ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တည်ထောင်ခြင်း (၆၆) နှစ်ပြည့်အထိမ်းအမှတ်သို့ ပေးပို့သော သဝဏ်လွှာ

Description: 

"၁။ ယနေ့ ကျရောက်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တည်ထောင်ခြင်း (၆၆)နှစ်ပြည့်‌နေ့တွင် ကရင်နီအမျိုးသားတရပ်လုံး ဘေးရန်ကင်းကွာရှိကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ၂။ ၁၉၄၈ ခုနှစ်တွင် ကရင်နီပြည်၏ သီးခြားလွတ်လပ်မှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်များကို ကာကွယ်ရန် ကရင်နီအမျိုးသားခုခံတော်လှန်ရေးကို စတင်ခဲ့ပြီး ၁၉၅၇ ခုနှစ်၊ မေလ (၂) ရက်နေ့တွင် နိုင်ငံရေးဦးဆောင်မှုပေးနိုင်ရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကို ကရင်နီပြည်၊ လိုပွာခရိုင်၊ ပိုဝေါ်မြို့နယ်၊ ဟီလူ (ကသိုးခီး)ရွာတွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၃။ (၆၆) နှစ်တာ ကာလအတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ဦးဆောင်မှုအောက်တွင် ကရင်နီအမျိုးသားတရပ်လုံးသည် တော်လှန်ရေးလှိုင်းတံပိုးများကို ကြံ့ကြံ့ခံလျက် အာဏာရှင်အား မဆုတ်မနစ် ခုခံတွန်းလှန်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အကြမ်းဖက်စစ်တပ်မှ မတရား အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ကရင်နီအမျိုးသားခုခံတော်လှန်ရေးသည် နိုင်ငံရေး၊ စစ်ရေး အရှိန်အဟုန်မြင့်မားစွာဖြင့် ဆက်လက် ချီတက်လျက်ရှိသည်။ ၄။ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်သည် ကရင်နီပြည်အား အဆမတန် သာလွန် အင်အားဖြင့် အလုံးအရင်း ထိုးစစ်ဆင်လျက်ရှိပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကရင်နီအမျိုးသားတရပ်လုံးသည် သတ္တိဂုဏ်ရောင် ပြောင်စွာ ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်လျက် ရှိသည်။ ၅။ ကရင်နီအမျိုးသားခုခံတော်လှန်ရေးတလျှောက် အသက်၊အိုးအိမ်၊စည်းစိမ်များစွာ စွန့်လွှတ် ပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့သော ကရင်နီအမျိုးသား အာဇာနည်သူရဲကောင်းများ အားလုံးကိုလည်း မမေ့မလျော့ ဦးညွှတ်ဂုဏ်အပ်ပြုပါသည်။ ၆။ နှစ်ကာလများစွာ ပြည်သူအားဖိနှိပ်ဗိုလ်ကျလာသည့် ဘုံရန်သူအကြမ်းဖက်စစ်တပ်နှင့် စစ်အာဏာရှင်စနစ်အား အပြီးတိုင်ဖယ်ရှားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် တရားမျှတမှု များကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို တည်ထောင်နိုင်ရန် အတူတကွ လက်တွဲ ရုန်းကန်ကြိုးစားကြမည်ဟု တော်လှန်ရေးသန္နိဌာန်ပြုလျက် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အနေဖြင့် ကရင်နီအမျိုးသားထု တရပ်လုံး၏ မျှော်မှန်းချက်များကို ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ယနေ့ ၂၀၂၃ ခုနှစ် မေလ (၂) ရက်နေ့တွင် ကျရောက်သော (၆၆) နှစ်ပြည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တည်ထောင်ခြင်း အထိမ်းအမှတ်နေ့သို့ ဤသဝဏ်လွှာကို ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2023-05-02

Date of entry: 

2023-05-02

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

259.42 KB

Resource Type: 

text

Text quality: 

    • Good