Description:
"၁။ အကြမ်းဖက် (စကစ) စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၏ ဇူလိုင် ၁ ရက်နေ့ရက်စွဲဖြင့် သဘောထားကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် လှိုက်လှဲစွာ ကြိုဆိုပါသည်။
၂။ ကလလတ ဗဟိုကော်မတီ၏ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်လိုက်သည့် ယခု ကြေညာချက်သည် လွယ်ကူစွာ ဆုံးဖြတ်ပြီး ထွက်ပေါ်လာသော ကြေညာချက်တခု မဟုတ်ကြောင်း မိမိတို့ အထူး သတိပြုမိသည်နှင့် တပြိုင်တည်းတွင် နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ရန် အရေးပါသည့် ဖြစ်ထွန်းတိုးတက်မှုတခုကို သမိုင်း၏တောင်းဆိုချက် အရ ဖော်ဆောင်ခြင်း ဖြစ်သည်ဟုလည်း လေးနက်စွာ ခံယူပါသည်။
၃။ ကရင်နီပြည်(ကယားပြည်နယ်) အတွင်း သံလွင်အရှေ့ဘက်ခြမ်းရှိ စစ်ရေးအချက်အခြာ နေရာများကို ကလလတနှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များ အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည့်အပေါ်လည်း မိမိတို့အနေဖြင့် အထူးပင် ဂုဏ်ယူပါသည်။
၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် နီးနီးကပ်ကပ် လက်တွဲပြီး တော်လှန်ရေးလုပ်ငန်းများကို ပူးတွဲလုပ်ဆောင် သွားရန် အဆင်သင့်ဖြစ်နေကြောင်း ကလလတ၏ ကြေညာချက်ပါ သဘောထားကြောင့် မိမိတို့ အထူးပင် အားတက်ရပါသည်။
၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း စစ်အာဏာရှင် စနစ်အမြစ်ဖြတ် ချေမှုန်းရေးအတွက် ကလလတ အပါအဝင် မဟာမိတ်အဖွဲ့အစည်းများ အားလုံးနှင့် ဆက်လက်၍ အခိုင်အမာ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း တည်ကြည် လေးနက်စွာ သန္နိဌာန်ပြုပါသည်။
၆။ စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ရန် မြန်မာနိုင်ငံရှိ လူမျိုးစု လက်နက်ကိုင် အဖွဲ့ အစည်းများအားလုံး ပူးပေါင်းပါဝင်ကြပါရန်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက တိုက်တွန်းပန်ကြားပါသည်။..."
Source/publisher:
Ministry of Foreign Affairs - Myanmar - NUG
Date of Publication:
2023-07-01
Date of entry:
2023-07-01
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
300.53 KB
Resource Type:
text
Text quality:
- Good