ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အပေါ် အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်ခဲ့မှုနှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာချက်

Description: 

"၁။ စစ်အာဏာရှင်များအား ဆန့်ကျင်တော်လှန်သူများဖြစ်ကြသည့် ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့အား သေဒဏ်စီရင်လိုက် ကြောင်း သတင်းထုတ်ပြန်ခဲ့မှုအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် များစွာ တုန်လှုပ်မိပြီး ၎င်းတို့၏ မိသားစုဝင်များ၊ မြန်မာပြည်သူလူထုတို့နှင့်အတူ များစွာ ဝမ်းနည်းကြေကွဲရပါသည်။ ၂။ လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ခေါင်းဆောင်သည့် အကြမ်းဖက်စစ်တပ် သည် နိုင်ငံတော်၏ အာဏာအား လက်နက်အားကိုးဖြင့် ဥပဒေမဲ့ လုယူထားသော တရားမဝင် အကြမ်းဖက်အုပ်စုသာ ဖြစ်ပါသည်။ ၎င်းတို့သည် ပြည်သူလူထု၏ အခွန်ဘဏ္ဍာဖြင့် ဝယ်ယူ ထားသည့် လက်နက်အားကိုးဖြင့် မြန်မာပြည်သူများအပေါ်၌ ယင်းကဲ့သို့ လူမဆန်သော ဖိနှိပ် သတ်ဖြတ်မှုများကို အစဉ်တစ်စိုက် လုပ်ဆောင်နေလျက်ရှိသည်။ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ဒီမိုကရေစီအား ထိန်းသိမ်းကာကွယ်ရန် စစ်အာဏာရှင်များအား ဆန့်ကျင်တိုက်ပွဲ ဝင်နေကြသည့် မြန်မာပြည်သူများအား ထိရောက်စွာ အားပေးထောက်ခံရန်နှင့် ပံ့ပိုးကူညီ ပေးရန်လည်း အထူးလိုအပ်ပါသည်။ ၃။ ထို့ပြင် ဥပဒေမဲ့ အာဏာလုယူထားသည့် အကြမ်းဖက်လူသတ်စစ်အုပ်စုအား သက်ဆိုးရှည်စေမည့် မည်သို့သော ပူးပေါင်းဆောင်ရွက်မှုမျိုးမျှ လက်တွဲလုပ်ဆောင်ခြင်းမပြုဘဲ ပိုမိုထိရောက်သော သံတမန်ရေး၊ စီးပွားရေး ဖိအားပေးမှုတို့ကို တိုးမြှင့်လုပ်ဆောင်သွားရန် အထူးတိုက်တွန်းအပ်ပါသည်။ နိုင်ငံတကာအသိုက်အဝန်း၏ တုံ့ပြန်ဆောင်ရွက်ချက်တို့သည် မြန်မာပြည်သူတို့၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မည်ဖြစ်ပြီး ယင်းသည် ကမ္ဘာ့ နိုင်ငံများက ဒီမိုကရေစီအား မည်မျှ တန်ဖိုးထားသည်ကိုလည်း သက်သေပြခြင်းပင် ဖြစ်ပါသည်။ ၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် ဒီမိုကရေစီအား ကာကွယ်ရန် ကြိုးပမ်းသူများအပေါ် အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်ခဲ့မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ခေါင်းဆောင်သည့် အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်ခဲ့ သည့် ရာဇဝတ်မှုများအတွက် အပြစ်ပေးအရေးယူဆောင်ရွက်နိုင်ရေး မြန်မာပြည်သူလူထုနှင့် အတူ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-07-25

Date of entry: 

2022-07-25

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

392.7 KB

Resource Type: 

text

Text quality: 

    • Good