Joint Statement on Attacks on Civilians in Karen State - Joint Statement on Attacks on Civilians in Karen State

Description: 

"We reiterate our condemnation of the serious human rights violations committed by the military regime across the country. The recent attacks on civilians in Karen State, including the shelling of villages, are a violation of International Humanitarian Law and must stop. The attacks have resulted in thousands of people being displaced, who are now in need of urgent humanitarian assistance. We call on the regime to immediately cease its indiscriminate attacks in Karen State and throughout the country, and to ensure the safety of all civilians in line with international law. We echo the UN Security Council’s Press Statement from 10 November, calling for full, safe and unhindered humanitarian access to all people in need, and for the full protection, safety and security of humanitarian and medical personnel....စစ်အာဏာရှင်၏ နိုင်ငံတစ်ဝန်း ကျူးလွန်ထားသော ပြင်းထန်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မိမိတို့ ရှုတ်ချကြောင်း ထပ်မံအသိပေးပြောကြားလိုသည်။ မကြာသေးမီက ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း အပါအဝင် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ပြီး ယင်းလုပ်ရပ်ကို ရပ်တန့်ရမည်ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသောပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး ယခုအခါ ၄င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသည်။ စစ်အာဏာရှင်အနေဖြင့် ကရင်ပြည်နယ်နှင့် နိုင်ငံတလွှားက အဆင်အခြင်မဲ့တိုက်ခိုက်ခံရမှုများ ချက်ချင်းရပ်တန့်ရန်နှင့် အရပ်သားပြည်သူအားလုံးကို နိုင်ငံတကာဥပဒေနှင့်အညီ ဘေးကင်းလုံခြုံစွာထားရှိရန် မိမိတို့ တောင်းဆိုသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ နိုဝင်ဘာလ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ အကူအညီလိုအပ်နေသည့် ပြည်သူအားလုံး လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အပြည့်အစုံကို ဘေးကင်းလုံခြုံပြီး အတားအဆီးအဟန့်အတားမရှိဘဲ လက်လှမ်းမီရရှိစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို အပြည့်အ၀ကာကွယ်စောင့်ရှောက်ပေးပြီး ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မိမိတို့ကလည်း ထပ်တူတောင်းဆိုလိုက်သည်။..."

Source/publisher: 

The Ambassadors, Chargés d’Affaires, and Heads of Mission from Australia, Canada, the Delegation of the EU and European Union Member States with presence in Myanmar: Czech Republic, Denmark, Finland, France, Germany, Italy, Netherlands, Spain, and Sweden;

Date of Publication: 

2021-12-24

Date of entry: 

2021-12-24

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

English, Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

16.04 KB

Resource Type: 

text

Text quality: 

    • Good