National Unity Government Statement No.25/2022 - အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ်(၂၅/၂၀၂၂)

Sub-title: 

အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် ကျေးလက်၊မြို့ပြနေ ပြည်သူများ၏ နေအိမ်များဖျက်ဆီး၍ မြေယာများလုယူနေခြင်းနှင့် စပ်လျဉ်း၍ အထူးသတိပေးတားမြစ်ခြင်း

Description: 

"၁။ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို လက်နက်အားကိုး၊လုယူပြီးနောက် ကျေးလက်နေ ပြည်သူပိုင်နေအိမ်များ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းပြုလုပ်နေရုံသာမက၊ မြို့ပြနေ ပြည်သူများ၏ နေအိမ်များကိုပါ အတင်းအဓမ္မ ဖျက်ဆီး၍ မြို့ပြမြေယာများအား အဓမ္မလုယက်လျက်ရှိသည်။ ၂။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပါအဝင် မြို့ကြီးအချို့တွင် အကြမ်းဖက်စစ်အုပ်စုက မြို့ပြနေ အခြေခံလူတန်းစားများ၏ နေအိမ်များအား အတင်းအဓမ္မ ဖြိုဖျက်ကာ မြေယာလုယက်မှုများကျူးလွန်လျက်ရှိရာတွင် မင်္ဂလာဒုံမြို့နယ်ရှိ ရပ်ကွက် ၅ ခုမှ အိမ်ခြေပေါင်း ၁ သောင်းကျော်၊ လူဦးရေ ၅ သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သကဲ့သို့ မရမ်းကုန်းမြို့နယ်တွင် အိမ်ထောင်စုပေါင်း ၁၀၀ ကျော်၊ မန္တလေးမြို့တွင် အိမ်ထောင်စုပေါင်းများစွာ အား အိမ်မဲ့ရာမဲ့ဘ၀သို့ ရောက်စေခဲ့သည်။ ၃။ ကိုဗစ်ကူးစက်ရောဂါနှင့် နိုင်ငံတော်အာဏာလုယူမှုကြောင့် လူမှုဒုက္ခအ၀၀ကို ခံစားနေကြရသည့် အခြေခံပြည်သူများ၏ ဘ၀ကို စာနာနားလည်မှုမရှိ၊ ဖေးမကူညီမှုမရှိဘဲ ၎င်းတို့၏ ကျောတခင်းစာ နေရာများကို ဖျက်စီးခြင်း၊ ပြည်သူများ၏ အသိုက်အမြုံအားဖျက်စီးခြင်း၊ ၎င်းတို့၏ မြေယာများကို လုယူခြင်းသည် အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ယုတ်မာရက်စက်မှုကို ထပ်လောင်း အတည်ပြုပေးနေသည်။ ထိုသို့ ရက်စက်ယုတ်မာခြင်းသည် အခြေခံလူ့ကျင့်ဝတ်ကို ချိုးဖောက်ခြင်းဖြစ်သည်သာမက နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်များပါ လူတိုင်း လုံလောက်သော အိမ်ရာ၊ စားနပ်ရိက္ခာ နှင့် အခြေခံဝန်ဆောင်မှုများ ရရှိခွင့်ကိုလည်း ပြောင်ပြောင် တင်းတင်း ချိုးဖောက်လျက်ရှိနေသည်။ ၄။ ထို့အပြင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ စစ်ဘေးရှောင်ကာ လူအစုအလိုက်အပြုံလိုက် ရွေ့ပြောင်းစေခြင်းများဖြင့် ကျေးလက်နေပြည်သူများကို တော်လှန်ရေးနှင့် ကင်းကွာစေရန် အကြောက်တရားနှင့် ခြိမ်းခြောက်ကျူးလွန်နေသကဲ့သို့ မြို့ပြနေ ပြည်သူများ၏ အိုးအိမ်များ ဖျက်ဆီးခြင်းဖြင့် မြို့ပြများကို ပိုမိုကျပ်တည်းခက်ခဲစေကာ ပြည်သူ့တော်လှန်ရေးအပေါ် အားပျော့ လာစေရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ ၅။ အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းလက်အောက်ရှိ စည်ပင်သာယာရေးကော်မတီအပါအဝင် ဝန်ထမ်းများနှင့် ၎င်းစစ်ကောင်စီ၏ အပေါင်းပါများအနေဖြင့် ယခုကဲ့သို့ မြို့ပြနေပြည်သူလူထု၏ နေအိမ်များကို အတင်းအဓမ္မဖျက်စီးခြင်း၊ မြေယာများအား လုယက်ခြင်းများကို ချက်ချင်းရပ်ဆိုင်းရန်၊ ပြည်သူလူထု၏ နေအိမ်များ ဖျက်စီးခြင်းကို ဆက်လက်မပြုလုပ်ရန် ပြင်းထန်စွာသတိပေး တားမြစ်လိုက်သည်။ တားမြစ်ချက်ကို မလိုက်နာဘဲ ဆက်လက်ကျူးလွန်နေပါက အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပါဝင်ပတ်သက်သူများ၊ အဖွဲ့အစည်းများအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် နစ်နာဆုံးရှုံးခဲ့သည့် ပြည်သူတစ်ဦးချင်းဆီအတွက် တရားမျှတမှုနှင့် ပြန်လည်တည်ထောင်ရေး လုပ်ငန်းစဉ်များကို မဖြစ်မနေအာမခံဖော်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2022-12-10

Date of entry: 

2022-12-10

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

475.81 KB

Resource Type: 

text

Text quality: 

    • Good