ချောက်မြို့၌ အသက်မပြည့်သေးသော ကလေးငယ်များကို တရားမဲ့ ဖမ်းဆီး နှိပ်စက်နေမှုနှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်ကြေညာခြင်း

Description: 

"၁။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ ညနေ(၅း၀၀)နာရီဝန်းကျင်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ ရွှေပုံတောင် စိမ်းလန်းစိုပြေရေး နယ်မြေ၌ အသက်မပြည့်သေးသည့် ကလေးငယ်များ ဖြစ်သော အခြေခံပညာ ကျောင်းသားအချို့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စာသားများ ပါဝင်သော စာရွက်များ ကပ်သည့် လှုပ်ရှားမှုတစ်ရပ်ကို ငြိမ်းချမ်းစွာ ပြုလုပ်စဉ်တွင် အကြမ်းဖက် စစ်အုပ်စု၏ အဓမ္မ ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။ ထို့နောက် ဖမ်းဆီးခံလိုက်ရသည့် ကလေးငယ်များကို အကြမ်းဖက် စစ်အုပ်စုက အကြမ်းဖက် နှိပ်စက်ပြီး အဆိုပါ ကလေးငယ်များ၏ သူငယ်ချင်း ကျောင်းသား/သူလေးများကိုပါ ဆက်လက်၍ အဓမ္မ ဖမ်းဆီးခဲ့ပါသည်။ ၂။ အဆိုပါ အဓမ္မ ဖမ်းဆီးခံခဲ့ရသော ကလေးငယ်များတွင် ခန့်မှန်းခြေအားဖြင့် အနည်းဆုံး အမျိုးသမီးငယ်လေး (၅)ဦးခန့် ပါဝင်ကြောင်းသိရှိရပြီး စုစုပေါင်း ကလေးငယ် (၂၀) ဦးခန့် ပါဝင်ကြောင်း သိရှိရပါသည်။ ၎င်းအသက်မပြည့်သေးသည့် ကလေးငယ်များကို အကြမ်းဖက် စစ်အုပ်စုက အမျိုးသား လိင်အင်္ဂါကို ဆေးလိပ်မီးဖြင့် ထိုး၍ အကြမ်းဖက် စစ်ဆေးခြင်း အပါအဝင် လူမဆန်သော ယုတ်မာရက်စက်သည့် စစ်ကြောနည်းမျိုးစုံဖြင့် စစ်ဆေးနေကြောင်းကိုလည်း ကြားသိရပါသည်။ ၃။ ထိုကဲ့သို့ အဓမ္မ ဖမ်းဆီးခံခဲ့ရသော ကလေးငယ်များသည် အဋ္ဌမတန်း၊ နဝမတန်း၊ ဒဿမတန်း၌ တက်ရောက်ပညာသင်ကြားနေကြသည့် အရွယ်မရောက်သေးသူများကြဖြစ်ပြီး ဖမ်းဆီး ခံရချိန်တွင်လည်း မည်သည့်လက်နက် တစ်စုံတစ်ရာ ကိုင်ဆောင်ထားခြင်းမျှမရှိဘဲ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စာရွက်ကပ်သည့် လှုပ်ရှားမှုကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။ ဖမ်းဆီးခံရသည့် ကလေးငယ်များမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းမွန်လှသည့် ကလေးငယ်များ ဖြစ်၍ ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် စစ်အုပ်စု၏ လူမဆန်စွာ ရုပ်ပိုင်း၊ စိတ်ပိုင်း ညှင်းပန်းနှိပ်စက်မှုများကြောင့် ၎င်းတို့၏ အသက်အန္တရာယ် ထိခိုက်နစ်နာမှုများ ခံရမည်ကို အလွန် စိုးရိမ်ရသည့် အခြေအနေတွင်ရှိပါသည်။ ၄။ ယခုကဲ့သို့ အသက်မပြည့်သေးသည့် ကလေးငယ်များကို အဓမ္မဖမ်းဆီးပြီး လူမဆန်စွာ အကြမ်းဖက် နှိပ်စက်နေမှုများသည် ကလေးသူငယ်အခွင့်အရေး၊ လူ့အခွင့်အရေးများကို အကြမ်းဖက် စစ်အုပ်စုက ထပ်မံ၍ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ခြင်း ဖြစ်၍ အဖမ်းဆီးခံရပြီးနောက်ပိုင်း အဖြစ်အပျက်အားလုံးကို အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တာဝန်ယူ/တာဝန်ခံရမည်ဖြစ်ကြောင်းနှင့် အဆိုပါ ကလေးငယ်များ အပါအဝင် ဖမ်းဆီးခံထားရသော ကျောင်းသားပြည်သူများ၏ လွတ်မြောက်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ကျွန်ုပ်တို့ မကွေးလူထုတိုက်ပွဲကော်မတီက ဆက်လက်၍ အားထုတ်ကြိုးစားသွားမည် ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။ ၅။ နွေဦးတော်လှန်ရေး၌ နိုင်ငံတစ်ဝန်း၌ ကျဆုံးခဲ့ရသော ပြည်သူများနှင့် ဖမ်းဆီးခံထားရသော ကျောင်းသား ပြည်သူများ၏ ထိခိုက်နစ်နာမှုများအပေါ် တရားမျှတမှုကို ပြန်လည်ရယူနိုင်ရေးအတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တော်လှန်ရေးကိစ္စများ၌ မိဘပြည်သူများကလည်း ပူးပေါင်း ဝန်းရံ ကူညီ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။..."

Source/publisher: 

Magway People's Revolution Committee

Date of Publication: 

2022-02-23

Date of entry: 

2022-02-23

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

553.82 KB

Resource Type: 

text

Text quality: 

    • Good