတွင်ပိတ်မိနေသော ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ ၂၀ ဦးခန့်ကို ဖမ်းဆီး၍ ရေဦးမြို့နယ်သို့ ပို့ဆောင်ခဲ့သည်ဟု သိရှိရပါသည်။ ၃။ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် လူမဆန်သည့်၊ ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနများမှ အပြင်းအထန် ရှုတ်ချသည်။ ဖမ်းဆီးထားသည့် ကလေးသူငယ်များနှင့် ဆရာ/ဆရာမများကို မည်သည့်အန္တရာယ်မှ ကျရောက်စေခြင်းမရှိပဲ အမြန်ဆုံးပြန်လွှတ်ရန် လိုအပ်သည်။ ၄။ အမျိုးသားညီညွတ်ရေးအစိုးရသည် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အသေးစိတ်မှတ်တမ်းတင်လျက် တရားမျှတမှုကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ဆောင်နိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ၅။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ကလေးသူငယ်များ၏ ပညာရေးအခွင့်အရေး (Right to Education) ကို ဆိုးရွားစွာ ချိုးဖောက်ရမှု၊ စာသင်ကျောင်းများကို ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှု ဖော်ဆောင်ရေးတွင် အားဖြည့်ပံ့ပိုးရန် တာဝန်ရှိသည်။..."

Source/publisher: 

Ministry of Education, Ministry of Women, Youths and Children Affairs and Ministry of Human Rights

Date of Publication: 

2022-09-18

Date of entry: 

2022-09-18

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

415.09 KB

Resource Type: 

text

Text quality: 

    • Good