INDIA ACT III, 1930 - The Sale of Goods Act - ကုန်စည်ရောင်းချခြင်းအက်ဥပဒေ

Description: 

''အဓိပ္ပာယ်ဖွင့်ဆိုချက်များ။ ၂။ ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားစပ်နှင့်ဖြစ်စေ၊ ဆန့်ကျင်ချက် တစ်စုံတစ်ရာ မရှိလျှင်- (၁) ဝယ်ယူသူ ဆိုသည်မှာကုန်စည်ဝယ်ယူသူသို့မဟုတ် ကုန်စည်ဝယ်ယူရန် သဘောတူ သူကို ဆိုသည်။ (၂) လက်ရောက်ပေးအပ်ခြင်း ဆိုသည်မှာ လက်ရှိထားခြင်းကို သူတစ်ဦးက အခြားသူ တစ်ဦးသို့ မိမိ အလိုအလျောက်လွှဲပြောင်းပေးခြင်းကိုဆိုသည်။ (၃) ကုန်စည်ကိုလက်ရောက်ပေးနိုင်သော အခြေအနေသို့ ရောက်ရှိသည် ဆိုခြင်းမှာ ဝယ်ယူသူက ပဋိညာဉ်အရလက်ခံရန် တာဝန်ကျရောက်သည့် အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်သည်။ (၄) ကုန်စည်ပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်း အထောက်အထား ဆိုသည့်စကားရပ် တွင် ကုန်တင် လက်မှတ်၊ ဆိပ်ကမ်းကုန်ရုံမှ ပစ္စည်းထုတ်ယူရန် ပိုင်ရှင်အား ပေးသည့် လက်မှတ်၊ ကုန်လှောင်ရုံပိုင် လက်မှတ်၊ ဆိပ်ခံတံတားပိုင်ရှင်များ လက်မှတ်၊ မီးရထား တန်ဆာ၊ ကုန်စည်လက်ရောက်ပေးအပ်ရန် လက်မှတ် သို့မဟုတ် အမိန့်စာ၊ ထို့ပြင် သာမန်အရောင်းအဝယ် လုပ်ရိုးလုပ်စဉ်၌ အသုံးပြုသော ကုန်စည် လက်ရှိဖြစ်ကြောင်း ကိုဖြစ်စေ၊ ကုန်စည်ကို စီမံအုပ်ချုပ် ကြောင်းကိုဖြစ်စေ၊ သက်သေထင်ရှားစေသည့် သို့မဟုတ် စာချုပ်စာတမ်း လက်မှတ်လက်ရှိဖြစ်သူအား အဆိုပါလက်မှတ်၌ ဖော်ပြသည့် ကုန်စည်ကို လွှဲပြောင်း ပေးရန် ဖြစ်စေ၊ လက်ခံရန်ဖြစ်စေ၊ တစ်ဆင့်ရေးမှတ်ချက်ဖြင့် သော်လည်းကောင်း၊ ပေးအပ်ခြင်းဖြင့် သော်လည်းကောင်း၊ အခွင့်အပ်နှင်းသည့် သို့မဟုတ် အခွင့် အပ်နှင်း ရာရောက်သည့် အခြားစာချုပ်စာတမ်း လက်မှတ် တစ်စုံ တစ်ရာလည်း ပါဝင်သည်။ (၅) ချို့ယွင်းချက် ဆိုသည်မှာ မတရားလုပ်ဆောင်မှု သို့မဟုတ် ပျက်ကွက်မှုကို ဆိုသည်။ (၆) အနာဂတ်ကုန်စည် ဆိုသည်မှာ အရောင်းပဋိညာဉ်ချုပ်ဆိုပြီးနောက် ရောင်းချသူက ကုန်ချောထုတ် လုပ်မည့် သို့မဟုတ် ကုန်ထုတ်လုပ်မည့် သို့မဟုတ် ရရှိမည့် ကုန်စည်ကို ဆိုသည်။ (၇) ကုန်စည် ဆိုသည်မှာ တရားစွဲဆိုတောင်းခံနိုင်သည့် ဆိုင်ရာဆိုင်ခွင့်နှင့် ငွေကြေးမှ တစ်ပါး အခြား ရွှေ့ပြောင်းနိုင်သော ပစ္စည်းအရပ်ရပ်တို့ကို ဆိုသည်။ ယင်း စကားရပ်တွင် စတော့နှင့်ရှယ်ယာများ၊ စိုက်ပျိုးထားသည့်သီးနှံများ၊ မြက်များနှင့် ရောင်းချခြင်း မပြုမီဖြစ်စေ၊ အရောင်းပဋိညာဉ်အရဖြစ်စေ၊ စီမံဆောင်ရွက်ရန် သဘောတူထားသည့် မြေ၌ စွဲကပ်ထားသော သို့မဟုတ် မြေ၏ အစိတ်အပိုင်း အဖြစ် တည်ရှိသော အရာဝတ္တုများလည်း ပါဝင်သည်။ (၈) လူမွဲခေါ် ကြွေးမြီပေးဆပ်ခြင်း မပြုနိုင်သူ ဆိုသည်မှာ သာမန်လုပ်ငန်းလုပ်ကိုင်ရာ ၌ မိမိ၏ ကြွေးမြီများပေးဆပ်ခြင်းမှ ရပ်စဲထားသူ သို့မဟုတ် လူမွဲအဖြစ် ကြွေးမြီ မပေးဆပ်နိုင်မှုကို ကျူးလွန်ခြင်းဖြင့်ဖြစ်စေ၊ မကျူးလွန်ဘဲဖြစ်စေ ပေးဆပ်ရန် အချိန်ကျရောက်သည့် ၎င်း၏ကြွေးမြီများကို ပေးဆပ်ခြင်း မပြုနိုင်သူကို ဆိုသည်။...''

Creator/author: 

Source/publisher: 

Government of Burma via " "Union Attorney General's Office" vol. 10

Date of Publication: 

1930-07-01

Date of entry: 

2019-01-05

Grouping: 

  • Individual Documents

Category: 

Geographic coverage: 

    • Myanmar

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

247.26 KB

Resource Type: 

text

Text quality: 

    • Good