National Unity Government: Announcement No.4/2021 - အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ် (၄/၂၀၂၁)

Description: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ www.nugmyanmar.org ကြေညာချက်အမှတ် (၄/၂၀၂၁) ၈ ဇွန် ၂၀၂၁ခုနှစ် “ Non-CDM များနှင့်ပတ်သက်သော သဘောထားကြေညာချက်” အမျိုးသားညီညွတ်ရေးအစိုးရသည် တိုင်းပြည်ကို မတရားဖိနှိပ်ချုပ်ချယ်အုပ်ချုပ်နေသော အကြမ်းဖက် စစ်ကောင်စီအစိုးရအား တရားသောနည်းလမ်းဖြင့် အမြစ်ပြတ်ချေမှုန်း တိုက်ထုတ်သွားရန် ပြည်သူထံသို့ သစ္စာအဓိဌာန် ချပြီးဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူတို့ မျှော်လင့်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်သူတို့နှင့်လက်တွဲကာ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ယနေ့ဖြစ်ပေါ်နေသော ပြည်သူများ၏ နွေဦးတော်လှန်ရေးသည် တိုင်းပြည်ကို အကြမ်းဖက် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး ဝိုင်းဝန်းကြိုးပမ်းနေကြသည့် ပြည်သူဦးဆောင်သော တိုက်ပွဲလည်း ဖြစ်ပါသည်။ ထိုနွေဦးတော်လှန်ရေး၏ အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်သော Civil Disobedience Movement (CDM) - အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုများသည် အကြမ်းဖက် စစ်အာဏာရှင်တို့၏ မတရားအုပ်ချုပ်ရေး ယန္တရားကို လည်ပတ်နိုင်ခြင်းမရှိအောင် စွမ်းဆောင်ထားနိုင်ပြီး ကမ္ဘာကပါ ချီးကျူးဂုဏ်ပြုရသည့် လှုပ်ရှားမှုဖြစ်သည်မှာ ထင်ရှားပါသည်။ ထို့အတွက်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် Civil Disobedience Movement (CDM) - အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားနေကြသော တော်လှန်ရေးသူရဲကောင်းများအား ဤနေရာမှ လေးစားစွာ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။ အကြမ်းဖက် စစ်ကောင်စီက အကြမ်းမဖက် အာဏာဖီဆန်ရေး တိုက်ပွဲဝင်နေကြသော သူရဲကောင်းများကို လူမဆန်သောနည်းမျိုးစုံဖြင့် ယုတ်မာရက်စက်၊ ဖိနှိပ်ချုပ်ချယ်၊ ခြိမ်းခြောက်၊ နှိပ်စက်၊ ဖမ်းဆီးမှုများကို နည်းမျိုးစုံသုံးကာ ဖြိုခွင်းလျက်ရှိသလို ၎င်းတို့၏ အလိုတော်ရိ အထက်အရာရှိ Non-CDM အချို့ကလဲ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်အကြပ်ကိုင်လျက်ရှိသည်ကိုတွေ့ရပါသည်။ သို့သော်လည်း နိုင်ငံတော်၏ အရေး၊ ပြည်သူပြည်သားများ၏ အရေးကို ရှေးရှုကာ မြန်မာပြည်သား ပြည်ထောင်စုဖွားအားလုံးက ဆက်လက်၍ စိတ်ဓာတ်ခိုင်ခိုင်မာမာဖြင့် CDM လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်ကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ခြိမ်းခြောက်အကြပ်ကိုင်သော စစ်အာဏာရှင် အလိုတော်ရိများအား အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တရားဉပဒေနှင့်အညီ ထိုက်သင့်သော အပြစ်ဒဏ်များကို ပေးသွားမည်ဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကိုယ်တိုင်က CDM ပြုလုပ်ခြင်းမရှိသည့်အပြင် CDM ပြုလုပ်သူများအား အနိုင့်အထက်ပြု ခြိမ်းခြောက်အကြပ်ကိုင်လျက်ရှိသော ဝန်ထမ်းဆိုးများကို စနစ်တကျ စာရင်းပြုစုလျက်ရှိသလို၊ Non-CDM များ၊ CDM များ ၏ စာရင်းများကို CDM ပြုလုပ်သည့် အချိန်ကာလပေါ်မူတည်၍ အဆင့်များခွဲခြားကာ စနစ်တကျ စာရင်းပြုစုလျက်ရှိပြီး စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်သည့်အချိန်တွင် အဆိုပါ စာရင်းများအပေါ်မူတည်၍ တရားသော စီရင်ဆောင်ရွက်မှုများကို တိကျစွာဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် CDM ၏ အဓိပ္ပါယ်ကို ဖော်ဆောင်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေး လုပ်ငန်းများကိုသာ စဉ်ဆက်မပြတ် အားပေးထောက်ခံခဲ့ပါသည်။ ထို့အပြင် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပြည်သူများအား မတရားဖိနှိပ်ချုပ်ချယ်၍ လက်နက်အားကိုး အနိုင်ကျင့်နှိပ်စက်နေသော အကြမ်းဖက် စစ်အာဏာရှင်များ ၏တရားမဲ့ပြုကျင့်မှုများအတွက် မိမိကိုယ်ကို ကာကွယ်နိုင်ခွင့်ရှိသည့် ဉပဒေကိုလည်း ပြဌာန်းပေးခဲ့ပြီးဖြစ်ပါသည်။ မသမာသူလူတစ်စုက ပြည်သူလူထုအား ထင်ရောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ပုံဖျက်၍ အကြမ်းဖက် မှုများ လှုပ်ဆောင်နေသည်ကို တွေ့ရှိနေရပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဉပဒေမဲ့ မည်သည့် အကြမ်းဖက် လုပ်ဆောင်မှု မျိုးကိုမှ အားပေး အားမြှောက် ကူညီလှုံ့ဆော်ခြင်း ပြုလုပ်မည်မဟုတ်ပါ။ အမျိုးသားညီညွတ်ရေးအစိုးရ သည် ထိုလုပ်ရပ်များကို ပြင်းပြင်းထန်ထန် ရှုံ့ချကန့်ကွက်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခိုင်မာသော ရပ်တည်ချက် (၂) ခုဖြစ်သည့် တရားဉပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ ရဲဝံ့သော အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ငန်းကိုသာ ဆက်လက်ထောက်ခံ သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2021-06-08

Date of entry: 

2021-06-08

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

646.37 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: