မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် “No-Fly Zone” သတ်မှတ်ပေးရန်တောင်းဆိုခြင်း

Description: 

"မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ၌ အကြမ်းဖက်စစ်တပ်မှ ဒီမိုက‌ရေစီအစိုးရကို ဖြုတ်ချအာဏာသိမ်းယူခဲ့ပါသည်။ ပြည်သူများတခဲနက်ဆန့်ကျင်ဆန္ဒပြမှုများကိုလည်း အကြမ်းဖက်စစ်တပ်မှ ရက်စက်စွာအကြမ်းဖက်ဖြိုခွင်းခဲ့၍ လူပေါင်းများစွာဒဏ်ရာရအသက်ဆုံးရှုံးခဲ့ပါသည်။ ယခုလက်ရှိတွင် မြန်မာပြည်သူများသည် နိုင်ငံအနှံအပြားတွင် နှစ်ပေါင်း(၇၀)ကျော်ကြာ လက်နက်အားကိုးဖြင့် အကြမ်းဖက်အုပ်ချုပ်ခဲ့သောစစ်တပ်‌အား မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ဖြင့် တော်လှန်နေကြရပါသည်။ နှစ်ပေါင်းများစွာဖိနှိပ်အနိုင်ကျင့်မှုကိုတွန်းလှန်နေသော တိုင်းရင်းသားအဖွဲ့အစည်းများမှလည်း တော်လှန်ရေးတွင် ပူးပေါင်းကူညီပါဝင်နေကြပြီဖြစ်ပါသည်။ လက်ရှိတွင်လည်း အကြမ်းဖက်စစ်တပ်သည် နိုင်ငံအနှံ့ရှိရွာများ၊ မြို့များတွင် အပြစ်မဲ့ပြည်သူများကို မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ စစ်သုံ့ပန်းအဖြစ်အသုံးချခြင်း၊ လူသားတံတိုင်းပြုလုပ်ခြင်း၊ ပြည်သူ့ပိုင်ဆိုင်မှုများ ခိုးယူဖျက်စီးခြင်း၊ ရွာလုံးကျွတ်မြို့လုံးကျွတ်မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူအုပ်စုလိုက်အား နှိပ်စက်သတ်ဖြတ်မြေမြှုပ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကိုအဓမ္မပြုကျင့်ခြင်း စသည့် ဆိုးဝါးပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိပါသည်။ ထို့ပြင် နိုင်ငံအနှံ့အပြားတွင်လည်း အကြမ်းဖက်စစ်တပ်သည် အပြစ်မဲ့ပြည်သူများနေထိုင်သည့်နေရာများကို ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခြင်းများကိုလည်း ဆက်တိုက်ပြုလုပ်နေပါသည်။ယမန်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်တို့တွင် အကြမ်းဖက်စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူများအပေါ် ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ပြုလုပ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်တပ်သည် အပြစ်မဲ့ပြည်သူများအပေါ် သတ်ဖြတ်မှု၊ ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ မပြုလုပ်နိုင်စေရန်အတွက် အောက်ပါအချက်များအား ထောက်ခံတောင်းဆိုပါသည်။ ၁။ ဒီဇင်ဘာ(၂၀)ရက်နေ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်ကြေငြာချက်အား ကျွန်ုပ်တို့ကျောင်းသားသမဂ္ဂများမှ ထောက်ခံပါသည်။ တောင်းဆိုချက်(ခ)ပါအချက်အား လည်း ကုလသမဂ္ဂအဖွဲ့ချုပ်မှ အမြန်ဆုံးဆောင်ရွက်ပေးရန် တောင်းဆိုပါသည်။ ၂။ ‌ယခုအချိန်တွင် မြန်မာတစ်နိုင်ငံလုံးနီးပါး စစ်တပ်၏ အကြမ်းဖက်ထိုးစစ်ဆင်မှုများတွင် လေကြောင်းတိုက်ခိုက်မှုများအလွန်အသုံးပြု‌​ေသာကြောင့် အပြစ်မဲ့ပြည်သူများစွာ အသက်ဆုံးရှုံးခြင်း၊ စစ်ဘေးဒုက္ခရောက်ခြင်းတို့ ခံစားနေရပါသည်။ ထို့အပြင် ပြည်သူ့အိုးအိမ်များစွာ အဖျက်ဆီးခံရပါသည်။ သို့ဖြစ်ပါ၍ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စစ်ဘက်ဆိုင်ရာလေကြောင်းပျံသန်းမှုကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန် တောင်းဆိုအပ်ပါသည်။..."

Source/publisher: 

227 Students' Unions in Myanmar

Date of Publication: 

2021-12-24

Date of entry: 

2021-12-25

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

1.98 MB

Resource Type: 

text

Text quality: 

    • Good