ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် စပ်လျဉ်း၍ တရားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်

Description: 

"၂၀၂၃ ခုနစ်၊ ဧပြီလ ၁၁ ရက်၊ မနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူ မြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာ၌ အရပ်သားပြည်သူများ စုဝေးနေချိန် အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူများ အစုအလိုက်အပြုံလိုက် သေဆုံးမှုနှင့်၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်းဖြစ်ရပ်နှင့် စပ်လျဉ်း၍ အသက်ဆုံးရှုံးသွားကြသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ အတွက် ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန အနေဖြင့် များစွာ စိတ်ထိခိုက် ဝမ်းနည်းကြေကွဲရပါသည်။ ယခုဖြစ်ရပ်မှာ အကြမ်းဖက်စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ မြန်မာပြည်သူ၊ ပြည်သား များအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ ခြင်းဖြစ်သည်။ တရားရေးဝန်ကြီးဌာနအနေဖြင့် ယခု ကျူးလွန်သည့်ကိစ္စ၌ ပါဝင် ပတ်သက်သူ၊ ကျူးလွန်သူများ အားလုံးတို့အား စုံစမ်းဖော်ထုတ်၍ ထိုက်သင့်သည့် ပြစ်ဒဏ်များ မလွဲမသွေ ကျခံစေရန်နှင့် ထိခိုက်နစ်နာမှုများအတွက် တရားမျှတမှု ရရှိနိုင်စေရန် စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန် ကြေညာလိုက်သည်။..."

Source/publisher: 

Ministry of Justice - NUG

Date of Publication: 

2023-04-11

Date of entry: 

2023-04-11

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

120.23 KB

Resource Type: 

text

Text quality: 

    • Good